ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။

Saturday, March 31, 2012

Facebook အကောင့်ဖျက်နည်း

ကိုယ်မသုံးချင်တော့တဲ့  Facebook အကောင့်ကို တခါတည်း အပြီးဖျက်ချင်သူတွေအတွက် Facebook အကောင့်ဖျက်နည်းလေးတင်ပေးလိုက်ပါတယ်...။
            Facebook အကောင့်ဖျက်တော့မယ်ဆိုရင် အရင်ဆုံး  ဒီမှာနှိပ်ပါ  ....။
မိမိဖျက်ချင်တဲ့   Facebook အကောင့်နဲ့   Log in လုပ်ပါ..





ပြီးရင်ခုလိုပုံပေါ်လာပါလိမ့်မယ်..




ပြီးရင် Delete my account  ကိုကလစ်ပေးလိုက်ပါ...
နောက်ထပ်ပေါ်လာတဲ့အထဲမှာ  ကိုယ့်ရဲ့ facebook password နဲ့  ပေးထားတဲ့ စာလိမ်လေးကို ဖြည့်ပြီးရင်
OK သာ နှိပ်လိုက်ပါ..။ သင့်ရဲ့ facebook အကောင့်လုံးဝကိုပျက်သွားမှာပါ..
   အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်........

Flash သီချင်းများပါ.............. အားလုံးနားသောတ ဆင်နိုင်ကြပါစေ

ချစ်တယ်..အလွမ်းသင့်ပန်းချီအွန်လိုင်းချစ်သူမလေးသီချင်းလေးပါ..အချစ်ကွန်ယက်လက်ခံပေးပါ (မျိုးကြီး)မီးအိမ်ရှင် ၂မီးအိမ်ရှင်...အချစ်မျက်ဝန်းသူငယ်ချင်းနေရာတိုင်းမှာအပြည်ပြည်ဆိုင်ရာ အသဲကွဲသောနေ့ အမြဲတမ်းယုံကြည်တယ်  ... ပြန်လာပါကွယ်..  

အချစ်များသူဆီင်္မှာ    ညို့နိုင်လွန်းတဲ့ သူ   ဒီဇင်ဘာည   လေလွင့် လူ   ကောင်မလေး
အင်ဒိုနီးရှား ဘာသာပြန်သီချင်းလေးပါ   ငါ့ရဲ့လမင်း    မြန်မာ မလေး  တောင်းပန်ပါတယ်
ဆက်ခက်တင်ပြပေးသွားပါမည်...

Tuesday, March 27, 2012

easy Password Hacking Gmail And Yahoomail ပါတ်ဝက်ရှာတဲ့ ဆော့ဝဲလေးပါ

မကောင်းမှုကို အားပေးတာတော့ မဟုတ်ဘူးပေါ့ဗျာ သူငယ်ချင်းတွေအားလုံးတည်းစိတ်ဝင်စားနေလို့ပါ။
ဘာပဲဖြစ်ဖြစ်လုပ်ဖူးတယ်ရှိအောင်လို့ပေါ့..သူများကိုတော့ ဒုက္ခမရောက်စေချင်ဘူးဗျာ..။
ဗွီဒီယိုလေးကိုအရင်ကြည့်လိုက်ပါအုံး..။ ဒီမှာကြည့်ပါ   အထင်တော့မသေးလိုက်နဲ့နော် အရမ်းမိုက်ပါတယ်..ဗွီဒီယိုကိုအရင်ကြည့်ပြီမှ လုပ်ပုံလုပ်နည်းကိုသိမှာပါ....
နည်းပညာဆိုတာ လေ့လာလိုက်စားမှတက်တာလေ..အဲလိုမဟုတ်ပဲ နေ့တိုင်းချက်တင်ထိုင်လိုက် စကားပြောလိုက်လုပ်နေလို့ မကောင်းအရည်မရ အဖက်မရနဲ့ ပိုက်ဆံကုတ်တာပဲအဖက်တင်တယ်နော်..ဟုတ်တယ်ဟုတ်..ကဲပြောနေတာ ကြာတယ် လုပ်လိုက်ကြရအောင်ဗျာ............................။။။။အောက်မှာ သူရဲ့  DOWNLOAD လင်လေးပါ..
ဒီမှာ   ယူပါ...။။။
             အားလုံးအဆင်ပြေကြပါစေ..
                 အော်မ့နေလို့ အမှားတစ်ခုခုပါသွားရင်တော့ ကျနော့်ကိုအပြစ်မပြောနဲ့နော်.. ဗွီဒီယိုကိုတော့အရင်ကြည့်ပေါ့.အဲဒါဆိုမမှားပါဘူး...
                                                                                     ခင်မင်လျက်ပါ......ဟီးးးးးးးးးးးးးးးးးးးးးးး။။။

Saturday, March 24, 2012

အောင်မြင်ခြင်းဆိုသည်မှာ အဘယ်သို့သော အရာနည်း

      သူဌေးသူကြွယ်ဖြစ်ခြင်းကို အောင်နြင်ခြင်းဟူ၍ မဆိုလို ။ ဖြောင့်မှန်တရားလျက် အပြစ်ကင်းသော အလိုဆန္ဒတို့မှ ထိုက်သင့်အားလျှော်စွာ  ပြည့်စုံ၍ စိတ်၏ချမ်းမြေ့ခြင်းကို ရရှိခြင်းသည်   အောင်မြင်ခြင်းဖြစ်လေသည်။
        သို့သော်လည်း လောက၌ လူသတ္တဝါတို့၏ လောဘသည်ဘယ်သောအခါမှ အဆုံးသတ်သည်မရှိသဖြင့် အလိုရမ္မာက်လောဘကို အလိုမလိုက်ဘဲ သင့်တင့်စွာ နှလုံးသွင်းပြီးလျှင်  လောဘကို အတိုင်းအရှည်အားဖြင့် သတ်မှတ်၍ ထားမှသာလျှင် အောင်မြင်ချမ်းမြေ့ခြင်း   ဖြစ်နိုင်လေသည်။

