ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။

Thursday, February 27, 2014

Facebook acc ( အကောင့် ) ဖွင့်နည်း.. ဖုန်းနံပါတ်မလို ၉၉% အဆင်ပြေပါတယ်..

အားလုံးပဲ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါရစေ....
ခုနောက်ပိုင်း FB ဖွင့်ရတာ အဆင်မပြေဖြစ်နေတာတွေ တွေ့နေရပါတယ်...
အကောင့် lock ကျရတာနဲ့ code တောင်းရတာနဲ့ ဖုန်းနံပါတ်တောင်းရတာနဲ့ အမျိုးမျိုးဖြစ်နေကြတာတွေ့ရပါတယ်...။
ခုကျနော်တင်ပြမယ်နည်းလေးကတော့ လူတော်တော်များများကိုလက်ခံထားကြပါတယ်..
 ကျနော်ဖွင့်တဲ့အကောင့်တွေလည်းမနည်းတော့ပါဘူး..
အကောင့်သစ်ဖွင့်တိုင်း ၉၀%လောက် ဖွင့်လို့ရပါတယ်.. ဖုန်းနံပါတ်လည်းမတောင်းပါဘူး.. အကောင့် လော့ကျမှုအပိုင်းမှာလည်း ကျနော်ဖွင့်ထားတဲ့ အကောင့်တွေကတော့ တစ်ခုမှကိုလော့ ကျတာမတွေ့ရသေးပါဘူး...
ခင်ဗျားတို့ကျမှ လော့ကျရင်တော့ ကျနော်လည်းမတက်နိုင်ပါဘူး.. ဟီးးးးးး...
ပြောနေတာကြာပါတယ် စကြအောင်ဗျာ.....
ပထမဆုံး အောက်ကလင့်လေးကိုသွားလိုက်ပါ....
http://www.mail.com/int/
ပေါ်လာပါပြီ..
ပုံထဲမှာပြထားတဲ့ အနီဝိုင်းလေးကိုထဲက Get your free email account ဆိုတာလေးကို နှိပ်လိုက်ပါ..
အောက်ပုံအတိုင်းပေါ်လာပါမယ်...
ပုံထဲမှာ ကျနော်ရှင်းပြထားပါတယ်...ရှင်းပြထားသလိုလေးသာ
ကလိလိုက်ပေါ့.......

Wednesday, February 26, 2014

သင်တို့နှစ်ယောက်အတွက်...


သင့်ကို အရမ်းချစ်တဲ့သူကတော့
သင့်အပေါ် အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်မှုလေး
တွေပေးနေတတ်မှာပါ

သင့်ကို အရမ်းချစ်တဲ့သူကတော့
သင်နဲ့ ဝေးနေရတဲ့ခဏလေးမှာတောင် စိုးရိမ်စိတ်
တွေနဲ့ သင့်ကို လွမ်းနေပေးမှာပါ

သင့်ကို အရမ်းချစ်တဲ့သူကတော့
သင့်အနား နားလည်မှုလေးတွေနဲ့ ခွင့်လွှတ်ပေးနိုင်
အောင် ကြိုးစားနေပေးတတ်တာပါ

သင့်ကို အရမ်းချစ်တဲ့သူကတော့
သင့်ရဲ့ အားနည်းချက်လေးတွေ လျှစ်လျူရှု့ပေး
နေရင်း သင့်အတွက် သစ္စာရှိတဲ့ချစ်ခြင်းတွေကိုသာ
ပေးအပ်နေတတ်တာပါ

သင့်ဘက်က သူ့အပေါ် သစ္စာရှိတဲ့ချစ်ခြင်းတွေနဲ့
သူ့ ခံစားချက်လေးတွေကို နားလည်ပေးရင်း
တန်ဖိုးထားနေပေးတတ်မယ်ဆိုရင် သင်က
အပျော်ရွှင်ရဆုံးသူတစ်ယောက်အဖြစ် ခံစားနေရမှာပါ

Friday, February 7, 2014

တကယ်ချစ်တဲ့သူတွေဆိုတာ......

ကိုယ့်ချစ်သူအတွက်အချိန်တိုင်းရိုးသားနေချင်တတ်ကြတယ်...

ဘယ်လောက်ဝေးဝေး သစ္စာဆိုတာသူတို့တွေအတွက်ခိုင်မာနေ
တတ်ကြတယ်...

ကိုယ့်ချစ်သူရဲ့လိုအပ်ချက်မှန်သမျှကိုအမြဲတမ်းဖြည့်ဆည်းပေး
ချင်တဲ့ လူတစ်ယောက်ပဲဖြစ်ချင်နေတတ်တယ်...

တစ်ယောက်နဲ့တစ်ယောက်အနိုင်ရူံးတွေဆိုတာမသတ်မှတ်တတ်
ကြတော့ဘူး ထပ်တူဖြစ်အောင်အမြဲကြိုးစားနေတတ်ပါတယ်...

တစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုးစိတ်ကောက်ကြရင်တော့
ပြန်ချော့ရလွယ်တတ်တယ် ဘာဖြစ်လို့လဲဆိုတော့တစ်ယောက
နဲ့တစ်ယောက်ဟာ အချိန်တွေအကြာကြီးခွဲနေလို့မရလို့ပဲ...

ကိုယ့်ချစ်သူကိုဆုံးရူံးရမှာကြောက်တဲ့စိတ်လေးတွေနဲ့ ပိုင်ဆိုင်ဖို့
အတွက်အမြဲကြိုးစားနေတတ်ကြတယ်...

တကယ်ချစ်ကြတဲ့ချစ်သူတွေဟာ ဘယ်လိုမျိုးသောအကြောင်း
ကိစ္စနဲ့မှခွဲခွါကွဲကွာလို့မရတဲ့သံယောဇဉ်တွေနဲ့ချည်နှောင်ထားတတ်
ကြတယ်...

မှတ်သားစရာများ......

