ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။

Tuesday, August 28, 2012

သည်းမခံခြင်း၏အကျိုး(အပြစ်) (၅)ပါး


၁။ ဗဟုနောဇနဿအပ္ပိယောဟောတိအမနာပေါ
များစွာသောလူအပေါင်း၏မချစ်ခြင်း၊ မမြတ်နိုးခြင်း။

၂။ ဝေရဗဟုလောစဟောတိ
ရန်များခြင်း။


၃။ ၀ဇ္ဇဗဟုလောစဟောတိ
အပြစ်များခြင်း။

၎။ သမ္မူဋ္ဌေုာကာလံဟောတိ
တွေဝေလျက်သေရခြင်း။

၅။ ကာယဿဘေဒါပရံမရဏာအပါယံဒုဂ္ဂတိံဝိနိပါတံနိရယံဥပပဇ္ဇတိ
သေလွန်ပြီးသော်မကောင်းသောလားရာ ပျက်စီးရာဖြစ်သောငရဲ၌ဖြစ်ခြင်း။

.......................................


သည်းခံခြင်းအကျိုး(၅)ပါး

၁။ ဗဟုနောဇနဿပိယောဟောတိမနာပေါ
များစွာသောလူအပေါင်း၏ချစ်ခြင်း၊မြတ်နိုးခြင်း။

၂။ နဝေရဗဟုလောစဟောတိ
ရန်မများခြင်း။

၃။ န၀ဇ္ဇဗဟုလောစဟောတိ
အပြစ်မများခြင်း။

၎။ အသမ္မူဌေုာကာလံဟောတိ
တွေဝေလျက်မသေခြင်း။

၅။ ကာယဿဘေဒါပရံမရဏာသုဂ္ဂတိံသဂ္ဂံလောကံဥပပဇ္ဇတိ
သေလွန်ပြီးသော်နတ်ပီသို့ရောက်ခြင်း။

ပန်းငွေရုံဆရာတော်၏ ဒေသနာပန်းခင်းစာအုပ်မှာ့
ကောက်နုတ်ပူဇော်ပါသည်။

လောကအကြောင်း

တကယ်လို့ ဒေါသမဖြစ်ဘဲ မနေနိုင်လို့ ဖြစ်မယ်ဆိုရင်လည်း မနောကံအဆင့် လောက်မှာပဲ ဖြစ်နေပြိး ၀စီကံ၊ ကာယကံကို ကောင်းကောင်း စောင့်ထိန်း ထားလိုက်နိုင်ရင် အခုလို အဖြစ်ဆိုးကြီးနဲ့ ကြုံရမှာ မဟုတ်ပါဘူး။ အနာဂါမ် မဖြစ်သရွေတော့ ဒေါသကရှိနေဦိးမှာပါ။ ဒါပေမယ့် ဖြစ်ဦးတော့ မနောကံအဆင့်မှာပဲ ထိန်းထားလိုက်နိုင်အောင် ကြိုးစားရပါမယ်။ မနောကံအဆင့်မှာပဲ ဖြစ်နေတာဆိုတော့သူတစ်ပါး မသိပါဘူး။ ဒီတော့ကိုယ့်ကိုလည်း သူတစ်ပါးက အထင်မသေးတော့ပါဘူး။ တကယ်လို့ ပက်ကနဲ ပြန်ပြောမိလိုက်ရင် ကိုယ်ဒေါသထွက်တာ လူသိသွားပါပြီ၊ ဒါဆို ကိုယ့်ကိုလည်း အထင်သေးသွားပါပြီ။
 ။ မိမိရဲ့လောဘများကို ဒါနတရားဖြင့်အနိုင်ယူပါ။