        သတ်မှတ်ခြင်းမရှိအဆုံးမမြင်သောလောဘကိုကား စိတ်၏  တန်ခိုးသတ္တိသည်   အဘယ်မျှပင်   ကြီးမားစေကာမူပြည့်ဝအောင်ပြုခြင်းငှာစွမ်းဆောင်နိုင်မည်မဟုတ်ချေ။
       အချို့သောသုတို့သည် အောင်မြင်ခြင်း၏နည်းလမ်း  လုပ်ငန်း၌စိတ်အားထက်သန်ခြင်း ၊ စိတ်တန်ခိုးကြီးမားခြင်းကို  ဖြစ်စေရန် သင်ပြရေးသားကြလေသည် ။ ထိုနည်လမ်းမျိုးသည် လုံးလုံးကြီးမမှန်လှချေ။ အကြောင်းကိုဆိုသော်  အောင်မြင်အထမြောက်လိုသော  သူ၏စိတ်၌  ဆန္ဒသည်ရှိ၏။ ထိုဆန္ဒသည်စိတ်ထဲ၌ အကောင်အထည် ပေါ်ပေါက်လျက် တရားသဖြင့်အပြစ်ကင်းသော ဆန္ဒဖြစ်ချေကအားစိုက်ကာ စိတ်တန်ခိုးကိုအထူးသဖြင့် နှိုးဖို့မလိုချေ။
       ဆွေမျိုးဉာတိ လူသတ္တဝါ  အချင်းချင်းတို့၏ အပေါ်၌  ကောင်းမြတ်သောစိတ်ထားကိုကာ အကျိုးကိုဆာင်ရန် စိတ်ရင်းကိုထားချေက ကောင်းမြတ်သောအကျိုးကိုမိမိမှာ ခံစားရမည်မလွဲ  ဖြစ်လေသည်။
      လူသတ္တဝါဟူသမျှတို့မှာ  တစ်ယောက်ကိုတစ်ယောက်  ရိုင်းစိုင်းကူညီရန် ဝတ္တရားရှိလေသည် ။ ထိုတာဝန်ဝတ္တရားမပျက်ချေက  ထိုတာဝန်ကိုအောင်မြင်ရခြင်း၏  မွန်မြတ်သော အဖိုးအခကို ဧကန်ပင်  ခံစားရဖို့ရှိလေသည်။
       ထိုကဲ့သို့ သတ္တဝါအချင်းချင်း၏ အကျိုးကို ဆောင်ရွက်လုပ်ကိုင်ရခြင်းမှာလည်း ထူးချွန်ကြီးမားသော ရှာဖွေလုပ်ကိုင်ခြင်း၌ အလုပ်ကိုကောင်းအောင်  သေဘာထားခြင်းသည် မိမိဝတ္တရား ကျေပွန်ခြင်းဖြစ်လေသည်။
       အကြောင်းမူကား လူသတ္တဝါတို့အတူတကွ စုဝေးနေထိုင်နိုင်ကြခြင်းသည် အသီးသီး  မိမိတို့၏အလုပ်ကို ကောင်စွာ လုပ်ကိုင်ကြရန် ဖြစ်လေသည်။
       ဖိနပ်ချုပ်သောသူသည်  မိမိ၏ပရိယေသန ဝမ်းစာအလုပ်ကို လုပ်ခြင်းဖြစ်၏။ မိမိချုပ်လုပ်သောဖိနပ်ကိုဝယ်၍ စီးသူတို့မှာ ပေးရသောအဖိုးနှင့် တန်အောင်စိးရသောဖိနပ်ကို ၇ကြပါစေဟု သဘောထားလျက် သေသပ်စွာ ချုပ်လုပ်ခြင်းသည် လူသတ္တဝါအချင်းချင်းတို့၏ အပေါ်၍ မိမိကပြုလုပ်ရန်ရှိသောတာဝန်ကို ပြေလည်အောင်ပြုခြင်း  ဖြစ်လေသည်။
       လခစား ငယ်သားအမြောက်အမြားတို့ကို လခပေးလျက် အလုပ်ကြီးများကို လုပ်ကြသောသူတို့မှာ ငါ၏အလုပ်သမားများ ဝပြောသာယာချမ်းမြေ့ အေးချမ်းခြင်းဖြစ်အောင် ငါအဘယ်ပုံကြံစည်ရပါမည်နည်းဟူသောစိတ်သဘောထားမျိုးကို ထားချေကထိုအလုပ်သမားတို့ကိုချမ်းသာအောင် ပြုလုပ်ရခြင်း၍ပင် မိမိမှာ ကောင်းသောအကျိုးအမြတ်ကို ရဖို့ရှိလေသည်။
       ဥပမာဆိုသော်ဆင်းရဲသောလူတစ်ယောက်အား လခ ၅၀ိ ကိုပေးလိုသောကြောင့် အလုပ်ကိုချဲ့ထွင်ရာ၌ ထိုသူအားပေးရန်ဖြစ်သော လခ ၅၀ိမျှမက ငါးရာငါးထောင်မျှသော အကျိုးအမြတ်ကို ပြန်၍၇တတ်လေသည်။
       မိမိ၏လောဘကို အဆုံးမသတ်နိုင်သဖြင့်  တိုင်းသူပြည်သားဆင်းရသားတို့မှာ ဆင်းရဲကျပ်တည်းခြင်းဖြစ်အောင် ကောက်ပဲသီးနှံ့တို့ကို တစ်ဦးတည်းသိမ်းကျုံး၍ ဝယ်သောကြာင့် ပျက်စီးခြင်းကိုရောက်ကြရသော တရုတ် သူဌေးကြီးများအကြောင်းကို ကြားသိဖူးရလေသည်။
       ကျနော်တို့မြန်မာနိုင်ငံ၍လည်း ထိုနည်းမျိုးဖြင့် ပျက်စီးခြင်းသို့ရောက်ကြ၇သော တရုတ်သူဌေးများရှိသည်ကို မည်သူမည်ဝါဟူ၍ ဖော်ပြရန်မလို ၊ စာဖတ်သူတို့ သိကြဖို့ရှိလေသည်။
       ထိုကဲ့သို့ဖြစ်ရခြင်းသည် မကောင်းစိတ်၏ မကောင်းသောအကျိုး ပြည်သူဆင်းရဲသား အပေါင်းတို့၏ စိတ်တန်ခိုးကြောင့်ဖြစ်လေသည်။
        ဤအရာ၌မေတ္တာသည် အမှန်စူးရှတတ်ကြောင်းကို သိသာလေသည်။ မိမိ၏စိတ်ကို မြင့်မြတ်စွာထားလျက်မိမိသည် မြင့်မြတ်ခြင်း၏ သဏ္ဍာန်ကို မကြာခဏဆိတ်ငြိမ်၇ာ၍ဆင်ခြင်ခြင်းသည် ထို၇ဲ့သို့ ဆင်ခြင်သူအား အဟုတ်အမှန်မြင့်မြတ်ခြင်းသို့ရောက်စေနိုင်သောကြောင့် မြင့်မြတ်သောအရာ၊
 မြင့်မြတ်သော အလုပ်၊ မြင့်မြတ်သော အကြံ ၊ မြင့်မြတ်သောအဆွေခင်ပွန်းကောင်းတို့ ပေါ်ပေါက်ကာ ကူညီရိုင်းပင်းသော အခြွေအရံတို့နှင့်ပြည့်စုံခြင်းအဖြစ်သို့ ရောက်ရလေသည်။
       ယုတ်ညံ့သောစိတ်၌မွေ့လျော်သော   အကြံတို့ကိုစိတ်အတွင်း၌  မရှိဆင်းရဲ၍နေသောသူတို့မှာ ယုတ်နိမ့်သော အခြေအနေသို့ တဖြည်းဖြည်းရောက်လျက် ယုတ်ညံ့သိမ်ဖင်းသောအပေါင်းသင်းတို့ကိုသာ  ရတတ်သဖြင့် အားမကိုလောက်သောသူတို့နှင့် ခြံရံခြင်းကိုခံတတ်လေသည်။
       သို့ဖြစ်သောကြောင့် စိတ်ထဲ၌ ငြိုငြင်ဆင်းရဲ ညိုးငယ်ခြင်းဖြစ်သည့်အခါတိုင်း ငါ၏စိတ်ထဲ၌ချမ်းသာနိုင်၏။ ငါ၏ စိတ်သည် ချမ်းသာလိမ့်မည်။ ငါ၏စိတ်သည်ချမ်းသာ၏။
      ချမ်းသာခြင်းအခြေအနေကို ထင်အောင်မြင်အောင်ကြည့်ရှုာ ဆင်းရဲငြိုငြင်သောစိတ်ကို ဖျောက်ဖျက်ပစ်ရမည်။
       ထိုကဲ့သို့နံနက်တစ်ခါညဉ်တစ်ခါနေ့အချိန်ငြိုငြင်သောစိတ်ပေါ်ပေါက်သည့်အခါတိုင်း ထိုကဲ့သို့ထင်မြင်လျှင် ချမ်းမြေ့သာယာ အေးချမ်းခြင်းအဖြစ်သို့ ဧကန်ရောက်ရမည်မှာ မလွဲအမှန်ဖြစ်လေသည်။
                                            မေတ္တာ...........။။။
       လူသတ္တဝါအချင်းချင်းတို့အပေါ်၌ မေတ္တာတရားကို အမြဲထားခြင်းသည် မေတ္တာ၏အတုံအလှည့်ကိုခံစားစေနိုင်သဖြင့် လူသတတ္တဝါအပေင်းတို့၏ မေတ္တာ စိတ်အစွမ်းောကာင့်မိမိမှာ ဘေးအနှောင့်အယှက် ဆင်းရဲခြင်းတို့မှ ကင်းလွတ်ရလေသည်။
     မေတ္တာစိတ်သည် မြင့်မြတ်သောပုဂ္ဂိုလ်တို့၏စိတ်ဖြစ်ြလေရာ မေတ္တာစိတ်အမြဲထားသသူသည် တဖြည်းဖြည်းမြင့်မြတ်သောပုဂ္ဂိုလ်၏အဖြစ်သို့ရောက်ရလေသည်။
      မြင့်မြတ်သောသူသည် ယုတ်နိမ့်လှစွာသော ဆင်းရဲခြင်းအဖြစ်သို့အဘယ်အခါမှမရောက်နိုင်ဟု ယုံကြည်ရမည်။စင်စစ်အားဖြင့်သော်ကား လူသတ္တဝါမှန်က အဘယ်မှပင် ဆိုးယုတ်စေကာမူ ကောင်းမြတ်သော စိတ်သည် လုံးလုံးကြီးမကင်းချေ ။ ထိုသဘောတရားကိုဆင်ခြင်ကာ လူဟူသမျှတို့၌ကောင်းမြတ်သော သဘောအရည်အချင်းကိုသာ မြင်အောင်ရှု၍ ထိုသူတို့၏မကောင်းသော အမူအရာတို့ကို မကြည့်မရှုခြင်းသည် မေတ္တာစိတ် တိုးပွားခြင်းကို ဖြစ်စေနိုင်လေသည်။
      ထိုကဲ့သို့ မွန်မြတ်သောစိတ်ကိုထားချေက မြင်သမျှသောလူတို့သည် အသင့်ကို ချစ်ခင်လိမ့်မည်။ချစ်လျှင်လူအပေင်းတို့၏ အတုံ့အပြန်ဖြစ်သော မေတ္တာအစါမ်းကြောင့်မိမိမှာ ချမ်းသာခြင်းဖြစ်ရလေသည်။နံနက်မိုးလင်းနှင့် ညဉ့်အိပ်ရာဝင် ဆိတ်ငြိမ်သောအခါတို့၌ အောက်အတိုင်းဆင်ခြင်ပါလေ။
ဆင်းရဲဆုံးရှုံးခြင်းမရှိဟု ယုံကြည်သောသူသည် အဘယ်အခါမျှ ဆုံးရှုံးခြင်းအဖြစ်သို့ မရောက်နိုင်။
ငါ၏အတွင်း၌ ဆင်းရဲခြင်းကို တားမြစ်နိုင်သော တန်ခိုးသတ္တိသည် ရှိ၏။
       ထိုတန်ခိုးသတ္တိသည် ငါ့ကို ချမ်းသာအောင်ပြုနိုင်၏။ ငါ၏ အလုပ်များကို ထိုတန်ခိုးသတ္တိသည် အောင်မြင်အောင်ပြုလိမ့်မည်။ ငါသည် အောင်မြင်ချမ်းသာ၏ဟု အောင်မြင်ချမ်းသာခြင်း သဏ္ဍာန်အခြေအမေ မိမိ၌ ဖြစ်ပေါ်၍ နေသည်။
       သုံးကြိမ် - လေးကြိမ် ဆင်ချင်ရမည်။ နေ့အခါအလုပ်တစ်ခုအောင်မြင်မှ အောင်မြင်ပါမည်လားဟု ကြောင်းကြသောစိတ်ပေါ်ပေါက်၍ လာသည့်အခါ အကြောင်းကြသောစိတ်ကို ဖျောက်ဖျက်ကာ အထမြောက်မှာပဲဟု စိတ်ချပြီး အဆိုပါမည်းအတိုင်းဆင်ခြင်ပါလေ။
       ဤလောကကြီးသည် ကြွယ်ဝပြည့်စုံသော လောက်ကြီးဖြစ်၏။ ရေ၌ လည်းကောင်း၊ မြေ၌လည်းကောင်း အဖိုးထိုက်ရတနာတို့သည် မကုန်မခန်းနိုင်အောင်များပြား၏ ။ သို့ပါချက် ဆင်းရဲသောသူတိုမျာားကသည်မှာ ဆင်းရဲသဏ္ဍာန်ကို မိမိတို့၏စိတ်၌  ဖန်ဆင်းကာ ကြောက်ရွံ့ပူပန်၍  နေကြသောကြောင့်ဖြစ်လေသည်။ 
      ကြောက်ရွံ့ပူပန်သောစိတ်သည် ပပျောက်၍  ချမ်းသာမည်ဟု မျှော်လင့်ယုံကြည်ကိုးစားကာ ချမ်းသာခြင်း၏ သဏ္ဍာန်ကို ဖန်ဆင်းလျက် ရှာကြံကြချေက ဧကန်ပင် ချန်းသာကြရမည်ဖြစ်လေသည်။မျှော်လင့်ခြင်းသည် စမ်းရေနှင့်တူ၏။ ထိုစမ်းရေသည် ပထဝီမြေကြီးကို ဆူဖြိုးစေသည့်အလား မျှော်လင်ခြင်းရှိသော သူတို့အား ဆူဖြိုးခြင်းကို ဖြစ်စေနိုင်၏။ ကြောင့်ကြပူပင်သောစိတ်ကို ကင်းစေ၍ ချမ်းသာမည်ဟု ယုံကြည်ခြင်းသည် ချမ်းသာခြင်းသဏ္ဍာန်ဖြစ်လေသည်။
      ယုံကြည်ခြင်းသည် နေမင်းနှင့်တူ၏။  နေမင်းသည်လောကဓါတ်ကို နုးနပ်ကျေညက်စေလျက် လူသတ္တဝါတောတောင်ရေမြေတို့ကို သန်စွမ်းခြင်းဖြစ်သည့်အလား ယုံကြည်ကိုးစားသူ၌  အောင်မြင်ခြင်း၏  အင်အသီးတို့ကို တိုးပွားစေနိုင်လေသည်..............................။။ ပိမိုးနှင်း..
      အားလုံးကျန်းမာချမ်းသာကြပါစေ..ဘဝ၌ အောင်မြင်သော လူတော်လူကောင်းတစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ....... (လက်ကိုအတော်ညောင်းသွားတာပဲ တစ်ခါမှဒိလို့မတင်ဖူးဘူး  ဟူးးးးးးးးးးးးးးးးး)