  1. ဒေါသနဲ့ ဝေးဝေးနေပါ .. သင့်ရဲ့ ဒေါသက သင့်ကိုပဲ နာကျင်စေပါလိမ့်မယ်...။
  2. သင်မှန်နေတယ်ဆိုရင် ဘာလို့စိတ်ဆိုးနေစရာလိုမလဲ..။ တကယ်လို့  သင်မှားနေတယ်ဆိုရင်တော့ သင်မှာ ဘာမှစိတ်ဆိုးပိုင်ခွင့်မှ မရှိပါဘူး...။
  3. မိသားဝင်တွေကို သည်းခံခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖော်ညွန်းတယ်။  တခြားသူတွေကို သည်းခံခြင်းဟာ လေးစားမှုကို ဖော်ညွန်းတယ်။   ကိုယ့်ကိုယ်ကိုသည်းခံခြင်းဟာ ပိုင်နိုင်စိတ်ချမှု  မိမိကိုယ်ကို ယုံကြည်မှုတို့ကို ဖော်ညွန်းတယ်။  ကံကြမ္မာအပေါ်သည်းခံခြင်းဟာ  ယုံကြည်သက်ဝင်မှုကို ဖော်ညွန်းပါတယ်...။
  4. အတိတ်အကြောင်းကို သိပ်မတွေးပါနဲ့ မျက်ရည်တွေပဲ ကျလာမယ်။  အနာဂတ်အကြောင်းကို သိပ်မတွေးပါနဲ့   စိုးရိမ်ကြောက်ရွံ့မှုတွေပဲ ရလာမယ်။  ပစ္စုပ္ပန်တည့်တည့်မှာ အပြုံးလေးနဲ့  နေထိုင်ပါ .  ကောင်းချီးသြဘာတွေ ဆိုက်ရောက်လာပါလိမ့်မယ်...။
  5. ဘဝရဲ့ စမ်းသပ်ချက်တိုင်းက ကျွန်တော်တို့ကို  ပိုကောင်းစေသလို ပိုပြီးတော့လည်း ခါးသီးသွားစေနိုင်ပါတယ်  ... ကြုံတွေနေရတဲ့ ပြဿနာတိုင်းဟာ  ကျွန်တော်တို့ကို  တည်ဆောက်နိုင်စေသလို  ချိုးဖျက်နိုင်စေပါတယ်။ သားကောင်ဖြစ်မလား  မုဆိုးဖြစ်မလားဆိုတာကတော့ သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေပါတယ်..။
  6. လှပတဲ့အရာတိုင်းဟာ  အမြဲတမ်းမကောင်းမွန်နိုင်ပါဘူး.။ ဒါပေမဲ့ ကောင်းမွန်တဲ့ အရာတိုင်းကတော့ အမြဲတမ်းလှပနေပါတယ်..။
  7. လက်ချောင်းလေးတွေကြားမှာ ဘာလို့ ဟ နေတာလဲသိလား  ။ အဲဒီ ဟ နေတဲ့ နေရာလေးတွေဟာ သင့်အတွက် အရေးပါဆုံးသူက သင့်လက်ကို ထာဝရဆွဲကိုင်ပြီးဖြည့်ဆည်းပေးမယ့် နေရာလေးတွေဖြစ်ပါတယ်..။
  8. ပျော်ရွှင်မှုဟာ သင့်ကိုချစ်စဖွယ်ဖြစ်စေတယ်..။  ဒါကြောင့်အမြဲပျော်ရွှင်နေရအောင် တက်နိုင်သမျှ  ကြိုးစားသင့်တယ်...။
  9. အရာအားလုံးမှာ သက်ဆိုင်ရာတွဲဖက်မှုတွေရှိကြတယ်..။ တစ်နေရာရာမှာ တစ်စုံတစ်ယောက်က သင့်အတွက် ရှိနေလိမ့်မယ် ဒါကြောင့် နေရာမှန်ဖြစ်မယ့် အချိန်ကို စောင့်နေလိုက်ပါ...။           အားလုံးကိုလေးစားလျှက်..........................

Monday, January 27, 2014

ဘဝအတွက်အကြံပြုချက်များ....

