ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။
Showing posts with label ကျန်းမာရေးနှင့်သက်ဆိုင်သော. Show all posts
Showing posts with label ကျန်းမာရေးနှင့်သက်ဆိုင်သော. Show all posts

Tuesday, February 5, 2013

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ ဘာလဲ ?


နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါတွေဖြစ်ပြီဆိုရင် လာတတ်တဲ့လက္ခဏာတွေဆိုပြီးရှိပါတယ် ။ အကြမ်းဖျဉ်းတွေး ကြည့်မယ်ဆိုရင် တောင် သွေးကြောဟာ ရေပိုက်လုံးတစ်ခုလို မြင်ယောင်ကြည့်မယ်ဆိုရင် အဲဒီရေပိုက်လုံး နံရံတွေ ထူလာလေလေ သွေးစီးဆင်းတဲ့အပေါက်က ကျဉ်းလာလေလေမဟုတ်ပါလား ။ ဒီလိုမျိုးသွေးကြောတွေ ကို အဆီဖတ်အဆီခဲတွေ ဖုံးပြီးသွေးကြောကျဉ်းခြင်းကိုတော့ ဆေးပညာအရ Atherosclerosis လို့ခေါ်ပါတယ် ။ သွေးကြောအဆီဖုံးခြင်းဟာ နှလုံးသွေးလွှတ်ကြောရောဂါ (Coronary heart disease ) တွေဖြစ်တဲ့ Angina (ရင်ဘတ်အောင့်ခြင်း) ၊ Myocardial Infarction (နှလုံးပုပ်ခြင်း ) ၊ Sudden death ( ရုတ်တရက်သေဆုံးခြင်း ) စတဲ့ အရာတွေကို ဖြစ်ပွားစေနိုင်ပါတယ် ။ နှလုံးသွေးကြော ကျဉ်းပြီး နှလုံး ထဲကို အောက်ဆီဂျင် သိပ်မရောက်တော့ တဲ့ရောဂါကို Ischaemic heart disease (IHD) နှလုံးသွေးကြော ကျဉ်းရောဂါလို့ ခေါ်ကြ ပါတယ် ။ နှလုံးသွေးကြောကျဉ်းခြင်းဟာ တဖြည်းဖြည်းဆိုးလာပြီးကျဉ်း လာတဲ့အခါ နှလုံး ရဲ့အချို့သော ဧရိယာတွေ မှာ အောက်ဆီဂျင်ပြတ်လပ်သော လက္ခဏာများဖြစ်ပေါ်လာပါတယ် ။ ယေဘူယျကြည့်မယ်ဆိုရင် ဧရိယာတစ်ခု ဟာ သွေးကနေတဆင့် အောက်ဆီ၈ျင် ရောက်လာမှုနည်းသွားရင် အောက်ဆီဂျင်ပြတ်လပ်ခြင်း Ischaemia ကို စတင်ခံစားရပါတယ် ။ အဲဒီထက်တဆင့်ဆိုးပြီး အောက်ဆီဂျင်လုံးဝမရတော့ဘူးဆိုရင်တော့ ပုပ်သွားခြင်း (Infarction) ကို ခံစားရပါတယ် ။ ဒါကြောင့် IHD ဟာ နှလုံးပုပ်ခြင်း ( Myocardial Infarction) ရဲ့ ရှေ့ပြေး လို့ဆိုလည်းမမှားနိုင်ပါဘူး

ဘယ်လိုလက္ခဏာတွေနဲ့ လာနိုင်သလဲ ?

နှလုံးသွေးကြောကျဉ်းရှိပြီဆိုရင် လူက အမောမခံနိုင်တော့ဘူး (အောက်ဆီဂျင် ရရှိမှုနည်းလာ တဲ့အတွက် ဖြစ်ပါတယ် ။ ရင်တွေတုန်လာမယ် တလှပ်လှပ်ခံစားရမယ် နောက်ဆုံးရင်ဘတ်အောင့်ခြင်း (Chest Pain ) ကိုခံစားရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် chest pain ရှိတိုင်း နှလုံးမှာဖြစ်တယ် သွေးကြောကျဉ်းတာပါလို့ အတိအ ကျပြောလို့မရပါဘူး ။ Chest Pain ဟာ စိုးရိမ်ပူပန်သောကများခြင်း (Anxiety) ဒါမှမဟုတ် အဆုတ် ၊ ကြွက်သားနဲ့အ ရိုးဆိုင်ရာ သို့မဟုတ် အစာအိမ်နဲ့အူလမ်းကြောင်းမှာ ရောဂါတစ်ခုခုရှိခြင်း စတာတွေကြောင့် လည်းဖြစ်နိုင်ပါတယ် ။ နှလုံးသွေးကြောကျဉ်းပြီးအောက်ဆီဂျင်သိပ်မရောက်လို့ဖြစ်တဲ့ Chest Pain ရဲ့ပုံစံတွေကတော့