     

Monday, March 19, 2012

Gyalk က Offline Chat (သူခိုးချက်) တွေကို ဖမ်းပုံ ဖမ်းနည်းပါနော်

ကိုယ့်ရဲ့ Gtalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ ကတကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။

(၁) Gtalk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက 
      အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။
      ပြီးရင်.. Go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။
      ဥပမာ… hi လို့ ရိုက်ပြီး   ချက်ကြည့်ပါ။
(၄)..............@gmail.com is offline and can’t receive messages right now.
     လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။
      တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။
      ဒါမှ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail က Chat section မှာ Chat history  
      ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

စမ်းကြည့်လိုက်ပါ.....ပြီးရင်..ဟေ့..ငါသိတယ်နော် ဆိုပြီးဖမ်းလိုက်ပေါ့...ဟဲဟဲ..။

Gtalk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလည်းလို့ကြည့်ရအောင်ပါ

G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲဆိုတာရယ်နောက် location ကို

ညာပြောထားတာလား အမှန်ပြောတာလားဆိုတာကို ဖမ်းရအောင်ဗျာ..
  ဟီးးးးးးးးးးးးးး Gtalk မှာ ညာထားတဲ့သူတွေက်တော့ မုန်းပြီထင်တာပဲ..  
ကဲစပြီးစမ်းကြည့်ရအောင်

ပထမဆုံးကတော့ မိမိရဲ့ မေးလ်ထဲကို ၀င်လိုက်ပါ..

ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးလ်ကို ဖွင့်လိုက်ပါ

ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ

show original ကိုဆက်လက် click ပါ

Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ



Received by ဆိုတဲ့နောက်က တော့ သူ့ရဲ့ IP address ပေါ့

သူ့ရဲ့ location ကိုသိချင်ရင်တော့ http://www.whatismyipaddress.com မှာ


သူ့ရဲ့ IP addressကိုထည့်ပြီးရှာကြည့်ရင်တော့သူဘယ်နိုင်ငံကလည်းဆိုတာကို

မိတ်ဆွေတို့ သိရပြီပေါ့ဗျာ

အဆင်ပြေကြပါစေ.. 
အားလုံးကိုကျေးဇူးတင်လျှက်ပါ.... ကိုမြက်.

Saturday, March 17, 2012

တုံးအတဲ့ ယောက်ျားနဲ့ ထက်မြက်တဲ့ယောက်ျား

(၁) တုံးအတဲ့ယောက်ျားက မိန်းမကိုဘယ်တော့မှ မချီးကျူးဘူး။ ကောင်းတာတွေလုပ်ရင် ဆိတ်ဆိတ်နေတယ် မကောင်းတာတွေလုပ်ရင် ကဲ့ရဲ့တယ်။

ထက်မြက်တဲ့ယောက်ျားက မိန...်းမရဲ့အားသာချက်လေးတွေကို ရှာကြံချီးကျူးပြီ: ရှေ့ဆက်လုပ်ချင်အောင် အားပေးတယ်။
(၂) တုံးအတဲ့ယောက်ျားက ကိုယ့်မိန်းမကလွဲရင် မိန်းမအားလုံး လှတယ်ထင်တယ်။
ထက်မြက်တဲ့ယောက်ျားက ကိုယ့်မိန်းမကို ဘယ်လိုလှအောင်လုပ်ပေးရမလဲ စဉ်းစားတယ်။
(၃) တုံးအတဲ့ယောက်ျားက ကိုယ့်မိန်းမကို အလုပ်တွေ အများကြီးပြီးမြောက်စေချင်တယ်။ (နူးညံ့ပြီး ယောကျာ်းကို နာခံပြုစုတတ်စေချင်တယ်။ တချိန်ထဲမှာပဲ လှပပြီး ထက်မြက် ဝင်ငွေကောင်းစေချင်တယ်။ ဒါတွေ တပြိုင်နက်မဖြစ်နိုင်ဘူးဆိုတာ သူမေ့ထားတယ်)
ထက်မြက်တဲ့ယောက်ျားက Nobody is Perfect ဆိုတာကို ယုံကြည်လက်ခံတယ်။ ကိုယ်ရတဲ့မိန်းမဟာ အကောင်းဆုံးလို့ မှတ်ယူတယ်။
(၄) တုံးအတဲ့ယောက်ျားက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး မနာလိုဖြစ်တယ်။
ထက်မြက်တဲ့ယောက်ျားက လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။
(၅) တုံးအတဲ့ယောက်ျားက မိန်းမကို တဗျစ်တောက်တောက် ပြောတယ်လို့ အပြစ်တင်စိတ်ပျက်တယ်။
ထက်မြက်တဲ့ယောက်ျားက အနမ်းပြင်းပြင်း တစ်ချက်နဲ့ နှုတ်ဆိတ်စေဖို့ သတိရတယ်။
(၆) တုံးအတဲ့ယောက်ျားက "နင်မရှိလဲ လှေကား၃ထစ်ဆင်း လူပျိုပဲ" လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့ယောက်ျားက "နင်ဟာ ငါ့ဘဝရဲ့မရှိမဖြစ်သူပါ"လို့ဆိုတယ်။
(၇) တုံးအတဲ့ယောက်ျားက မိန်းမကို တာဝန်အရ အရာရာ ပေးဆပ်စေတယ်။
ထက်မြက်တဲ့ယောက်ျားက မိန်းမကို စိတ်လိုလက်ရ ပြုစုအောင် စွမ်းဆောင်နိုင်တယ်။
(၈) တုံးအတဲ့ယောက်ျားက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။ ကိုယ့်မာန ကိုယ့်အတ္တထိခိုက်မခံဘူး။
ထက်မြက်တဲ့ယောက်ျားက နှစ်ဦးအတူကြိုးစားမှ ခရီးရောက်တယ်ဆိုတာ လက်ခံတယ်။
(၉) တုံးအတဲ့ယောက်ျားက မိန်းမကို စိတ်အားငယ်မှုနဲ့ ကိုယ့်ကိုယ်ကို မယုံကြည်မှုတွေပေးတယ်။
ထက်မြက်တဲ့ယောက်ျားက မိန်းမကို စိတ်လုံခြုံမှုနဲ့ အေးချမ်းမှုကို ပေးတယ်။
(၁ဝ) တုံးအတဲ့ယောက်ျားက သူ့ဒေါသကြားမှာ မိန်းမကို ဦးတည်ရာပျောက်စေတယ်။
ထက်မြက်တဲ့ယောက်ျားကတော့ သူတည်ကြည်မှုနဲ့ အိမ်ထောင်ကိုသာယာစေတယ်။
ခရေဖြူ မှ ကူးယူတင်ပြပါသည်..
 
အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ......

Monday, March 12, 2012

"အဖေနဲ့ ညီမလေးစောင့်နေလို့ အိမ်ကိုသာပြန်ပို့ပေးကြပါ" ရင်နာစရာကောင်းတဲ့ သူတို့လေးတွေရဲ့ ဘဝတွေ


ရှေ့ကို ထွက်ခဲ့စမ်း ဆိုတဲ့ ဆရာမ စကားသံ အဆုံးမှာ ကျနော်ဟာ မ၀ံ့မရဲ တုန်ရီစွာနဲ့ အတန်းရှေ့ကို ထွက်သွားလိုက်ပါတယ် ။
...
ပုံနှိပ်စာအုပ်ဖိုး နဲ့ ကျောင်းက အလှူအတွက် နင့်ဆီက ငွေမရလို့ တောင်းတာ ဘယ်နှခါ ရှိပြီးလည်း ။ လူလေး ကြည့်တော့ ငါးတန်းဘဲ ရှိသေးတယ်....

ငါ့ကိုတောင် အာခံချင်တာလား ။



" ကျနော့်တို့အိမ်က အဆင်မပြေသေးလို့ မပေးနိုင်သေးတာပါ ဆရာမ... " ဆိုတဲ့ ဖြေရှင်းချက်ကို သိပ်ကြိုက်ပုံမရတဲ့ ဆရာမက



ဘာပြောတယ် .....ကျောင်းတော့ ထားပြီး စာအုပ်ဖိုးမှ မတတ်နိုင်ရင်လည်း ကျောင်းမထားချင်နဲ့လို့ နင့်မိဘတွေကို ပြောလိုက် ။

ဘယ်လို မိဘတွေလည်း မသိပါဘူး..........ကျောင်းထားပြီး ကျောင်းက တောင်းတဲ့ငွေတော့ မပေးနိုင်ဘူး........ စိတ်ပျက်ဖို့ တကယ်ကောင်းတယ် ။

နင် ဒီနေ့ တနေကုန် မတ်တတ်ရပ်နေရမယ်....ငါက ထိုင်ဆိုမှ ထိုင်..............။ ကဲ .......အားလုံး စာအုပ်ထုတ်.....