သင့်အနေနဲ့ ယုံချင်မှလည်းယုံမယ်..
ယုံရင်လည်း ယုံရလိမ့်မယ်...။ဒါပေမဲ့ ဒီအကြံပြုချက်လေးတွေကတော့ တကယ်ပဲ    ကောင်းမွန်သင့်တော်ပါတယ်။ အဆုံးထိဖက်ကြည့်လိုက်မယ်ဆိုရင် သင့်အတွက် တစ်ခုခုကျန်ပါလိမ့်မယ်။
  1. လူတွေကို သူတို့မျှော်လင့်ထားတာထက်ပိုပေးပါ   ဝမ်းမြှောက်ဝမ်းသာနဲ့ ရက်ရက်ရောရောပေးပါ။
  2. သင်နဲ့စကားပြောရတာအဆင်ပြေတဲ့ လူမျိုးကို    လက်ထပ်ယူပါ။ အသက်ကြီးလာတာနဲ့အမျှ   စကားပြောဆိုဖို့အဆင်ပြေခြင်းဟာ   တခြားအရာတွေထက်  ပိုအရေးပါလာပါလိမ့်မယ်။
  3. ကြားသမျှကို အကုန်မယုံပါနဲ့ .. ရှိသမျှအကုန်မသုံးပါနဲ့... အိပ်ချင်သလောက်    အကုန်မအိပ်ပါနဲ့...။
  4. ချစ်တယ်..... ဆိုတဲ့စကားကို နားလည်ခံစားပြီးမှ    ပြောပါ..။
  5. တောင်းပန်ပါတယ် ... ဆိုတဲ့စကားကို ဆိုတဲ့အခါ  မျက်လုံးချင်းဆုံပြီးတော့ ပြောပါ။
  6. လက်မထပ်ခင် အနည်းဆုံး  ခြောက်လလောက်  အချိန်ယူလေ့လာပါ..။
  7. အမှားလုပ်မိပြီဆိုတာ သိလိုက်တာနဲ့ ချက်ခြင်းပြန်ပြင်ပါ။
  8. တခြားသူရဲ့ အိပ်မက်တွေကို  ဘယ်တော့မှ   ပျက်ရယ်မပြုမိပါစေနဲ့..စိတ်ကူးအိပ်မက်မရှိသူများက  သိပ်များများစားစားမရှိပါဘူး..။
  9. နက်နက်ရှိုင်းရှိုင်း  နှစ်နှစ်ကာကာချစ်ပါ... ဒီလိုချစ်လို့ သင် နာကျင်ခံစားရကောင်း ခံစားရပါလိမ့်မယ်.. ဒါပေမဲ့ ဘဝကိုပြည့်ပြည့်စုံစုံဖြတ်သန်းဖို့   တစ်ခုတည်းသောနည်းလမ်းက ချစ်ခြင်းမေတ္တာပဲရှိပါတယ်..။
  10. အငြင်းပွားစရာရှိတဲ့အခါ မျှမျှတတဆွေးနွေးငြင်းခုန်ပါ.. နာမည်တွေခေါ်ပြီးပြောဆိုတဲ့ အခြေနေမျိုးမရောက်ပါစေနဲ့...။
  11. ဆွေမျိုးအသိုင်းအဝိုင်းတွေကိုကြည့်ပြီး   လူတွေကိုမဆုံးဖြတ်ပါနဲ့...။
  12. မြန်မြန်စဉ်းစားပြီး ဖြေးဖြေးချင်းပြောပါ..။
  13. သင်မဖြေချင်တဲ့ မေးခွန်းမျိုးကို တစ်ယောက်ယောက်က မေးလာခဲ့ရင်   " ဘာကြောင့်  ဒါကိုသိချင်ရတာလဲ  " လို့ပြုံးပြီးပြန်မေးလိုက်ပါ..။
  14. ကြီးမားတဲ့ချစ်ခြင်းနဲ့ ကြီးမြတ်တဲ့အောင်မြင်မူတွေမှာ  ကြီးမားတဲ့  စွန့်လွှတ်စွန့်စားမှုတွေ  ပါဝင်နေတယ်ဆိုတာ   သတိရပါ...။
  15. တစ်ခုခုကို လက်လွှတ်ဆုံးရှုံးရတဲ့အခါ  သင်ခန်းစာယူဖို့ လက်မလွှတ်ပါစေနဲ့...။
  16. ကိုယ့်ကိုယ်ကို လေးစားပါ...တခြားသူတွေ့ကို  လေးစားပါ.... ကိုယ်လုပ်ခဲ့သမျှ  ကိုယ့်တာဝန်  ကိုယ်ယူတတ်ပါစေ..။
  17. ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို   ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေကြောင့်  အထိအခိုက်မခံပါနဲ့..။
  18. ဖုန်းကိုင်လိုက်တာနဲ့ ပြုံးလိုက်ပါ.. သင့်အပြုံးကို  တစ်ဖက်လူက ကြားပါလိမ့်မယ်..။
  19. တစ်ခါတစ်လေ တစ်ယောက်ထဲနေပါ..။   အားလုံးကို လေးစားလျှက်ပါ..။

Sunday, January 26, 2014

ဆေးဖက်ဝင် မီးကွင်းဂမုန်း

ဝမ်းကိုက်ပျောက်စေရန်..
မီးကွင်းဂမုန်းကို သုတ်စားခြင်းဖြင့် ဝမ်းကိုက်ပျောက်စေသည်။ သုတ်နည်းမှာ အရွက်မျာကို သုတ်စားသည့်အတိုင်း  ၊ ဥပမာ    မန်ကျည်းရွက် သုတ်စားသလိုသုတ်စားပါ။ အမှန်တကယ်သက်သာပါလိမ့်မည်။
======
ဓါးရှ ၊ သံမှိုစူးသွားသလား
ဓါးရှသည်ဖြစ်စေ သံမှိုစူးသွားသည်ဖြစ်စေ   ချက်ခြင်းဆိုသလိုပဲ မီးကွင်းဂမုန်း(တစ်ရွက်လောက်)ကို ခူး၍ရေဆေးပါ။    ရေဆေးပြီးနောက် ပါးစပ်ထဲထည့်၍ ဝါးပါ။  ရလာသော အရည်နှင့် ညက်နေသော မီးကွင်းဂမုန်းကိုယူ၍ ဒဏ်ရာပေါ် အုံးထားပေးပါ။သွေးတိတ်သွားမည်။ သံမှိုစူးပါက    အထပ်ပါနည်းအတိုင်းပြုလုပ်ပေးပါ။ ကိုက်ခဲမှုသက်သာစေသည်။  အနာရင်းမှုကိုလည်း   ကာကွယ်ပေးသည်။ ဤနည်းလမ်းများသည် ကိုယ်တိုင်စမ်းသပ်ခဲ့ သုံးစွဲခဲ့ဖူးသော နည်းလမ်းများဖြစ်သောကြောင့် ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါသည်။

မယားကောင်း မယားမြတ်တို့၏ ကိုယ်ကျင့်တရားများ..

  1. အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်းစင်ကြယ်စွာ စားသောက်နေထိုင်လေ့ ရှိခြင်း။
  2. လင်ရှာဖွေရသော ဥစ္စာပစ္စည်းတို့ကို  ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း။
  3. ယောက်ျားတစ်ပါးသို့ စိတ်နှလုံးမကူးခြင်း။
  4. လင်အိပ်ပြီးမှ အိပ်လေ့ရှိခြင်း။
  5. လင်၏ အလုပ်အကိုင်အကြံအစီများကို ခံယူ၍   ကူညီခြင်း။
  6. လင့်အာဏာကို မဖီဆန်ပဲ လင်၏အလိုသို့လိုက်၍   ပြုရခြင်း။
  7. လင့်အား ချစ်ဖွယ်သော စကားကိုပြောဆိုလေ့ရှိခြင်း။
  8. အပူအချမ်းတို့ လျော်စွာ လင့်အား ဝတ်ဆင်ပေးရခြင်း။ (သုတေသနသရုပ်ပြအဘိဓါန်ကျမ်း) လောကနီတိကျမ်း အလိုရမူ။
  9. စားသောက်သောအခါတို့၌ လည်းကောင်း   အဝတ်စားတန်ဆာပြုပြင်စီရင်သောအခါတို့၌   လည်းကောင်း အမိကဲ့သို့ နှစ်သက်ဖွယ်   ပြုပြင်တက်ခြင်း။
  10. လျှို့ဝှက်အပ်သော မကျစ်မလစ်သော အရာတို့၌   နှမကဲ့သို့  ရှက်တက်ခြင်း။
  11. အမှုကိစ္စဆောင်ရွက်သောအခါ၌ လည်းကောင်း    လင် အနီးအပါးသို့ သွားသောအခါ၌  လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း။
  12. ဘေးဒုက္ခကြုံသောအခါ တိုင်ပင်ဖော်ရခြင်း။
  13. အိပ်သောအခါ လင်ကိုမွေ့လျှော်စေတတ်ခြင်း။
  14. အရောင်အဆင်းပြုပြင်ခြင်း၌ တင့်တယ်စွာ   ပြုတတ်ခြင်း။
  15. အမျက်ထွက်ရန်ရှိသောအခါ  အမျက်ကို  သည်းခံထိန်းသိမ်းထားတတ်ခြင်း။             ဤမယားသည် မယားကောင်းမယားမြတ်ဖြစ်၍ သေသည့်အခါ    နတ်ပြည်သို့ သွားရသည် ။  ဗဟုသုတတိုးပွားနိုင်ကြပါစေ။  မြန်မာအမျိုးသမီးတိုင်း  ကိုယ်ကျင့်တရားစောင့်ထိန်းနိုင်ကြပါစေ..


