- ဒေါသနဲ့ ဝေးဝေးနေပါ .. သင့်ရဲ့ ဒေါသက သင့်ကိုပဲ နာကျင်စေပါလိမ့်မယ်...။
- သင်မှန်နေတယ်ဆိုရင် ဘာလို့စိတ်ဆိုးနေစရာလိုမလဲ..။ တကယ်လို့ သင်မှားနေတယ်ဆိုရင်တော့ သင်မှာ ဘာမှစိတ်ဆိုးပိုင်ခွင့်မှ မရှိပါဘူး...။
- မိသားဝင်တွေကို သည်းခံခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖော်ညွန်းတယ်။ တခြားသူတွေကို သည်းခံခြင်းဟာ လေးစားမှုကို ဖော်ညွန်းတယ်။ ကိုယ့်ကိုယ်ကိုသည်းခံခြင်းဟာ ပိုင်နိုင်စိတ်ချမှု မိမိကိုယ်ကို ယုံကြည်မှုတို့ကို ဖော်ညွန်းတယ်။ ကံကြမ္မာအပေါ်သည်းခံခြင်းဟာ ယုံကြည်သက်ဝင်မှုကို ဖော်ညွန်းပါတယ်...။
- အတိတ်အကြောင်းကို သိပ်မတွေးပါနဲ့ မျက်ရည်တွေပဲ ကျလာမယ်။ အနာဂတ်အကြောင်းကို သိပ်မတွေးပါနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေပဲ ရလာမယ်။ ပစ္စုပ္ပန်တည့်တည့်မှာ အပြုံးလေးနဲ့ နေထိုင်ပါ . ကောင်းချီးသြဘာတွေ ဆိုက်ရောက်လာပါလိမ့်မယ်...။
- ဘဝရဲ့ စမ်းသပ်ချက်တိုင်းက ကျွန်တော်တို့ကို ပိုကောင်းစေသလို ပိုပြီးတော့လည်း ခါးသီးသွားစေနိုင်ပါတယ် ... ကြုံတွေနေရတဲ့ ပြဿနာတိုင်းဟာ ကျွန်တော်တို့ကို တည်ဆောက်နိုင်စေသလို ချိုးဖျက်နိုင်စေပါတယ်။ သားကောင်ဖြစ်မလား မုဆိုးဖြစ်မလားဆိုတာကတော့ သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေပါတယ်..။
- လှပတဲ့အရာတိုင်းဟာ အမြဲတမ်းမကောင်းမွန်နိုင်ပါဘူး.။ ဒါပေမဲ့ ကောင်းမွန်တဲ့ အရာတိုင်းကတော့ အမြဲတမ်းလှပနေပါတယ်..။
- လက်ချောင်းလေးတွေကြားမှာ ဘာလို့ ဟ နေတာလဲသိလား ။ အဲဒီ ဟ နေတဲ့ နေရာလေးတွေဟာ သင့်အတွက် အရေးပါဆုံးသူက သင့်လက်ကို ထာဝရဆွဲကိုင်ပြီးဖြည့်ဆည်းပေးမယ့် နေရာလေးတွေဖြစ်ပါတယ်..။
- ပျော်ရွှင်မှုဟာ သင့်ကိုချစ်စဖွယ်ဖြစ်စေတယ်..။ ဒါကြောင့်အမြဲပျော်ရွှင်နေရအောင် တက်နိုင်သမျှ ကြိုးစားသင့်တယ်...။
- အရာအားလုံးမှာ သက်ဆိုင်ရာတွဲဖက်မှုတွေရှိကြတယ်..။ တစ်နေရာရာမှာ တစ်စုံတစ်ယောက်က သင့်အတွက် ရှိနေလိမ့်မယ် ဒါကြောင့် နေရာမှန်ဖြစ်မယ့် အချိန်ကို စောင့်နေလိုက်ပါ...။ အားလုံးကိုလေးစားလျှက်..........................
Showing posts with label ဘဝအတွက် မှတ်သားစရာလေးများ. Show all posts

Friday, February 7, 2014
မှတ်သားစရာများ......
Monday, January 27, 2014
ဘဝအတွက်အကြံပြုချက်များ....
သင့်အနေနဲ့ ယုံချင်မှလည်းယုံမယ်..