ဆရာမရဲ့ စကားသံ အဆုံးမှာ ကျနော့် အတန်းဖော် သူငယ်ချင်းများရဲ့ စူးစိုက်ပြီး ကြည့်နေတဲ့အကြည့်များကို ရင်မဆိုင်ရဲလို့ မျက်နှာကို ခေါင်းငုံ့ထားရင်းက ကျလာတဲ့ မျက်ရည်များကို သုတ်ပစ်ဖို့တောင် အားမရှိတော့ပါဘူး ။ ဖြစ်နိုင်ရင် ကျနော် ဒီနေရာက ဝေးရာကို ထွက်သွားချင်ပါတယ်..........။ ဒီနေ့ ကျောင်းဆင်းချိန်ကလည်း ကြာလိုက်တာနော် တွေးမိရင်းက ဒုက္ခိတ အဖေနဲ့ ဈေးသည်အမေ ရဲ့ မျက်နှာကို ပြန်မြင်ယောင်ကာ ၀မ်းနည်းစွာ သက်ပြင်း ချကာ ကျောင်းဆင်းချိန်ကိုဘဲ စောင့်စားနေလိုက်ပါတော့တယ်...။





ဒီတခါတော့ အမေ့ဆီ က ပိုက်ဆံရအောင် တောင်းမယ်လို့ စိတ်ကူးနဲ့ ပြန်လာရင်း အိမ်အရောက်မှာ အဖေနဲ့ အမေရဲ့ အသံတိုးတိုးနဲ့ တိုင်ပင်သံကို ကြားမိပါတယ် ။



ရှင် ဒီအတိုင်းဆက်သွားရင်တော့ သိပ်မခံလောက်တော့ဘူး ထင်တယ်နော်......... ဆေးခန်းကို သွားပြပါလား ကိုမြင့်ရယ်.။

မင်းလည်း ငွေရှိတာမှ မဟုတ်ဘဲ မပြချင်ပါဘူး မိန်းမရယ်..........ငွေမပါတဲ့ လူနာကို ဒေါသထွက်နေတဲ့ ကြည့်နေတဲ့ ဆရာဝန်ကို ရင်ဆိုင်ရတာထက် ငါ့ဟာငါဘဲ အသေခံလိုက်ပါတော့မယ်. ကွာ... ဆိုတဲ့ အဖေ့ပြောစကားအဆုံးမှာ အမေဟာ ကျနော်တို့ အိမ်ရဲ့ တခုတည်းသော ပစ္စည်းထိန်းသိမ်းရာ နေရာ သေတ္တာစုတ်လေးကို ဆွဲဖွင့်ကာ သူမတန် မြတ်နိုးတဲ့ ဆွဲကြိုးလေးကို အဖေ့အတွက် အသက်ဆက်နိုင်အောင် ဆေးကုပါရစေလို့ ကြိမ်ကြိမ်တောင်းပန်နေပါတယ်



သားသမီးတွေ ပညာရေး အတွက် သိမ်းထားလိုက်ပါ မိန်းမရယ်..........ငါသားလေးလည်း အရွယ်ရောက်နေပြီ ။ သမီးလေးက လည်း ကျောင်းစနေပြီ ဆိုတော့ သူတို့အတွက် အရေးပေါ်ရင် သုံးဖို့ သိမ်းထားလိုက်ပါနော် ။



မိဘ နှစ်ပါးရဲ့ အပြန်အလှန် ပြောဆိုမှုတွေကြောင့် ကျနော့်စိတ်ထဲမှာ ၀မ်းနည်းလွန်းလို့ ငိုချင်ပေမယ့် ကျစရာ မျက်ရည်ခမ်းခြောက်ခဲ့ရပါပြီ



ငွေမပါရင် ကျောင်းမလာနဲ့ ဆိုတဲ့ ဆရာမရဲ့ စကားသံကို ပြန်ကြားမိတိုင်း သောကပွားနေရတဲ့ ကျနော့်ရဲ့ ခံစားချက်ကို မိဘနှစ်ပါးကို ဘယ်လိုနည်းနဲ့မျှ ရင်မဖွင့်ပြလိုတော့ပါဘူး ။



ခြေဦးတည့်ရာ လျှောက်သွားနေရင်း ကျနာ့်အရွယ်ကလေးငယ်တွေ တုတ်လေးတွေ ကိုယ်စီနဲ့ အိတ်တလုံးကို ကိုယ်စီထမ်းကာ အမှိုက်ပုံမှာ ထိုးဆွနေတဲ့ မြင်ကွင်းလေးက တွေ့မြင်နေကြဖြစ်ပေမယ့် တခါမှ မစူးစမ်းမိခဲ့ပါဘူး ။ သိလိုဇောနဲ့ သူတို့ အနား အသာချည်းကပ်ကာ .. မင်းတို့ ဘာလုပ်နေကြတာလည်းကွ.. ဆိုတော့ ကျနော့်ထက် ငယ်ပေမယ့် သွက်လက် ချက်ချာတဲ့ ကောင်လေးက



“ အမှိုက်ကောက်နေတာလေ “ ကွာ မင်းကလည်း ဒါများ အထူးအဆန်းမှတ်လို့ ။ ဒီက အမှိုက်ရောက် ရလာတဲ့ စက္ကူ ၊ ပလတ်စတစ် ၊ ဒန်အိုး ၊ ဒန်ခွက်တွေကို ဆိုင်မှာ သွားရောင်းရင် ပိုက်ဆံရတာပေါ့ …။



ပိုက်ဆံ ဆိုတဲ့ စကားလုံးက ကျနော့်ကို များစွာ ဆွဲဆောင်ထားလိုက် သလို ခံစားရလို့.



“ ငါလည်း အဲဒီလို လုပ်လို့ ရလားကွ. “



ရတာပေါ့ကွ ဟု ပြောလျှက် သူကိုင်ထားတဲ့ ဒုတ်လေးနဲ့ လွယ်ထားတဲ့ ပလတ်စတစ်လေးကို ညွှန်ပြကာ ဒီနှစ်ခု ရှိရင် မင်း အလုပ်လုပ်လို့ရပြီတဲ့ ..။



ဒါဆို ငါ မနက်ဖြန် မင်းတို့ဆီ လာခဲ့မယ်ကွာ..



နောက်တနေ့ မနက် အိမ်ကနေ ပုံမှန် အတိုင်း လွယ်အိတ်လွယ်ပြီး ကျောင်းသွားသလို ပုံစံမျိုးနဲ့ ထွက်လာခဲ့ပြီး လွယ်အိတ်ကို စိတ်ချရတဲ့ နေရာမှ ထားခဲ့ပြီး ကျနော့် သူငယ်ချင်းတွေ နဲ့ချိန်းထားရာ နေရာကို သွားခဲ့ပါတယ် ။ သူတို့ အသင့်ပြင်ပေးထားတဲ့ သံချွန်တပ် ဒုတ်လေး တချောင်းနဲ့ မြွေရေခွံအိတ်ကို လွယ်ကာ အမှိုက်ပုံများ ရှိရာနေရာ ၊ လမ်းကြိုလမ်းကြားမှန်သမျှ

လှည့်လည်သွားပြီး ငွေရဖို့ ကြိုးစားခဲ့ပါတယ် ။



အစပထမကတော့ အထာသိပ်မနပ်တော့ ဘယ်လို လုပ်ရမယ် ဆိုတာ မသိပေမယ့်

ရက် အနည်းငယ် ကြာလာတော့ သဘောပေါက်လာတယ် ။ ဘယ်နေရာ အမှိုက်ပုံက

ပစ္စည်းရဖို့ လွယ် ၊ ဘယ်အချိန်ဆို ဘယ်အိမ်က အမှိုက် လွှင့်ပစ်တယ် ဆိုတာ သဘောပေါက်လာတယ်။ ဒီလိုနဲ့ တစ်လလောက် လုပ်လိုက်တော့ ဆရာမကို ပေးဖို့

ငွေလေး စုဆောင်းမိလာတဲ့ အပြင် အဖေ့ အတွက် လိုအပ်တဲ့ ဆေးလေးတွေ ၀ယ်ပေးနိုင်ခဲ့ယုံသာ မကဘူး ညီမလေး သိပ်ကြိုက် တဲ့ ရေခဲမုန့်လေးကို နေ့စဉ် ၀ယ်ကျွေးနိုင်ပါတယ် လို့ ကျောင်းဘက်ကို ခြေဦး ပြန်လှည့်ခဲ့ပါတယ် ။



ငွေကြေးချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ အတန်းဖော် သူငယ်ချင်းများကို သား ၊ သမီး ဆိုပြီး ခေါ်ဆိုတတ်တဲ့ ဆရာမဟာ ကျနော့်ကိုတော့ နင်ဆိုတဲ့ အသုံးအနှုန်းက လွဲပြီး ပြောင်းလဲသုံးဖို့ စိတ်ကူး မရှိဘူးလား မသိပါဘူး ။ သူသင်တဲ့ ကျူရှင် မတတ်နိုင်တဲ့ ကျောင်းသားတွေ ဆို အမြဲလိုလို ဒေါသထွက်နေတတ်တဲ့ ဆရာမကို ရင်ဆိုင်နေရတာ

သိပ်ကို ၀မ်းနည်းစရာ ကောင်းလွန်းလှပါတယ် ။



ကျောင်းက ပြန်လာတာနဲ့ လွယ်အိတ်ကို အသာချပြီး အမှိုက်ပုံကို ပြေးသွားရတဲ့ ဘ၀တွေက

လွတ်မြောက်ချင်လှပြီ ။ ကျောင်းက အပြန်ဆော့ကစားနေတဲ့ သူငယ်ချင်းတွေကို မြင်တိုင်း

သူတို့လို ကစားချင်ပေမယ့် အိမ်က ဆန်အိတ်ထဲမှာ မနက်စာဘဲ ကျန်တော့တာကို သိထားတဲ့

ကျနော် အတွက် ကစားမက်လို့ မဖြစ်ပါဘူး ဆိုပြီး ဆုံးဖြတ်ချက်ချကာ အရပ်တကာလည်ပြီး

အမှိုက်ကောက်ခဲ့ရတဲ့ ရက်တွေ တဖြည်းဖြည်း ပိုမို များပြားလာပါတယ် ။



တနေ့တနေ့ လမ်းကြိုလမ်းကြားထဲ ၀င်ပြီး အမှိုက်ကောက်နေတဲ့ ကျနော့်ကို သနားစရာ အကြည့်နဲ့ ကြည့်သူတွေထက် မယုံသကာင်္စိတ်နဲ့ ကြည့်ကြတဲ့ လူတွေရဲ့ မျက်ဝန်းမှာ မနှစ်မြို့ခြင်းတွေ ပါနေတတ်တယ် ။ အထူးသဖြင့် တိုက်ကြို တိုက်ကြား ၀င်ကောက်တဲ့အချိန်တွေဆို အော်ဟစ်မောင်းထုတ်တာကို ခံရပါများလာတော့ ဒီဘ၀ကို တကယ် စိတ်နာလာပါပေမယ့်

ကျနော့် ငွေရမှ အဖေ့အတွက်ဆေးဖိုး ၊ ညီမလေး သိပ်ကြိုက်တတ်တဲ့ မုန့်လေးတွေ ၀ယ်ပေးနိုင်မှာ ဆိုတော့မလုပ်ချင်လည်း လုပ်နေရအုံးမှာပါဘဲ ။



ညနေဘက် ကျနော် ပြန်လာရင် ထွက်ကြိုတဲ့ ညီမလေးကို မုန့်လေးပေး ၊ အဖေ့အတွက် အာဟာရပြည့်စေမယ့် အစားအစာ တခုခုပေးရတဲ့ အချိန်ဟာ ကျနော့်ဘ၀ အတွက် အပျော်မြူးရဆုံးအချိန်ပါဘဲ ။ ကိုယ်တိုင်က ငွေမရှာနိုင်လို့ သားဝယ်လာတာလေးကို

စားနေရတဲ့ ကျနော့်အဖေ့မျက်လုံးမှာ အမြဲလိုလို မျက်ရည်တွေစို့နေတာကို သတိထားမိတယ် ။



အဖေ့အတွက် ဆေးကုပေးဖို့ အမေ ကိုပြောတော့



“ ငါ့သားရယ် ….ဆေးကုဖို့က ငွေမနည်းဘူး ကုန်မှာ .. အမေ့မှာလည်း စားဖို့တောင် အနိုင်နိုင်ဆိုတာ သားလည်း သိသားဘဲ “

ဆိုပြီး ၀မ်းနည်းနေတဲ့ အမေ ၊ ဝေဒနာကို ကြိတ်မှိတ်ခံစားနေရတဲ့ အဖေ ၊ မိဘနှစ်ပါးကို ကြည့်ကာ မျက်ရည်ကျနေတဲ့ ကျနော်တို့ ညီမလေး အတွက် ကျနော် ကျောင်းထွက်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ခဲ့တယ် ။



ရက်ကွက်ထဲက သူငယ်ချင်း တချို့ ညဘက် ပန်းကောက်ပြီး မနက်အစောကြီး ဈေးမှာသွားသွင်း ၊ တခါတလေ ကားဂိတ်တွေမှာ ရောင်းတာ အဆင်ပြေတယ်ဆိုလို့ ကျနော် သူတို့ နဲ့ အတူလိုက်ပြီး ၀မ်းရေး အတွက် ဖြေရှင်းခဲ့ရတယ် ။ နေ့လည် အချိန်အားရင် အမှိုက်ပုံဘက် ပြေးသွားပြီး ငွေရှာပါမှ ထမင်း နပ်မှန်ဖို့ သာ မကဘူး အဖေနဲ့ ညီမလေး အတွက် လိုအပ်တာလေးတွေ ဖြည့်စည်းပေးနိုင်မှာ ။



အလုပ်နှစ်ခုလုပ်တော့ ငွေပိုလေး နည်းနည်းရလာလို့ ရပ်ကွက်ထဲက ဆရာဝန်နဲ့ အဖေ့ကို ပြနိုင်ခဲ့တယ် ။ သူညွှန်ပြတဲ့ ဆေးကို အဖေ ပုံမှန်စားနိုင်အောင်ကျနော် ပိုပြီး ကြိုးစားရအုံးမယ်..။



ဘာလိုလိုနဲ့ သင်္ကြန်နားတောင် နီးလာပြီ ဘဲ.



လူတော်တော်များများ ပျော်ရွှင်ကြတဲ့ သင်္ကြန်ပွဲ ကျနော်လည်း ပျော်ချင်တာပေါ့ဗျာ..။

သင်္ကြန်အတွက် ဘာအစီအစဉ်ရှိလည်း သူငယ်ချင်းတွေနဲ့တိုင်ပင်တော့



သူငယ်ချင်း တစ်ယောက်က



“ သင်္ကြန်ဆိုတာ ငါတို့အတွက် ဂွင်ဘဲကွ…။ အဲဒီနေ့မှာ ငါတို့ ကြိုးစားလိုက်ရင် မြိုးမြိုးမျက်မျက်လေး

ရနိုင်တယ်တဲ့ ။ ဘာလုပ်ရမှာလည်း ဆိုတော့ အရက်လည်း ရောင်းမယ် ရေသန့်ဘူးတွေ ၊ အချိုရည်ဘူးတွေလည်း ကောက်လို့ ရတယ်”



ဆိုလို့ ကျနော် အရမ်း စိတ်ဝင်စားသွားတယ် ။



မြန်မာရိုးရာ အတာသင်္ကြန်ပွဲကြီး စတင်ကျင်းပတဲ့ နေ့က စပြီး ကားဂိတ်လေးမှာ ရေပုံးလေးတွေ ကိုယ်စီကိုင်ပြီး အရက်ဆိုင်လေးတွေ ကိုယ်ပိုင်ဖွင့်ခဲ့ကြတယ် ။ ဆိုင်လို့သာ ပြောတာပါဗျာ. ထိုင်ခုံတလုံးပေါ်မှာ ရေပုံးတလုံး ၊ အရက်တပုံးနဲ့ ရေသန့်ဘူး အဟောင်းလေးတွေ ဘဲ ရှိတာပါ ။ အရက် တဗူးကို တစ်ထောင်နဲ့ အော်ဟစ်လို့ ရောင်းခဲ့ရတာ ပျော်စရာ မကောင်းပေမယ့်