Root လုပ်တာဆိုတာ ဘာလဲ ဘာကြောင့် Android ကို root လုပ်ရတာလဲ

Android မှာ root လုပ်တာဆိုတာ ဘာလဲ …… ?
ပထမဆုံးအနေနဲ့ Android မှာ root လုပ်တာဆိုတာဘာလဲ တာကို အလွယ်တကူရှင်းပြထားပါတယ်။
root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။
Android OS က linux အသုံးပြုေ၇းသားထားတဲ့ system တစ်ခုပါ။
” Root ” ရဲ့သဘောတရားက သင့်ရဲ့ device ကို “Superuser” ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။
သင့်ရဲ့ Android Software မှာ permissions ရအောင်ပြုလုပ်တာပါ။
root လုပ်ပြီးတာတဲ့ user အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊ စွမ်းရည်မြင့်တင် ထားတဲ့custom software (ROM) ၊custom themes , Performance ၊ battery life တွေရဲ့
အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။

အခြေံအားဖြင့် သင့်ရဲ့ Android device ကို ” Hacking ” ပြုလုပ်တာပါ။root လုပ်ပြီးတာနဲ့ မိမိဖုန်း ကို administrator အနေနဲ့ system တခုလုံးကို အပြည့်အ၀အသုံးပြုနိုင်သလို လိုအပ်သလို လဲပြုပြုနိုင်ပါ တယ်။ဥပမာအနေနဲ့ နိုင်းယှဉ်ပြရရင် apple iPhone ရဲ့ iOS ကို jailbreak လုပ်တဲ့ အလားအလာ ပုံစံနဲ့အတူတူပါပဲ။Root လုပ်လိုက်တဲ့အတွက် သင့် ၀ယ်သုံးတဲ့ Android device ရဲ့ manufacturers or mobile operatorsတွေက တစ်စုံတစ်ခုအတွက် အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။

ပြီးတော့ Root လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ မလုပ်နိုင်ပါဘူး။ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ service တွေကိုအသုံးချဖို့ သင့် root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင် သင့်ပြုလုပ်နိုင်ပါတယ်။အခုလို root user အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို root ပြုလုပ်ရတဲ့ အစီအစဉ်ကိုAndroid rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။
သင့်ရဲ့ဖုန်းကို Root မလုပ်ခင် သတိထားရမဲ့အချက်သင့်ရဲ့ဖုန်းကို root မလုပ်ခင်မှာ အောက် မှာဖော်ပြ ထားတဲ့ အချက်လေးတွေဖတ်ထားဖို့လိုပါတယ်..............

၁. သင့်ရဲ့ဖုန်းက Warranty void ဖြစ်သွားပါမယ်။
၂. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် ဘာကြောင့်သင့်ရဲ့ဖုန်းကို root လုပ်ချင်တာလဲစတဲ့
သင့်ကိုယ်တိုင်ယုံကြည်စိတ်ချမူရှိဖို့လိုပါပါတယ်။
၃. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် သေချာတဲ့ သင့်ဖုန်းနဲ့ ပတ်သက်တဲ့ root လုပ်နည်း
guide ရှိဖို့လိုပါတယ်။သင့်ဖုန်း မော်ဒယ်အမျိုးအစားကြည့်ဖို့အတွက် အလွယ်တကူကြည့်နည်းက ဖုန်းရဲ့
အပေါ်ယံကာဘာ (သို့မဟုတ်) အများအားဖြင့် ဘတ်ထ္ထရီအောက်မှာ ရှိပါတယ်။
၎. root လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး ၊ အဆင့်တွေကို ၂ခါပြန်စစ်ပေးပါ။
၅. root မလုပ် မိမိဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ datas တွေကို backup လုပ်ထားပေးပါ။
Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ

1. Total control over system
root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။
root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို
တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။
( ဥပမာ : Android phone / tablet ကို root လုပ်ပြီး
system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )

2. Remove Unwanted apps
ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။
တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့
phone memory ကိုအလဟဿဖြစ်စေပါတယ်။
ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့
applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။

3. Change Themes
ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။
နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။
ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက
ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့
သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။

4. Backup Whole System
Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာ
သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။
အထူးသဖြင့် new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့် backup လုပ်ထားပြီးSD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?
OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။
သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ ” image ” ရှိလို့ပါ။
သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။

5. Installing Special Applications
Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications
တွေကို သင့် install ပြုလုပ်နိုင်ပါတယ်။
( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )
အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိုင်ပါတယ်။

6. Install New ROM , Interference
သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)အခြား New Rom အသစ် သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကိုချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။အခုဆိုရင် Android developers တွေအများအပြားရှိပါတယ်။
ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်းအနည်းအကျဉ်း သဘောပေါက်လောက်ပါပြီထင်ပါတယ်နော်

Ref:Myanmar Mobile Application Store
လယ်တီမြေသား မှ ပြန်လည်ကူးယူဖေါ်ပြပါသည်

သိသမျှ တွေ့သမျှလေးများကို စေတနာထားပြီးပြန်လည်
မျှဝေခြင်းဖြစ်ပါသည်..