ယုံရင်လည်း ယုံရလိမ့်မယ်...။ဒါပေမဲ့ ဒီအကြံပြုချက်လေးတွေကတော့ တကယ်ပဲ ကောင်းမွန်သင့်တော်ပါတယ်။ အဆုံးထိဖက်ကြည့်လိုက်မယ်ဆိုရင် သင့်အတွက် တစ်ခုခုကျန်ပါလိမ့်မယ်။

- လူတွေကို သူတို့မျှော်လင့်ထားတာထက်ပိုပေးပါ ဝမ်းမြှောက်ဝမ်းသာနဲ့ ရက်ရက်ရောရောပေးပါ။
- သင်နဲ့စကားပြောရတာအဆင်ပြေတဲ့ လူမျိုးကို လက်ထပ်ယူပါ။ အသက်ကြီးလာတာနဲ့အမျှ စကားပြောဆိုဖို့အဆင်ပြေခြင်းဟာ တခြားအရာတွေထက် ပိုအရေးပါလာပါလိမ့်မယ်။
- ကြားသမျှကို အကုန်မယုံပါနဲ့ .. ရှိသမျှအကုန်မသုံးပါနဲ့... အိပ်ချင်သလောက် အကုန်မအိပ်ပါနဲ့...။
- ချစ်တယ်..... ဆိုတဲ့စကားကို နားလည်ခံစားပြီးမှ ပြောပါ..။
- တောင်းပန်ပါတယ် ... ဆိုတဲ့စကားကို ဆိုတဲ့အခါ မျက်လုံးချင်းဆုံပြီးတော့ ပြောပါ။
- လက်မထပ်ခင် အနည်းဆုံး ခြောက်လလောက် အချိန်ယူလေ့လာပါ..။
- အမှားလုပ်မိပြီဆိုတာ သိလိုက်တာနဲ့ ချက်ခြင်းပြန်ပြင်ပါ။
- တခြားသူရဲ့ အိပ်မက်တွေကို ဘယ်တော့မှ ပျက်ရယ်မပြုမိပါစေနဲ့..စိတ်ကူးအိပ်မက်မရှိသူများက သိပ်များများစားစားမရှိပါဘူး..။
- နက်နက်ရှိုင်းရှိုင်း နှစ်နှစ်ကာကာချစ်ပါ... ဒီလိုချစ်လို့ သင် နာကျင်ခံစားရကောင်း ခံစားရပါလိမ့်မယ်.. ဒါပေမဲ့ ဘဝကိုပြည့်ပြည့်စုံစုံဖြတ်သန်းဖို့ တစ်ခုတည်းသောနည်းလမ်းက ချစ်ခြင်းမေတ္တာပဲရှိပါတယ်..။
- အငြင်းပွားစရာရှိတဲ့အခါ မျှမျှတတဆွေးနွေးငြင်းခုန်ပါ.. နာမည်တွေခေါ်ပြီးပြောဆိုတဲ့ အခြေနေမျိုးမရောက်ပါစေနဲ့...။
- ဆွေမျိုးအသိုင်းအဝိုင်းတွေကိုကြည့်ပြီး လူတွေကိုမဆုံးဖြတ်ပါနဲ့...။
- မြန်မြန်စဉ်းစားပြီး ဖြေးဖြေးချင်းပြောပါ..။
- သင်မဖြေချင်တဲ့ မေးခွန်းမျိုးကို တစ်ယောက်ယောက်က မေးလာခဲ့ရင် " ဘာကြောင့် ဒါကိုသိချင်ရတာလဲ " လို့ပြုံးပြီးပြန်မေးလိုက်ပါ..။
- ကြီးမားတဲ့ချစ်ခြင်းနဲ့ ကြီးမြတ်တဲ့အောင်မြင်မူတွေမှာ ကြီးမားတဲ့ စွန့်လွှတ်စွန့်စားမှုတွေ ပါဝင်နေတယ်ဆိုတာ သတိရပါ...။
- တစ်ခုခုကို လက်လွှတ်ဆုံးရှုံးရတဲ့အခါ သင်ခန်းစာယူဖို့ လက်မလွှတ်ပါစေနဲ့...။
- ကိုယ့်ကိုယ်ကို လေးစားပါ...တခြားသူတွေ့ကို လေးစားပါ.... ကိုယ်လုပ်ခဲ့သမျှ ကိုယ့်တာဝန် ကိုယ်ယူတတ်ပါစေ..။
- ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေကြောင့် အထိအခိုက်မခံပါနဲ့..။
- ဖုန်းကိုင်လိုက်တာနဲ့ ပြုံးလိုက်ပါ.. သင့်အပြုံးကို တစ်ဖက်လူက ကြားပါလိမ့်မယ်..။
- တစ်ခါတစ်လေ တစ်ယောက်ထဲနေပါ..။ အားလုံးကို လေးစားလျှက်ပါ..။
Monday, January 20, 2014
တွေးကြည့်ပါ
မိတ်ဆွေကောင်းဆိုတာ သင့်ဘဝမှာ ကြုံတွေ့ရသမျှလူတွေထဲက သင့်ကို နည်းနည်းပိုပြီး
အသံကျယ်ကျယ်ရယ်စေတဲ့သူ.....