၂။ မိမိတို့ရဲ့ ဒေါသများကို သီလတရားဖြင့်အနိုင်ယူပါ။

၃။ မိမိတို့ရဲ့ မောဟများကို ဝိပဿနာတရားဖြင့်အနိုင်ယူပါ။

 ၁။ လောကမှာ အချစ်ဆုံးသော အရာသည် ဒုက္ခအပေးဆုံးပဲ၊ ချစ်စရာ တစ်ခုရှိလျင် ဒုက္ခတစ်ခု၊ ချစ်စရာများလျင် ဒုက္ခများတယ်၊ ချစ်စရာ မရှိလျင် ဒုက္ခ မရှိတော့ဘူး မှတ်ပါ။

၂။ စိတ်ကြီးဝင်ပြီး အောက်ခြေလွတ်နေတယ် ဆိုတာ ဟိုလူကိုငေါက်၊ ဒီလူကို ငေါက်နဲ့ တချို့များ ပိုက်ဆံပေါလို့ ၊ အာဏာရှိလို့ ရာထူးကြီးလို့ အဖက်မလုပ်ပဲ ဘ၀င်လေဟပ်နေကြတာပဲ။ အဲဒါ စိတ်ကြီးဝင်တာ မဟုတ်ဘူး၊ သံသရာမှာ အောက်ကျ နောက်ကျ ဖြစ်ဖို့အတွက် စိတ်ကလေးဝင်တာ၊ အဲဒီလိ

ု စိတ်မျိုး မမွေးမိစေနဲ့။


၃။ လူတွေဟာ သာသနာရဲ့ အနှစ် သီလ သမာဓိ ပညာကို မကြည်ညိုတတ်ကြပဲ ကျောင်းကောင်း ကန်ကောင်းတွေမှပဲ ကြည်ညိုတတ်ကြတယ်၊

၎။ လောကမှာ ဒါန ရှိမှ လူချစ်ခင်တယ်၊ သီလ ရှိမှ လူကြည်ညို ခံရတယ်၊ ပညာတတ်မှ လေးစား ကြပြန်တယ်။
http://www.facebook.com/whiteheart.landvolunteer  မှပြန်လည်ကူးယူတင်ပြခြင်းဖြစ်ပါသည်..။

Friday, August 24, 2012

ဟန်ဆောင်တက်တဲ့ သူ..


တကယ့်တကယ်မှာ..
အခြားသူတွေကိုပျော်ရွှင်အောင
်အထားနိုင်ဆုံးသူတွေဟာ သူတို့ ကိုယ်တိုင်မှာတော့
အနာကျင်ဝမ်းအနည်းရဆုံးသူတွေ ဖြစ်နေတတ်တယ်..
ခံနိုင်ရည်အရှိဆုံးလို့ ထင်ရသူတွေဟာလည်း
အပင်ပန်းရဆုံးလူတွေဖြစ်နေတတ်ပြီး..
... အတည်ငြိမ်နိုင်ဆုံးလို့ ထင်ရသူတွေဟာလည်း
အကြေကွဲရဆုံးလူတွေ ဖြစ်နေတတ်ခဲ့ပြန်တယ်..

ဒီလိုလူမျိုးတွေဟာ
ဟန်ဆောင်အကောင်းဆုံး၊ သရုပ်ပြအတော်ဆုံးလူသားတွေဖြစ်ပေမယ့်
တချိန်တည်းမှာပဲ သနားစရာအကောင်းဆုံးလူသားတွေဖြစ်နေခဲ့တယ်..

ဘာလို့ လဲဆိုတော့
သူတို့ တွေဟာ အမြဲပျော်ရွှင်ရယ်မောနေတတ်တဲ့အတွက် သူတို့ ဝမ်းနည်းနေတယ်ဆိုရင်လဲ လူတွေက ပေါ့ပေါ့ပါးပါးပဲ သတ်မှတ်ထားတတ်ကြတယ်..
အမြဲဟန်ဆောင်မြိုသိပ်ထားတတ်တဲ့အတွက် နာကျင်ပါတယ်လို့ ဖွင့်လှစ်ပြသနေခဲ့လဲ ခဏတဖြုတ်ပါပဲလို့  တွေးထင်ထားတတ်ကြတယ်..
အမြဲတည်ငြိမ်အေးဆေးနေတတ်ခဲ့တဲ့အတွက် ကြေကွဲနေရတယ်ဆိုရင်လဲ
နည်းနည်းပါးပါးပါပဲလို့  လူတွေက ယူဆသတ်မှတ်ထားခဲ့ကြတယ်လေ...