Myanmar Typing ကျင့်ချင်သူများအတွက်

ဒါလေးက တစ်ချို့တွေအတွက်တော့ အသုံးဝင်နိုင်ပါတယ် ၊ English Typing အတွက်ဆော့ဝဲလ်တွေအများကြီးရှိပေမဲ့ မြန်မာ Typing အတွက်ကတော့တော်တော်လေးရှားပါတယ်
မြန်မာစာ လေ့ကျင်ချင်သူတွေအတွက် အသုံးဝင်မှာပါ
ဒီဟာလေးက Flash နဲ့လုပ်ထားတာဖြစ်လို့ ဖိုင်ဆိုဒ်က အင်မတန်မှသေးငယ်လွန်းပါတယ်
ဘာမှသွင်းစရာမလို double Click နှိပ်ပြီး သုံးနိုင်ပါတယ် ။
 အောက်မှာဒေါင်းရန်
သိသမျှ တွေ့သမျှလေးများကို ပြန်လည်မျှဝေခြင်း
ဖြစ်ပါသည်...
software မြို့တော်  မှကူးယူဖေါ်ပြပါသည်

Unlock Pattern မေ့သွားလို့ ဖုန်း Lock ဖွင့်လို့မရတော့ရင် ဘာလုပ်မလဲ

Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူဝင်ကြည့်နိုင်
ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ရတယ်ပေါ့ဗျာ…အဲဒါပေမယ့်…ကိုယ်ပေးထားခဲ့
တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲဆိုတာ ခေါင်းထဲမှာမမှတ်မိတော့ရင်
တော့ဘယ်လိုလုပ်မလဲ
ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေကအသုံးဝင်မှာပါ…ဖုန်းထဲမှာgoogleaccount တော့ဝင်ထားဖို့လိုပါတယ်
အကယ်လို့ဖုန်းထဲမှာ Google Account ကိုဝင်မထားမိဘူးဆိုရင်တော့…WiFi ချိတ်ထားဖို့လိုပါတယ်…ဘာလို့လဲဆို
တာ့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။ပြီးတော့ တခြားဖုန်းတစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ
Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock
pattern ပြီးတော့ Settings > Accounts &SyncကနေAddAccountပြီးတော့googleaccountကိုထည့်လိုက်ပေါ့ဗျာ
ပြီးတော့ ဖုန်းချလိုက်ပါ…အောက်က အဆင့်တွေဆက်လုပ်လို့ရပါပြီ…Unlock Pattern မှာငါးကြိမ်ထက် ပိုမှားခဲ့ရင်
တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ”
ဆိုပြီး ပေါ်လာပါမယ် …OK နှိပ်လိုက်ပါ။စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern?
ဆိုတာလေးကို နှိပ်လိုက်ရင်ဒီလိုလေးပေါ်လာမယ်…ဒါဆိုရင်သင်ဖုန်းထဲမှာထည့်ထားတဲ့ usernameနဲ့password
ဖြည့်ပြီး Sign in လုပ်လိုက်ပါ …ဝင်သွားပြီဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ ဒီတစ်ခါတော့မှတ်ထားပေါ့နော်
ပြီးရင် Continue နှိပ်ပါ …Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် ပြီးရင် Confirm နှိပ်ပါ …
ဒါဆိုရင်တော့ သင်ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် အကယ်လို့ …
ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …
အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည်တာပဲဖြစ်ပါတယ်။ဒါပေမယ့်
Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့
Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင်
Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern
Lock ဖြည်ပြီးသား ဖြစ်နေမှာပါ …
Ref:MMF
http://www.myanmarplay.com
အားလုံးအတွက်စေတနာထားပြီး
သိသမျှ တွေ့သမျှလေးတွေကိုပြန်လည်မျှဝေခြင်းဖြစ်ပါသည်

လိပ်လိုနှေးတဲ့ Internet စနစ်ကနေ ဒုံးပျံလိုမြန်တဲ့ Internet ဖြစ်အောင် Software မလိုဘဲ လုပ်ရအောင်

လိပ်လိုနှေးတဲ့ Internet စနစ်ကနေ ဒုံးပျံလိုမြန်တဲ့ Internet ဖြစ်အောင်ဆိုတဲ့ ခေါင်းစဉ်နဲ့အရင်က ပို့စ် တစ်ပုဒ်တင်ပေးခဲ့ဖူးပါတယ်.. ကျွန်တော့်ဘလော့ရဲ့ Popular စာရင်းထဲမှာ ဒုတိယနေရာလိုက်နေဆဲပါပဲ.. အဲဒီပို့စ်မှာတင်ထားတဲ့ App ကိုလည်း ဒေါင်းကြတာ သိပ်ကိုများပါတယ်.. App နာမည်က de.mangelow.network.apk ဖြစ်ပါတယ်.. အခုပြောပြမှာက အဲဒီ App မလိုဘဲ လုပ်နည်းပါ.. သိပြီးသားလူတွေကတော့ မောင်ပေါက်ကို ခပ်ပေါပေါပဲကွာလို့ ထင်ကောင်းထင်နိုင်ပါတယ်.. မသိသေးတဲ့ ကျွန်တော့်ကို လူအတွက်ကတော့ သိပ်တန်ဖိုးရှိမှာပါ...
ဒီလိုပါ.. မိတ်ဆွေရဲ့ ဖုန်းဟာ Android သုံးထားတဲ့ ဖုန်းဆိုရငပေါ့..
1. မိတ်ဆွေရဲ့ ဖုန်းဟာ Android သုံးထားတဲ့ ဖုန်းဆိုရင် ဖုန်း Call ဘောက်ထဲမှာ *#*#4636#*#* လို့ ရိုက်ထည့်လိုက်ပါ.. ကုဒ်ကအလုပ်လုပ်ပြီး နာမည် (၄)ခု ကျလာပါမယ်..
2. အဲဒီနာမည် (၄)ခုထဲက  Phone Information ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ.. တကယ်လို့များ Sim Card 2 ကဒ်သုံးလို့ရတဲ့ဖုန်းဆိုရင် SUB 1 နဲ့ SUB 2 ဆိုပြီး ထပ်ပေါ်လာပါတယ်.. ကိုယ်က Card 1 မှာဆိုရင် SUB 1 ၊ Card 2 မှာဆိုရင် SUB 2 ကိုရွေးပေးလိုက်ပါ..
3.ါဆိုရင် Phone Info ဆိုတဲ့ခေါင်းစဉ်နဲ့ IMEI နံပါတ်.. Phone number (ဒါကတော့ နံပါတ်ပြချင်မှပြမှာပါ.. ကျွန်တော့်ဖုန်းမှာ မပြပါဘူး)၊ Current network မှာ Myanmar Post and Telecommunication စတဲ့ စာသားတွေမြင်ရမှာပါ.. ခုပြောမှာက အဲဒါနဲ့တော့ မဆိုင်ပါဘူး.. အာက်ကိုရွှေ့ပြီး   အောက်နားမှာ Set preferred network type: ဆိုပြီး ရှိတယ်.. အဲဒီစာလေးနဲ့ကပ်လျက်အောက်မှာ အဖြူပြားပေါ်မှာ Network Type ရှိပါတယ်.. GSM ဆို GSM , CDMA ဆို CDMA, WCDMA ဆိုရင် WCDMA ဆိုတဲ့စာတွေနဲ့ တွေ့ရပါမယ်.. အဲဒါကို တစ်ချက်နှိပ်လိုက်ပါ..
အောက်ကပုံလေးလို ကျလာပါလိမ့်မယ်..