သင့်ကို နည်းနည်းပိုပြီးတောက်တောက်ပပပြုံးပြစေတဲ့သူ...
သင့်ကို နည်းနည်းပိုပြီး ကောင်းကောင်းမွန်မွန်
နေထိုင်စေတဲ့ သူတွေပါ...။
===============
ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပါပဲ.. တစ်ခါလုံး
ချေပစ်လိုက်ရင် ဘယ်တော့မှ အရင်လိုပြန်မဖြစ်နိုင်တော့ပါဘူး...။
============
ချစ်မိသွားတယ်ဆိုတာ တိုက်အမြင့်ကြီးပေါ်က ခုန်ချလိုက်တာနဲ့တူတယ်..၊ သင့်ဦးနှောက်က ဒါဟာမလုပ်သင့်တဲ့ ကိစ္စလို့ ပြောနေတယ်...
ဒါပေမဲ့ သင့်နှလုံးသားကတော့ သင်ပျံသန်းနိုင်ပါတယ်လို့ ပြောနေတယ်လေ...။
==================
အမုန်းတရားဆိုတာ အက်ဆစ်နဲ့တူတယ်..
သူ့ကိုသိုလျှောင်ထည့်သွင်းထားတဲ့ အရာကိုလည်း
ထိခိုက်ပျက်စီးစေတယ်.. သူ လောာင်းချလိုက်တဲ့အရာကိုလည်း လောင်ကျွမ်းဖျက်စီးစေတယ်..
===================
မျှော်လင့်ချက်ဆိုတာ မိုးပျံပဖောင်းလေးတွေလိုပါပဲ..
သင်ကကြိုးလေးတွေကို ချည်နှောင်ဆွဲကိုင်ထားသမျှ
မိုးကောင်းကင်ပေါ်ကို လွင့်ပျံတက်သွားနိုင်မှာ မဟုတ်ပါဘူး..။
==============
ဘဝဆိုတာ စာအုပ်တစ်အုပ်လိုပါပဲ..
တစ်ချို့အခန်းမှာ ဝမ်းနည်းမယ်..
တစ်ချို့အခန်းမှာ ပျော်ရွှင်ရမယ်..
တစ်ချို့အခန်းမှာတော့ စိတ်လှုပ်ရှားစရာအတိပေါ့..
ဒါပေမဲ့ သင့်အနေနဲ့ စာမျက်နှာတွေကို မလှန်ခဲ့ဘူးဆိုရင် နောက်အခန်းတွေမှာ ဘာဖြစ်မယ်ဆိုတာကို သင်သိနိုင်မှာ မဟုတ်ပါဘူး..။

Sunday, January 19, 2014
တစ်ဘဝစာ မှတ်သားစရာ စာစုလေးများ
၁။ ဆုံးရှုံးသွားတဲ့ အချိန်မှ မိမိပိုင်ဆိုင်ခဲ့တာကို သိတယ်..
၂။ မှတ်သားသင့်တာကို မှတ်သားပြီး မေ့သင့်တာကိုမေ့ရမယ်။ ပြောင်းလဲနိုင်တာကိုပြောင်းလဲပြီး
မပြောင်းလဲနိုင်တာကို သင်လက်ခံနိုင်ရမယ်...
၃။ မျက်ရည်စက်တွေဟာ ဝမ်းနည်းမှုကို မှတ်မှတ်ရရဖြစ်စေတယ်...