ဒီတော့ သူတို့ တွေဟာ
တစ်ပါးသူရဲ့ ပျော်ရွှင်မှုတွေကို ဆောင်ကျဉ်းပေးတတ်ခဲ့သလောက်
တစ်ပါးသူရဲ့ နာကျင်မှုတွေကို ဝေမျှယူပေးတတ်ခဲ့သလောက်
သူတို့ တကယ်တမ်း ခံနိုင်ရည်မရှိတော့လောက်အောင် ပင်ပန်းဝမ်းနည်းရချိန်မှာတော့ သူတို့ အနားမှာ သူ့ တို့ ကိုစာနာပေးနိုင်သူ၊ သူ့ တို့ ကိုပျော်ရွှင်စေနိုင်သူ တစ်ဦးတစ်ယောက်မှ မရှိနိုင်တော့တာပါပဲ...

ဒါဟာ
လူတွေအမြင်မှာအပျော်ရွှင်ရဆုံးဖြစ်တဲ့ ဟန်ဆောင်အကောင်းဆုံး ဂျိုကာလိုလူသားတွေရဲ့  အခြားသူတွေမသိနိုင်တဲ့ နာကျင်အပင်ပန်းရဆုံး ခံစားချက်တစ်စုံတစ်ရာပါပဲ.... ။

ငါ နင့်ကို အရမ်းချစ်တယ်


♥♥ကောင်းကင်က ကြယ်တွေကို ငါမပိုင်ပေမယ့်
နင့်ရင်ထဲကအချစ်တွေကိုတော့ ငါပိုင်ချင်တယ်

♥♥မြေပြင်ကပန်းကလေးတွေ အမြဲတန်း မဝေဆာနိုင်ပေမယ့်
ငါ့ချစ်သူ နင့်အပြုံးတွေကိုတော့ အမြဲတန်းတွေ့ချင်နေတယ်
...
♥♥စကြာဝဋာလောက်ငါ့ရင်ခွင်မကျယ်ပေမယ့်
နင့်ကို ပြောပြမရအောင်အရမ်းချစ်တာတော့ ငါကိုယ်ငါသိတယ်

♥♥လွမ်းတယ်ဆိုတာ ငါတသသပြောချင်ပေမယ့်
နင်ငြိုငြင်သွားမှာလည်း စိုးတယ်

♥♥အချိန်တွေရပ်တန့် မရမှန်းသိပေမယ့်
နင့်အနားရှိချိန် နာရီတွေ ငါမေ့ထားချင်တယ်

♥♥ကမ္ဘာတွေခြားသွားမှာမဟုတ်ပေမယ့်
နင့်အနားမှာတော့အမြဲ ရှိချင်ခဲ့တယ်

♥♥ဘယ်အရာမှ မတည်မြဲဘူးဆိုပေမယ့်
နင်ငါ့ကိုချစ်တာလေးကိုတော့ တည်မြဲစေချင်တယ်

♥♥အနာဂါတ်လမ်း ဘယ်လိုလာမလဲငါမသိပေမယ့်
နင်လက်ကိုတွဲ ဘ၀ခရီးေ၇ှ့ဆက်ချင်မိတယ် ချစ်သူရယ်..... ။

ဝေးကွာနေပေမယ့်..