4. ကျလာတဲ့ List ထဲမှာ GSM နဲ့ WCDMA သမားတွေက WCDMA only ကိုရွေးပေးလိုက်ပါ.. CDMA သမားတွေက EvDo only ကိုရွေးပေးလိုက်ပါ...ဒါပါပဲ.. ဆော့ဝဲနဲ့လုပ်သလို မြင်ကွင်းမျိုးလေ.. ဒါဆိုရင်တော့ မိတ်ဆွေရဲ့ နက်ဝပ်စနစ်ဟာ 3G မှာ ကောင်းကောင်းအလုပ်လုပ်ပြီး မြန်ဆန်တယ်ဆိုတာ လက်တွေ့သိပါလိမ့်မယ်.. 
ဒါဆိုရင် အောက်ကပုံလို ဖြစ်သွားမယ်လေ..
တိပြုရန်၊ အထက်ကပြောခဲ့တဲ့ နည်းလမ်းတွေဟာ 3G Internet စနစ်မိတဲ့နေရာတွေမှာသာသုံးနိုင်မှာဖြစ်ပါတယ်.. 3G စနစ်မမိရင်တော့ လိုင်းပါပျောက်သွားပါလိမ့်မယ်.. စိတ်မပူပါနဲ့.. ခုနက အဆင့်တွေထဲက အဆင့် ၃ ထိ လုပ်လိုက်ပြီး အဆင့် (၄)မှာတော့  GSM ဆိုရင်  GSM auto ဒါမှမဟုတ် GSM only ကိုရွေး၊ WCDMA သမားက WCDMA preferred ကိုရွေး၊ CDMA သမားက CDMA auto ဒါမှမဟုတ် CDMA only ကိုရွေး၊ GSM နဲ့ CDMA နှစ်ကဒ်စိုက်သမားက GSM/CDMA auto ကိုရွေးပေးလိုက်ပါ.. လိုင်းပြန်တက်လာပြီး မူရင်း Internet အမြန်နှုန်းအတိုင်းပဲ လိပ်ကလေးလို ပြန်ရပါလိမ့်မယ်.. လိုင်းတော့ မပြတ်တော့ပါဘူး... တစ်ချို့ဖုန်းတွေမှာ ကုဒ်တွေ အလုပ်မလုပ်တာတွေ့ရပါတယ်.. ဒါဆိုရင်တော့ App လေးသုံးလိုက်ပေါ့.. ဒီမှာ တင်ထားတယ်
အဆင်ပြေပါစေနှော်..

Credit to : မောင်ပေါက်
ပြန်လည်မျှဝေပါသည် 


Friday, January 24, 2014

ဘဝ အပြုံး

စိတ်ထဲ ဝမ်းနည်းတာ များလာတော့
ဟန်ဆောင်ပြုံးတတ်လာတယ်..
ဘဝကဘဲ နာကျင်ပါ များလာတော့
ရပါတယ် အဆင်ပြေသွားမှာပါ ဆိုတဲ့စကားကို
ပြောတတ်လာတယ်.....
ရင်ထဲ အရမ်းမွန်းကြပ်တာတွေများလာတော့
လူမသိသူမသိ စကားမပြောဘဲတစ်နေရာမှာ
ငြိမ်ငြိမ်လေးထိုင်နေချင်လာတယ်...
ဒါပေမယ့်.......
ကံဆိုးပြီးရင် ကံကောင်းမှုတွေ
ကိုယ့်ဆီရောက်လာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးနဲ့
မျက်ရည်တွေကိုသုတ်ပြီး
နောက်ထပ်တစ်ခါ လောကကြီးကို ရင်ဆိုဖို့
မဲ့ပြုံးလေး ပြုံးမိလိုက်ပြန်ပြီ...။

Monday, January 20, 2014

အခန်းဆက် အိပ်မက်ရှည်...

အိပ်မက်ဆိုတာ.....
တကယ်တော့
မသိစိတ်က......
ဌားဖတ်တဲ့ ရုပ်ပြစာအုပ်လိုပါပဲ။

ညက ဌားဖတ်ပြီး
မနက်ကျတော့.....
ဆိုင်ကို ပြန်ပို့လိုက်ရတယ်။

မသိစိတ်က အဲ့ဒီစာအုပ်
ကောင်းတယ်ပြောတော့...
သိစိတ်က ဖတ်ချင်လာတယ်။

ဒါပေမယ့်...
... စာအုပ်ဆိုင်
ဘယ်မှာမှန်းမသိတော့.....????
ခက်လှတယ်လေ။

ဖတ်ချင်လွန်းလို့
လိုက်ရှာဖတ်ကြည့်တော့လည်း
သောက်လေ သောက်လေ...
ငတ်မပြေတဲ့
အခန်းဆက် ဇာတ်လမ်းရှည်လိုပဲ...။