- Chest Pain ဟာ ရင်ဘတ်ရဲ့ အလယ်ခေါင်တည့်တည့်မှာဖြစ်ပါတယ် ။

- Ischaemic Chest Pain ဟာ အထူးသဖြင့် ပြင်းထန်လာတဲ့အခါမှာ လည်ပင်းနောက် မေးရိုး နဲ့ လက် အပေါ်နဲ့လက်အောက်ပိုင်းတွေကိုတောင်ပျံနှံ့ရောက်ရှိနိုင်ပါတယ် ။ အကယ်၍ ရင်ဘတ်အောင့်တာဟာ ဘယ် ဖက် အရှေ့ ပိုင်းမှာလည်းဖြစ်တယ် ဘယ်ဖက်တစ်ခြမ်းကိုပဲ ပျံ့နှံ့သွားတယ်ဆိုရင်တော့ ဒါဟာ အခြားအ ချက်ပေါင်း များစွာဖြစ်တဲ့ ကြွက်သားနဲ့အရိုးဆိုင်ရာ ပြဿနာများ (သို့မဟုတ်) anxiety စသည်တို့ ကြောင့် လည်းဖြစ်နိုင်ပါတယ် ။

- နှလုံးအောင့်မယ်ဆိုရင် မစူးရှပဲ ထူပိန်းပိန်း (dull ) ဖြစ်နေပါတယ် ။ ဆွဲဆုပ်ထား သလိုအောင့် ပြီးလေးလံတဲ့အရာကြီးနဲ့ ဖိထားသလို ခံစားရပါတယ် ။ ဓါးနဲ့ထိုးသလို စူးရှပြီးအောင့်တာမျိုးမဟုတ်ပါဘူး ။

- Anginal pain ဟာ လှုပ်ရှားမှုပြုလုပ်နေစဉ်မှာ ဖြစ်ပေါ်လေ့ရှိပြီး နားလိုက်တဲ့အခါငါးမိနစ်လောက်အတွင်း ပြန်သက် သာ သွားလေ့ရှိပါတယ် ။ စိတ်ခံစားမှုအခြေအနေနဲ့လည်း ဆိုင်ပြီး စိတ်လှုပ်ရှားစရာ ဒေါသထွက်စရာ ကြုံရတဲ့အ ခါ ပိုပြီးပြီးအောင့်တတ်ပါတယ် ။ ဒါ့အပြင်အစာအများကြီးစားထားတဲ့အခါ လေအေးတွေ အတိုက်ခံရ တဲ့အခါ မှာ လည်းပိုပြီးအောင့်နိုင်ပါသေးတယ် ။ ဒါက အကြမ်းဖျဉ်းနား လည်လွယ်အောင် တင်ပြထား တာဖြစ်ပါ တယ် ။ Ischaemic pain ကို ခွဲခြားတဲ့အခြားအချက်တွေလည်းရှိပါသေးတယ် ။ ။

ဘယ်လိုလူတွေမှာဖြစ်တတ်သလဲ ?

(Risk Factors များ)

- ဆေးလိပ်သောက်သူများ
- ဆီးချိုသွေးချိုရောဂါရှိသူများ
- သွေးတွင်းအဆီဓါတ်များသူများ ( Hypercholesterolaemia)
- သွေးတိုးရောဂါရှိသူများ
- မျိုးရိုးထဲတွင်နှလုံးနှင့်ပတ်သတ်သောရောဂါရှိသူများ
- စိတ်ဖိစီးမှုများသူများ (stress)
စသည်တို့ဖြစ်ပါတယ် ။

ဘယ်လိုသိရှိနိုင်သလဲ ?