ဝင်ငွေ ကောင်းကောင်းရလို့ အဖေ့အတွက် ဆေးကုပေးနိုင်မယ် ဆိုပြီး စိတ်ကူးနဲ့ ကြည်နူးခဲ့ရပါတယ် ။ သူငယ်ချင်း တစ်ယောက်က ဆိုင်ထိုင်ရင် နောက်တစ်ယောက်က ကားပေါ်က ပစ်ချလိုက်တဲ့ ရေသန့်ဗူးနဲ့ အချိုရည်ဗူးလေးကို လိုက်စုရတယ် ။

ကောက်တဲ့ လူကများတော့ နည်းနည်းတော့ စွန့်စားရတယ်ဗျာ…။



သင်္ကြန်အတက်နေ့ ဆိုတော့ လူတွေကို ပိုပျော်နေကြလို့လား မသိဘူး ရောင်းလို့ကလည်း ကောင်းပဗျာ..။ နောက်ဆုံးနေ့ ဆိုတော့ သူတို့ အားခဲပြီး ဖြုန်းပြနေလို့ သူတို့ ပစ်ချသမျှ လိုက်ကောက်ရတာတောင် နည်းနည်းမောလာသလိုပါဘဲ ။ ဒီနေ့တော့ နေ့တွက် တော်တော်ကိုက်နေပြီ ဆိုတာသိပေမယ့် ဆက်စောင့်ပြီး ကောက်လို့ များများရရင် မနက်ဖြန် မနက် အမေ ဘုန်းကြီးကျောင်းသွား ရင် မောင်နှမ နှစ်ယောက်လုံးလိုက်မယ်လို့ စဉ်းစားထားတယ် ။



ကားတစီးပေါ်က ပစ်ချလိုက်တာ အချိုရည်ဗူးခွံတွေဗျာ.. အများကြီးဘဲ ကားလမ်းလယ်မှာ သွားကောက်ရင် အန္တာရယ်များမှန်း သိပေမယ့် သူတပါး မဦးခင် အမြန်ဦးအောင် ကားလယ် အလယ်ကို ပြေးအသွားမှာ အရှိန်ပြင်းစွာ မောင်နှင်းလာတဲ့ ကား တစီးကြောင့်……. လေထဲကို မြောက်သွားပြီး ပြန်အကျမှာ သူ့ခန္ဓာက ဖြာဆင်းလာတဲ့ သွေးစက်တွေက မြင်ရက် စရာ အောင် ကျဆင်းပေမယ် ကျနော် အိမ်ပြန်ဖို့ အားခဲထားဆဲပါဘဲ ။



သူ့ကိုယ့်သူ မသယ်နိုင်တဲ့ ခန္ဓာကိုယ်ကို အတင်းကြိုးစားပြီး ရုန်းထနေပုံလေးက မြင်ရသူ အပေါင်း ရဲ နှလုံးသားကို ကွဲကြေပျက်သလို ခံစားလိုက်ရလို့ လူအများက ဆေးရုံပို့ဖို့ ကြိုးစားပေမယ့် “ အဖေနဲ့ ညီမလေး စောင့်နေလို့ အိမ်ကိုသာ ပြန်ပို့ပေးကြပါ “ ဆိုတဲ့ စကားကို သနားစဖွယ် အမူအရာနဲ့ နောက် ဆုံး စကား အဖြစ် ကြိုးစားပြောပြီး အချိန်မကြသေးဘဲ ဘ၀တပါးကို သနားဖွယ်ရာ ကူးပြောင်းသွားရှာပါပြီ.။



မိဘက ဆင်းရဲ နွမ်းပါးလို့ ကျောင်းနေချိန်မှာ ပညာမသင်ရဘဲ အနာဂတ်တွေ ပျောက်ဆုံးကာ စာသင်ခန်းကို ကျောခိုင်းပြီး ၀မ်းရေး အတွက် အခုလို ကြိုးစားရှာဖွေနေတဲ့ ကလေးငယ်တွေ သိပ်ကို များလာတာကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရလို့

မိတ်ဆွေများကို သတိပေးတဲ့ အနေနဲ့ လေးစားစွာ တင်ပြပေးလိုက်ပါတယ် ။



အကယ်၍များ မိတ်ဆွေတို့မှာ ကိုယ်ချင်းစာတရားနဲ့ မျှဝေခံစားလိုကြကာ မိမိတို့ တတ်နိုင်သလောက်လေး ပါဝင်ကူညီဆောင်ရွက်ပေးကြရင် အနာဂတ် မြန်မာနိုင်ငံမှာ အခုလို ကလေးငယ်တွေ တဖြည်းဖြည်း နည်းပါးသွားနိုင်တယ် ဆိုတဲ့ ခံယူချက်လေးထားပြီး သူတို့ဘ၀ အတွက် တစ်ချက်လောက် စဉ်းစားပေးကြပါလားလို့ သူတို့ကိုယ်စား ကျနော်ကဘဲ တောင်းပန်စကား အရင်ပြောကြားချင်ပါတယ် ။



အုပ်ချုပ်သူ နေရာကို ယူထားပြီး တိုင်းပြည်ဘဏ္ဍာကို စီမံခန့်ခွဲနေကြသူများက လှစ်လှူရှုထားလို့ ဒုက္ခမျိုးစုံ ခံစားနေရတဲ့ လူအများကို ပြည်သူလူထုကဘဲ ကိုယ်ထူကိုယ်ထ စနစ်ကို ကျင့်သုံးပြီး နိုင်ငံရာ တာဝန် ထမ်းကြကာ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးမှာ သာ အနာဂတ်ကမ္ဘာမှာ လူငယ်မျိုးဆက်သစ်တွေ အခုလို ဒုက္ခတွေ ကြုံတွေ့ရတဲ့ ဘ၀က လွတ်မြောက်လာမှာ အမှန် ပါဘဲ ဆိုတာကို ယုံကြည်စွာနဲ့ လက်ခံထားပြီး တတ်နိုင်သလောက်လေး ကြိုးစားဆောင်ရွက်ပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျာ ။



ကိုယ်ပိုင် အိမ်မှာ နေခွင့်မရလို့ သူတပါး အိမ်မှာ ခတ္တ ဧည့်သည် အဖြစ်နေကြရကာ စီးပွားရှာနေရတဲက ပြည်ပရောက် ညီအစ်ကို မောင်နှမများ အနေဖြင့်လည်း အချိန်တန်လို့ အိမ်ပြန်ရရင် သာယာလှပတဲ့ ကိုယ်ပိုင်အိမ်လေးမှာ ပြန်နေနိုင်အောင် ၀ိုင်းဝန်း ကြိုးစားပေးစေလိုပါတယ် ။ သူတပါးအိမ်မှာ ဧည့်သည် ဘ၀နဲ့ ထာဝရနေထိုင်သွားမယ့် အစား ပျက်စီးနေတဲ့ ကျနော်တို့ ကိုယ်ပိုင်အိမ်လေးကို နေထိုင်ချင်စဖွယ် ဖြစ်အောင် တည်ဆောက်သွားဖို့ အတွက် ၀ိုင်းဝန်းကြိုးစားပေးကြပါလို့ အနူးအညွတ်မေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။







ဒီစာစု လေးကို ဖတ်ပြီးသွားရင် မိတ်ဆွေတို့ ခံစားရသမျှကို ပြောပြပေးခဲ့ပါနော်

ခင်မင်စွာဖြင့် ( ညဏ်လင်းထက် )......

  ကူးယူတင်ပြခြင်းဖြစ်ပါသည်.... အားလုံးကို အထူးကျေးဇူးတင်လျက်ပါ....
ကောင်လေးငယ်....။။။။။

Friday, March 9, 2012

ဘယ်လို (...................)?