မသိစိတ်က စိတ်ကောက်ပြီး
သိစိတ်နဲ့ ချော့ခိုင်းတာတော့
ခက်လွန်းလှတယ်..... ချစ်သူရယ်။

တွေးကြည့်ပါ

မိတ်ဆွေကောင်းဆိုတာ သင့်ဘဝမှာ ကြုံတွေ့ရသမျှလူတွေထဲက သင့်ကို နည်းနည်းပိုပြီး
အသံကျယ်ကျယ်ရယ်စေတဲ့သူ.....
သင့်ကို နည်းနည်းပိုပြီးတောက်တောက်ပပပြုံးပြစေတဲ့သူ...
သင့်ကို နည်းနည်းပိုပြီး ကောင်းကောင်းမွန်မွန်
နေထိုင်စေတဲ့ သူတွေပါ...။

===============
ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပါပဲ.. တစ်ခါလုံး
ချေပစ်လိုက်ရင် ဘယ်တော့မှ အရင်လိုပြန်မဖြစ်နိုင်တော့ပါဘူး...။
============
ချစ်မိသွားတယ်ဆိုတာ တိုက်အမြင့်ကြီးပေါ်က ခုန်ချလိုက်တာနဲ့တူတယ်..၊ သင့်ဦးနှောက်က ဒါဟာမလုပ်သင့်တဲ့ ကိစ္စလို့ ပြောနေတယ်...
ဒါပေမဲ့ သင့်နှလုံးသားကတော့ သင်ပျံသန်းနိုင်ပါတယ်လို့ ပြောနေတယ်လေ...။
==================
အမုန်းတရားဆိုတာ အက်ဆစ်နဲ့တူတယ်..
သူ့ကိုသိုလျှောင်ထည့်သွင်းထားတဲ့ အရာကိုလည်း
ထိခိုက်ပျက်စီးစေတယ်.. သူ လောာင်းချလိုက်တဲ့အရာကိုလည်း လောင်ကျွမ်းဖျက်စီးစေတယ်..
===================
မျှော်လင့်ချက်ဆိုတာ မိုးပျံပဖောင်းလေးတွေလိုပါပဲ..
သင်ကကြိုးလေးတွေကို ချည်နှောင်ဆွဲကိုင်ထားသမျှ
မိုးကောင်းကင်ပေါ်ကို လွင့်ပျံတက်သွားနိုင်မှာ မဟုတ်ပါဘူး..။
==============
ဘဝဆိုတာ စာအုပ်တစ်အုပ်လိုပါပဲ..
တစ်ချို့အခန်းမှာ ဝမ်းနည်းမယ်..
တစ်ချို့အခန်းမှာ ပျော်ရွှင်ရမယ်..
တစ်ချို့အခန်းမှာတော့ စိတ်လှုပ်ရှားစရာအတိပေါ့..
ဒါပေမဲ့ သင့်အနေနဲ့ စာမျက်နှာတွေကို မလှန်ခဲ့ဘူးဆိုရင် နောက်အခန်းတွေမှာ ဘာဖြစ်မယ်ဆိုတာကို သင်သိနိုင်မှာ မဟုတ်ပါဘူး..။

Sunday, January 19, 2014

Facebook မှာ ကိုယ့် Timeline ကို ဘယ်သူမှ tag မရအောင်လုပ်နည်း

ကျွန်တော် ဟိုးအရင်က ဒီနည်းလမ်းလေးကို သူငယ်ချင်းတစ်ယောက်
မေးလို့ ပြောခဲ့ဖူးပါတယ် မိန်းကလေးဆိုတော့ tag တဲ့သူတွေများတော့
သူ့ timeline မှာ သူရေးတဲ့ post က နည်းပြီး tag တဲ့ အရာတွေက
များနေတော့ အကူအညီလာတောင်းတာနဲ့ ကျွန်တော် ဖြေပေးခဲ့ဖူးပါတယ်
ဒီနေ့လည်း ညီလေးတစ်ယောက် tag ပီးလာမေးတော့ ဒီပို့စ်လေးကို
ရေးလိုက်မယ်လို့ ဆုံးဖြတ်လိုက်တာပါ မသိသူများ အတော်များ
ပါလိမ့်မယ်လို့ ကျွန်တော်ထင်တယ် ဒါပေမယ့် နည်းလမ်းက 
လွယ်ပါတယ် ။ အထူးသဖြင့် Friend များသူတွေ မိမိကို ခဏခဏ tag 
ခံရသူတွေ လုပ်ထားသင့်ပါတယ် ကိုယ့်ကိုယ် လာ tag မယ်ဆိုရင်တော့
အလိုအလျောက် timeline မှာပေါ်သွားမှာမဟုတ်ပါဘူး
ကိုယ့်ဆီကို Notification တစ်ခု လာပြပါ့မယ် အောက်ကပုံလိုပေါ့ 
ဒါက ကျွန်တော့်ကို လူတစ်ယောက် လာ tag တဲ့ Noti လေးကိုကျွန်တော်နှိပ်လိုက်တာပါ
Add to Timeline ကိုနှိပ်လိုက်ရင် မိမိ timeline မှာ သူ tag တာ
သွားပေါ်ပါလိမ့်မယ် hide ဆိုရင်တော့ ဖျောက်ထားလိုက်မယ်ပေါ့
ခါတိုင်းဆိုရင် သူက tag လိုက်တာနဲ့ အလိုအလျောက်ပေးနေပြီး
Hide from Timeline လုပ်မှသာ ပျောက်သွားတာပါ။

ကဲဒါဆို ဘယ်လိုလုပ်ကြမလဲ လွယ်ပါတယ်
Facebook ရဲ့ ညာဘက်က စက်သွားပုံစံလေးကိုနှိပ်ကာ
Setting ထဲကိုသွားပါမယ် ။ပြီးရင် ဘယ်ဘက်က Timeline and tagging
ထဲကိုဝင်လိုက်ပါ ။ အဲဒီမှာ who can add things to my timeline? ထဲက
ဒုတိယမြောက် Edit ကိုနှိပ်လိုက်ပါ (ပုံတွင်ဖော်ပြထားပါသည်။

အဲဒီအခါ Enable ကိုရွေးပေးပြီးတော့ Close ကို နှိပ်ပေးလိုက်ရင်တော့
မိမိ timeline လေးမှာ ဘယ်သူမှ tag လို့ ချက်ချင်း ပေါ်သွားမှာ
မဟုတ်ပါဘူးခင်ဗျာ