ပုံမှန်အားဖြင့်တော့ ရောဂါရာဇ၀င်မေးမြန်းခြင်း (history taking ) စမ်းသပ်ခြင်း ( Physical examination) ဓါတ်ခွဲစမ်း သပ်မှုများပြုလုပ်ခြင်း ( Investigation ) စသည်တို့ဖြင့်သိရှိနိုင်ပါတယ် ။ ဒီနေရာမှာ IHD အတွက် အကောင်း ဆုံးဈေးအသက်သာဆုံးနဲ့ ယေဘူယျအကျဆုံးစစ်ဆေးခြင်းဟာ ECG ဆွဲခြင်းဖြစ်ပါတယ် ။ ECG မှာ IHD ရဲ့ pattern တွေပေါ်နေပြီဆိုရင် ဒါဟာ IHD ဖြစ်ကြောင်း သတ်မှတ်နိုင်ပါတယ် ။ အကယ်၍ ဘယ်နေ ရာမှာ သွေးကြောပိတ်တယ် ဘယ်လောက် ရာခိုင်နှုန်းပိတ်တယ် ဘယ်နေရာတွေမှာ ကျဉ်းနေသလဲ စတဲ့ အသေး စိတ်ကို သိဖို့အတွက်ဆိုရင်တော့ Coronary Angiogram ရိုက်နိုင်ပါတယ် ။ ဒါဆိုရင်တော့အဖြေကို တိတိကျ ကျသိနိုင်ပါပြီ ။

ဘယ်လို ကုသမလဲ ?

အဓိကပြောချင်တာကတော့ ဒီအပိုင်းကိုပါ ။ အရင်ဆုံးစစဖြစ်ခြင်း နှလုံးမပုပ်ခင် Myocardial infarction မရခင် နှလုံးတိုက်ခိုက်ခြင်း heart attack မရခင်တော့ေ သာက်ဆေးတွေနဲ့ အရင်ကုသပြီး အထက်မှာပြောခဲ့တဲ့ risk factors တွေကို လျော့ချရပါတယ် ။ သောက်ဆေးတွေထဲမှာရေပန်းအစားဆုံးကတော့ trimetazidine လို့ခေါ်တဲ့ဆေးပါ ။ 20mg ဆေးဆိုရင်တော့တစ်နေ့ ၃ ကြိမ်သောက်ရပြီး အခုနောက်ပိုင်း ၀င်လာတဲ့ Modified release ဆေးတွေကတော့ 35mg ပါတဲ့အတွက် တစ်နေ့ နှစ်ကြိမ်သောက်ရပါတယ် ။ ဒါ့အပြင် နိုတ်ထ ရိတ် တွေကို လျှာအောက်မှာ ငုံပေးခြင်းအားဖြင့် မိနစ်ပိုင်းအတွင်းမှာ သက်သာစေပါတယ် ။ အဲဒါကိုတော့ Sub-lingual nitrol လို့လည်းခေါ်ကြပါတယ် ။ Isosorbide Dinitrate နဲ့ Isosrobide Mononitrate တို့ဟာ နိုထ ရိတ် မျိုးနွယ်ဝင်တွေဖြစ်ကြပါတယ် ။ ဒီဆေးတွေကလည်း ရင်ဘတ်အောင့်တာကို ကာကွယ်ဖို့ အတွက်ပေး တဲ့ဆေးတွေဖြစ်ပါတယ် ။ ဒါ့အပြင် Aspirin တို့လို Clopidogrel တို့လို သွေးကျဲဆေး အကိုက်အ ခဲပျောက်ဆေးတွေ ကိုလည်းတွဲပေးလေ့ရှိပါတယ် ။ Beta blockers ဖြစ်တဲ့ Propanolol ဟာလည်း နှလုံး က အောက်ဆီဂျင်သုံးစွဲမှုကို လျော့ချပေးခြင်းအားဖြင့် pain ကိုသက်သာစေပါတယ် ။ နှလုံးခုန်နှုန်း ကိုလည်းလျော့ကျစေပါတယ် ။ Amlodipine တို့လို Calcium Channel Blockers တွေ ကလည်း သွေးကြောတွေ ကို ကျယ်စေပြီး နှလုံးကြွက်သားတွေရဲ့ excitability နဲ့ Conductivity ကို လျော့စေပြီး သွေးပေါင်ချိန်ကိုလည်းကျစေပါတယ် ။ သွေးတွင်းအဆီများ တဲ့လူနာတွေ ကတော့ သွေး တွင်းအဆီ ကျဆေးတွေပေးခြင်းဖြင့် cholesterol level ကိုထိမ်းရပါတယ် ။