သံဇဉ်တွေ စီးဆင်းနေတဲ့
မြေပြင်ထက်မှာ
မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ 
အိမ်တစ်လုံး ဆောက်ဖြစ်ခဲ့တယ်
သော့ တစ်ချောင်းမှမရှိတဲ့
... ပြတင်းပေါက် တွေနဲ့ ပေါ့
နေပူဒဏ်ကိုကာကွယ်နိုင်ဖို့ 
မသေချာပေမဲ့
လရောင်တွေက ဒိုးယိုပေါက်စီးဆင်းလို့ ....
အဲ့ဒီမှာ မိုးစက်တွေကို
ဟန်တားပေးမဲ့ လက်တစ်စုံ
နှင်းတွေကြားမှာ နွေးထွေးစေမဲ့
ရင်ခွင်တစ်ခုနဲ့ 
နွေနေလယ် ခင်းတွေကို
အံတုပေးမဲ့ ၇ဲ၇ဲတောက်
မျက်ဝန်းတွေ ရှိမယ်
မင်းအနေနဲ့ 
ကိုယ့်အပေါ်
ဘယ်လို့ (..............?).......သူရိန်...

Thursday, March 8, 2012

မြတ်နိုးသူ........................... သို့။။။။


ဒဏ်ရာတွေ ဗရပွနှင့်
အပ်ကြောင်း ထပ်နေတဲ့
ငါ့နှလုံးသားထဲမှာ
မင်းကို မေ့လို့ မရနိုင်တဲ့
ရင်ခုန်သံ တစ်စုံရှိတယ်
... ဝေးကြာရမဲ့ အချိန်တွေ
ဘယ်လောက် ကြာမှန်းမသိပေမဲ့
အမြဲတမ်း တမ်းတနေမှာ
မင်းကို ရူးရူးမူးမူး
မြတ်နိုးခဲ့ မိလို့ ပေါ့
မင်းနဲ့  ဝေးခဲ့တဲ့နောက်
မင်းကို မြတ်နိုးခဲ့ဖူးတဲ့
ငါ့ရဲ့  နှလုံးသားတစ်စုံနဲ့ 
ချစ်ခြင်းတွေကို တန်ဖိုးထားတတ်နေခဲ့ပြီ
အရင်ကတဲ့က မဆုံဖြစ်ကြရင်
ကောင်းမှာပဲလို့  နာကျင်စွာ
ညည်းခဲ့ဖူးပေမဲ့ နောင်တတွေနဲ့ 
အလွမ်းတွေကို ရင်မှာပိုက်
အကောင်အထည် ဖော်ခွင့်မရှိတဲ့
ဆန္ဒအတွက် အကြိမ်ကြိမ်
အငြင်းပွါးမိတယ်.....
ကောင်မလေးရရ်...
ဘယ်တော့မှ ဖျေက်ဖျက်
မရနိုင်မဲ့ သံယောဇဉ်တွေ
ဘယ်တော့မှ မကုန်ဆုံးနိုင်မဲ့
ငါရင်ဘက်ထဲက အချစ်တွေကို
မင်းလေး မမြင်နိုင်လည်း
ကြေမွနေတဲ့ နှလုံးသားတစ်စုံနဲ့
မင်းကို ထာဝရချစ်နေမိအုံးမှာပါ...  ....   .. .။။။yyt

Wednesday, March 7, 2012

နားမလည်နိုင်သော အချစ်ပုစ္ဆာ


အမေတွက်တဲ့ သင်္ချာ


ကျွန်တော်တို့ ငယ်ငယ်
မနက်မိုးလင်းတိုင်းမှာ
အိမ်ရှေ့က ပန်းခင်းလေးထဲ
... အမေနဲ့ လမ်းလျှောက်ခဲ့ဖူးတယ်

ကျွန်တော်တို့ရဲ့ လက်တွေကို ဆွဲလို့
ပန်းရနံ့လေးတွေကို ရှုရှိုက်လို့
အသစ်ပွင့်လာတဲ့ ပန်းပွင့်လေးတွေကို
တစ်ပွင့်ချင်း
တစ်ပွင့်ချင်း
အမေရေတွက်တယ်
ပန်းပွင့်လေးတွေကို နမ်းလိုက်
ကျွန်တော်တို့ကို နမ်းလိုက်နဲ့
ရယ်သံတွေကြားက ပြောတယ်
ကျွန်တော်တို့ရဲ့ မျက်နှာလေးတွေက
ပန်းပွင့်လေးတွေနဲ့ သိပ်တူသတဲ့
ပန်းပွင့်လေးတွေလိုပဲ လှပသတဲ့

ညရောက်ပြန်တော့
အမေ့ရဲ့ ရင်ခွင်ထဲမှာ ထိုင်ရင်း
အမေပြောတဲ့ ပုံပြင်တွေကို
ကျွန်တော်တို့ နားထောင်ခဲ့ကြတယ်
ပြီးတော့ ပြတင်းပေါက်ဆီကို ကြည့်ရင်း
ကောင်းကင်က ကြယ်ပွင့်လေးတွေကို
တစ်ပွင့်ချင်း
တစ်ပွင့်ချင်း
ရေတွက်ရင်းနဲ့ အမေပြောတယ်
ကျွန်တော်တို့ရဲ့ မျက်လုံးတွေက
ကြယ်ပွင့်လေးတွေနဲ့ သိပ်တူသတဲ့
ကြယ်ပွင့်လေးတွေလိုပဲ တောက်ပသတဲ့
ခုတော့ဖြင့် ငယ်ငယ်က ရေတွက်ခဲ့ဖူးတဲ့
ပန်းတွေနဲ့ ကြယ်တွေရဲ့ သင်္ချာကို
အမေမေ့လျော့ခဲ့ပြီထင်ပါရဲ့
အဖေက ကျွန်တော်တို့ရဲ့ ဟိုး..အဝေးမှာ
အဖေ့ဆီ ပို့ပေးရမယ့် ပစ္စည်းတွေ
အဖေပြန်ရောက်လာမယ့် နေ့တွေ
အမေရေတွက်တယ်
ပြက္ခဒိန်ပေါ်က နေ့စွဲတွေ
လကုန်ရင် ပေးရတော့မယ့် ပိုက်ဆံတွေ
အမေရေတွက်တယ်
ဧည့်ခန်းထဲမှာ မိုးယိုတဲ့ အပေါက်တွေ
မီးဖိုချောင်မှာ ကျိုးတဲ့ကြမ်းခင်းတွေ
အမေရေတွက်တယ်
ညီမလေး ကျောင်းပြီးမယ့် နေ့တွေ
လကုန်ရင် ကျွန်တော်ပါလာမယ့် ပိုက်ဆံတွေ
အမေရေတွက်တယ်
ပြတင်းပေါက်က ကြယ်ပွင့်လေးတွေ
အမေ မရေတွက်ရတာ ကြာပြီ
တောက်ပတဲ့ ကြယ်ပွင့်လေးတွေ
အမေ မရေတွက်ရတာ ကြာပြီ
မျက်ရည်က ဖုံးကွယ်ထားတဲ့ ကြယ်ပွင့်တွေဆိုတော့
ဘယ်လိုနည်းနဲ့ တောက်ပနိုင်ပါ့မလဲ
လှပတဲ့ ပန်းပွင့်လေးတွေ
အမေ မရေတွက် ရတာ ကြာပြီ
အသစ်ပွင့်လာတဲ့ ပန်းပွင့်လေးတွေ
အမေ မနမ်းရှိုက်ရတာ ကြာပြီ
အမေစိုက်ထားခဲ့တဲ့
အိမ်ရှေ့က ပန်းခင်းလေးလည်း
မနှစ်ကပဲ သေဆုံးသွားခဲ့ပြီ။

ကဗျာရှင်...မြင့်မိုးအောင်
.............
စစ်ကိုင်း NLD အောင်နိုင်ရေး ထွန်းအိန္ဒာဗိုလ်နှင့်ဆောင်းဦးလှိုင်သွားရောက်စည်းရုံးမည်

နှစ်ပေါင်း နှစ်ထောင်ကျော်သက်တန်းရှိ စကြမုနိရုပ်ပွားတော်သို့....

နှစ်ပေါင်းနှစ်ထောက်ကျော်သက်တန်းရှိစကြမုနိရုပ်ပွားတော်သို့