မှတ်ချက်-> မိမိကို tag တာမကြိုက်ရင်လည်း ကိုက သူများကို အမြဲ
တမ်း မ tag ပါနဲ့ခင်ဗျာ..။။
အားလုံးကို ခင်မင်လျှက်
Software မြို့တော် မှ ပြန်လည်မျှဝေပါသည်

တစ်ဘဝစာ မှတ်သားစရာ စာစုလေးများ

၁။ ဆုံးရှုံးသွားတဲ့ အချိန်မှ မိမိပိုင်ဆိုင်ခဲ့တာကို သိတယ်..
၂။ မှတ်သားသင့်တာကို မှတ်သားပြီး မေ့သင့်တာကိုမေ့ရမယ်။ ပြောင်းလဲနိုင်တာကိုပြောင်းလဲပြီး
    မပြောင်းလဲနိုင်တာကို သင်လက်ခံနိုင်ရမယ်...
၃။ မျက်ရည်စက်တွေဟာ ဝမ်းနည်းမှုကို မှတ်မှတ်ရရဖြစ်စေတယ်...
၎။ သူ့အတွက်နဲ့မျက်ရည်မကျသင့်ဘူး။ သူ သင့်ကိုချစ်တာမှတ်တယ်ဆိုရင် သူ့အတွက်နဲ့မျက်ရည်ကျတော့မယ်ဆိုရင် သူက သင့်မျက်ရည်ကို ကျခွင့်ပေးမှာမဟုတ်ပါဘူး...
၅။ ကြည်နူးနေတဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းလေးတွေဟာ နွေးထွေးတဲ့ အနမ်းလေးတွေအတွက်ဖြစ်တယ်။
    ရန်ဖြစ်တဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းကနေထွက်လာတာကတော့ တစ်ယောက်ကိုတစ်ယောက်
    နာကျင်စေတဲ့ စကားတွေပါပဲ...
၆။ ပျော်ရွှင်မှုဆိုတာ တစ်ခုခုပျောက်သွားလို့လိုက်ရှာနေသလိုပါပဲ ဘယ်လိုရှာရှာမတွေ့ဘူး။
    ဒါပေမယ့် မေ့သွားတဲ့အချိန်မှာပြန်တွေ့သလိုပေါ့။ ပျော်ရွှင်မှုဟာ သင့်နဘေးမှာပါ....
၇။ ချစ်ခြင်းနဲ့ အလိုလိုက်ခြင်းဟာ မတူပါဘူး။ အလိုလိုက်ရင် ဘာမှမပြောလည်းရတယ်။
    ဒါပေမယ့် အချစ်မှာ အဲလိုလုပ်လို့မရပါဘူး..................................

တန်ဖိုးထားတက်သူ

 ငါ နင့်ကို ဘယ်လောက်ထိချစ်တယ်ဆိုတာ...
ငါ နင့်ကို ဘယ်လောက်ထိ ကြင်နာယုယနေခဲ့ရတယ်ဆိုတာယုံလေးနဲ့
နင် သိသင့်ပါတယ်....။

ငါ နင့်ကို ဘယ်လောက်ထိ အလေးနက်ထားတယ်ဆိုတာ...
ငါ နင်ပြောလိုက်တဲ့ စကားလုံးတိုင်း မြေဝင်မကျ နားထောင်တက်တဲ့
ငါ့ အကျင့်လေးတွေကို ကြည့်ပြီး
နင် သိသင့်ပါတယ်...။

နင်နဲ့ ဝေးကွာနေတဲ့အချိန်တိုင်း...
ငါ နင့်ကို ဘယ်လောက်ထိ သတိရနေလဲဆိုတာ...........
နင် ငါ့ကို အမှတ်တရပေးခဲ့တဲ့ နင့်ပုံလေးတွေကို မေးကြည့်ရင် သိပါတယ်..။

စကားမပြောတက်ဘူးဆိုပေမယ့် နင့်ကို သတိရတိုင်းကြည့်နေရင်း
တစ်စက်စက်နဲ့ ကျနေတဲ့ ငါ့မျက်ရည်တွေ ဘယ်လောက်ထိများသလဲဆိုတာ...
သူတို့ သိပါတယ်........။

Saturday, January 4, 2014

ရိုးရှင်းတဲ့ ဘဝ

လူတွေဟာ တစ်ချို့အကြောင်းအရာတွေကြောင့်  စိတ်တွေ ဒွိဟဖြစ်ပြီး တွေဝေရှုပ်ထွေးနေတတ်ကြပါတယ်။ 
တကယ်တော့ကိစ္စတော်တော်များများဟာ ထင်သလောက်ခက်ခဲတာ မဟုတ်ပါဘူး ။ 
 ။  ။ တစ်ယောက်ယောက်ကို သတိရနေရင် 
      ဖုန်းဆက်လိုက်ပါ ။။။
။   ။ တွေ့ဆုံချင်နေရင်  ဖိတ်ကြားလိုက်ပါ။။
။   ။ နားလည်စေချင်ရင် ရှင်းပြလိုက်ပါ။။။
။   ။ သဘောမပေါက်ရင် မေးမြန်းလိုက်ပါ။။။
။   ။ တစ်ခုခုကိုမကြိုက်ရင် မကြိုက်ကြောင်း 
      ပြောပြလိုက်ပါ။။။
။   ။ တစ်ခုခုကို လိုချင်ရင် တောင်းယူလိုက်ပါ။။။
။   ။ တစ်ယောက်ယောက်ကို ချစ်တယ်ဆိုရင် 
      ဖွင့်ပြောလိုက်ပါ။။။
ဘဝဆိုတာ ကိုယ်ဖြစ်ချင်လို ဖြစ်လာဖို့မလွယ်ပါဘူး.
ဖြစ်ချင်တိုင်းမဖြစ်လို့ စိတ်ညစ်နေ တွေဝေနေလို့လည်း အဆင်မပြေသွားနိုင်ပါဘူး ။
ကျွန်တော်တို့မှာ ရှင်သန်စရာ ဘဝတစ်ခုပဲရှိပါတယ်။
ဒါကြောင့်ရိုးရိုးရှင်းရှင်းလေးပဲ နေထိုင်ဖြတ်သန်းလိုက်ပါ.။