အကယ်၍ Angiogram မှာ သွေးကြောတွေကို သိသာထင်ရှားတဲ့ရောဂါတွေ ပြသနေပြီဆိုရင်တော့ လက္ခဏာတွေ ကလည်း သောက်ဆေးတွေနဲ့ မသက်သာတော့ဘူးဆိုရင်တော့ ခွဲစိတ်ကုသခြင်းကို စဉ်းစား ရပါတော့မယ် ။

၁ ။ Coronary Angioplasty - ပိတ်နေတဲ့ သွေးကြောတွေ ကို သွေးကြောအတွင်း လေသွင်း တဲ့ ဘောလုံးလေး ထိပ်မှာပါတဲ့ ရှည်မျောမျော ပလပ်စတစ် tube Catheter ထည့်ပေးပြီး ကျယ်စေခြင်းဖြစ်ပါတယ် ။ အဲဒါကို Stent ထည့်တယ်လို့လည်းခေါ်ပါတယ် ။

၂ ။ Coronary Artery Bypass Grafting ( CABG ) - လူနာရဲ့ ပိတ်ဆို့နေတဲ့သွေးကြောတွေကို ဖြတ်တောက်ပြီး ပိတ်ဆို့မှုကို သက်သာအောင် သွေးကြောတွေကို ကိုင်းဆက်ကူးခြင်း (grafting ) လုပ်ခြင်းဖြစ် ပါတယ် ။ Bypass လုပ်ဖို့အတွက် ဘယ်လိုအခြေအနေမျိုးတွေမှာလုပ်ရမလဲဆိုတဲ့ Indications တွေကတော့ အခုနောက်ပိုင်း မှာ limited ဖြစ်လို့လာပါပြီ ။ Bypass surgery သည် ရောဂါလက္ခဏာတွေကို သက်သာစေ ခြင်းနဲ့ quality of life ကိုသာလျှင် တိုးတက်ကောင်းမွန်စေပါတယ် ။ သူဟာ Life expectancy လို့ခေါ်တဲ့ အသက်ရှင်မှု အာမခံချက် ဘယ်လောက်ပေးနိုင်သလဲဆိုတာတော့မရှိပါဘူး ။ သေချာကုသလိုက်ပြီဆိုရင်တော့ လူနာအများ စုဟာ ပုံမှန်ကျန်းမာတဲ့ ဘ၀ကို ပြန်လည်ပိုင်ဆိုင်ရမှာဖြစ်ပါတယ် ။ ကုသမှုတွေထဲမှာ ပုံမှန်လေ့ကျင့် ခန်းလုပ်ခြင်း ၊ ဆေးလိပ်ဖြတ်ခြင်း ၊ အစားအသောက်ထိမ်းချုပ်ခြင်း နဲ့ လူနေမှု ဘ၀ ပုံစံပြောင်းလဲခြင်း စတာတွေ ပါဝင်ပါတယ် ။

ဘယ်လိုကာကွယ်ရမလဲ ?

Risk factors တွေဖြစ်တဲ့ အဆီများသောအစာများ ၊ ဆေးလိပ်သောက်ခြင်း ၊ လှုပ်ရှားမှု မရှိသော လူနေမှုဘ၀ပုံစံ ၊ စိတ်ဖိ စီးမှုများ စတာတွေကို ဖယ်ရှားရပါမယ် ။ သူတို့တွေဟာ ကာကွယ်ဖို့အလွန် အရေးကြီးတဲ့အချက်တွေ ဖြစ်ပါ တယ် ။ ပုံမှန်လေ့ကျင့်ခန်းလေးလုပ်ဖို့ကလည်းအလွန်အရေးကြီးပါတယ် ။ ဆီးချိုသွေးချိုနဲ့ သွေး တိုးကို လည်း ထိမ်း ချုပ်ကုသထားရမှာဖြစ်ပါတယ် ။

သက်တန့်ချို

Reference
http://chinese-school.netfirms.com/heart-disease-ischemic.html
Davidson
Oxford Clinical Hand Book
သက်တန့်ချို Facebook စာမျက်နှာမှ မှုရင်းတိုင်းပြန်လည်ဖေါ်ပြထားပါသည်.
အားလုံးကိုကျေးဇူး အထူးတင်ပါတယ်..