ငါတို့နှစ်ယောက်

ကမ္ဘာတစ်ဖက်စွန်းရောက်အောင်

ဝေးကွာနေပါစေ..။

အတိတ်တွေကိုဆေးရောင်ခြယ်

ပစ္စုပ္ပန်ကို အတိုးချ

အစိုးမရတဲ့ချစ်ခြင်းတွေနဲ့

အနာဂတ်ကမ္ဘာသစ်ဆီမှာ

ပျော်ရွှင်စွာဆုံးစည်းရအောင်

နင်အားတင်းလို့ထားပါချစ်တဲ့သူ...။



တစ်ဘ၀စာနီးစပ်ဖို့အတွက်

ခဏတာဝေးကွာနေရတာကို

နင်ငြိုငြင်ကာ စိတ်မပျက်ပဲ

ငါတို့ရောက်လေရာအရပ်ဆီမှ

နေ့စဉ်နှင့်အမျှ လွမ်းနေကြမယ်နော်..။ ♥ ♥ ♥

သူသိအောင်ပြောပေးပါ.....


မြူတိမ်ကင်းစင်ပြီး

အပြာရောင်သန်းနေတဲ့

မဟူရာညကိုအလှဆင်ပေးခဲ့သူ

လမင်းကြီးရယ်..

ငါဒီမှာ ချစ်သူကိုလွမ်းနေတယ်ဆိုတာ

သူသိအောင်ပြောပြပေးပါ..။

ပူလောခြင်းကင်းမဲ့ပြီး

စိမ်းလန်းသာယာနေတဲ့

ကမ္ဘာမြေကြီးကိုအလှဆင်ပေးခဲ့သူ

မိုးစက်ကလေးများရယ်

ချစ်သူကိုလွမ်းရလွန်းလို့

ငါ့မျက်ရည်တွေလည်း

မင်းတို့နဲ့အတူစီးမျောနေရတယ်ဆိုတာ

သူသိအောင်ပြောပြပေးပါ..။


အချစ်နှင့်ပါတ်သက်သော....

သင်မြတ်နိုးတက်ရင်  သင်ပိုင်ဆိုင်ထားတာ အကောင်းဆုံးပါ..။
သင် အတ္တကြီးနေမယ်ဆိုရင်  သင်ပိုင်ဆိုင်ထားတာတောင် သင်ဆုံးရှုံးနိုင်ပါတယ်..။
သင့်အတွက် အကောင်းဆုံးကို သင်အမြဲဆုတ်ကိုင်ထားပါ..။
တစ်မိနစ်အတွင်းမှာ လူတစ်ယောက်ကို သင် သိနိုင်တယ်..။
တစ်နာရီအတွင်းမှာ လူတစ်ယောက်ကို သင် နှစ်သက်နိုင်တယ်..။
တစ်ရက်အတွင်းမှာ လူတစ်ယောက်ကို သင် ချစ်မိသွားနိုင်တယ်..။
ဒါဟာ .. ...
တစ်သက်လုံးအချိန်တွေကုန်လွန်သွားခဲ့ပေမယ့်..
သင်  သူ့ကို မေ့နိုင်မှာမဟုတ်ပါဘူး..။
သင် သူ့အတွက် မျက်ရည်မကျသင့်ပါဘူး..။
သူ သင့်ကိုချစ်တာမှန်ခဲ့ရင်...
သူ့အတွက် မျက်ရည်ကျတော့မယ်ဆိုရင်...
သူက သင့်ရဲ့ မျက်ရည်ကိုကျခွင့်ပေးမှာ မဟုတ်သလို..
သင်ကျခဲ့တဲ့ မျက်ရည်စက်တွေကြောင့် သူ့မှာလည်း...
မျက်ရည်စက်တွေပေါက်ဖွားလာနိုင်တယ်ဆိုတာ..
သင် မမေ့ပါနဲ့.....။
ငါတို့ အခွင့်အရေး မရှိတော့တာ မဟုတ်ပါဘူး..။
အခွင့်အရေးက မျက်စိရှေ့မှာပါ...။
ပြန်စဖို့ သတ္တိမရှိတော့တာပါ...။
အရသာ မရှိတဲ့ ရေကို ငြီးငွေ့တယ်လို့ ဘယ်သူမှ မပြောသလို..
အေးဆေးငြိမ်းချမ်းတဲ့ ဘဝကို  ဘယ်သူက ငြီးငွေ့တယ်လို့ ပြောမှာလဲ....?