၎။ သူ့အတွက်နဲ့မျက်ရည်မကျသင့်ဘူး။ သူ သင့်ကိုချစ်တာမှတ်တယ်ဆိုရင် သူ့အတွက်နဲ့မျက်ရည်ကျတော့မယ်ဆိုရင် သူက သင့်မျက်ရည်ကို ကျခွင့်ပေးမှာမဟုတ်ပါဘူး...
၅။ ကြည်နူးနေတဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းလေးတွေဟာ နွေးထွေးတဲ့ အနမ်းလေးတွေအတွက်ဖြစ်တယ်။
ရန်ဖြစ်တဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းကနေထွက်လာတာကတော့ တစ်ယောက်ကိုတစ်ယောက်
နာကျင်စေတဲ့ စကားတွေပါပဲ...
၆။ ပျော်ရွှင်မှုဆိုတာ တစ်ခုခုပျောက်သွားလို့လိုက်ရှာနေသလိုပါပဲ ဘယ်လိုရှာရှာမတွေ့ဘူး။
ဒါပေမယ့် မေ့သွားတဲ့အချိန်မှာပြန်တွေ့သလိုပေါ့။ ပျော်ရွှင်မှုဟာ သင့်နဘေးမှာပါ....
၇။ ချစ်ခြင်းနဲ့ အလိုလိုက်ခြင်းဟာ မတူပါဘူး။ အလိုလိုက်ရင် ဘာမှမပြောလည်းရတယ်။
ဒါပေမယ့် အချစ်မှာ အဲလိုလုပ်လို့မရပါဘူး..................................

Wednesday, June 19, 2013
လှပတဲ့ အိမ်မက်လေးတစ်ခုပိုင်ဆိုင်ဖို့
လှပတဲ့အိမ်မက်တခုကို စိတ်ကူးလိုက်နေရုံနဲ့ ပိုင်ဆိုင်နိုင်ပင်မယ့်
လှပတဲ့ဘဝ ရဖို့ တော့ ကိုယ်တိုင် ကြိုးစားမှ အကောင်ထည်ဖော်လို့ ရတယ်
လှပတဲ့အချစ်တခုပိုင်ဆိုင်ဖို့ အတွက်ငါမင်းကိုနားလည်ပေးမှာပါ
ဆိုတဲ့စကားက အပြောလွယ်ပင်မယ့်
တကယ့်လက်တွေ့ အချစ်မှာ တကယ်ချစ်တဲ့သူသာအပြန်လှန် သည်းခံနားလည်ပေးနိုင်တယ်
တချို့ လူတွေက အနာဂတ် ဘဝလှပတဲ့လူတွေကို အားကျ ကြတယ်
ဒါပေမယ့် သူတို့ ဘယ်လိုကြိုးစားခဲ့လည်းဆိုတာကိုတော့ မသိချင်ကြဘူး
တချို့ စုံတွဲတွေက အဆင်ပြေပျော်နေတဲ့ ချစ်သူအတွဲကိုအားကျကြတယ်
ဒါပေမယ့် သူတို့ တွေဘယ်လောက်ထိချစ်ပြီးနားလ ည်ပေးနေကြတာကို မသိချင်ကြဘူး
သူများပြုံးတိုင်း ကိုယ်ပြုံးချင်ရင်တော့
သူများ တွေကြိုးစားတဲ့အချိန် ကိုယ်ပါကြိုးစားသင့်တယ်
ဘာလို့ လည်းဆိုတော့
ဘဝ ဆိုတာ အမြဲအဆင်ပြေနေပါ့မယ်လို့ သင့်ကို အာမခံချက်မှမပေးထားတာ~~~
====================================
လှပတဲ့ဘဝ ရဖို့ တော့ ကိုယ်တိုင် ကြိုးစားမှ အကောင်ထည်ဖော်လို့ ရတယ်
လှပတဲ့အချစ်တခုပိုင်ဆိုင်ဖိ
ဆိုတဲ့စကားက အပြောလွယ်ပင်မယ့်
တကယ့်လက်တွေ့ အချစ်မှာ တကယ်ချစ်တဲ့သူသာအပြန်လှန် သည်းခံနားလည်ပေးနိုင်တယ်
တချို့ လူတွေက အနာဂတ် ဘဝလှပတဲ့လူတွေကို အားကျ ကြတယ်
ဒါပေမယ့် သူတို့ ဘယ်လိုကြိုးစားခဲ့လည်းဆိုတ
တချို့ စုံတွဲတွေက အဆင်ပြေပျော်နေတဲ့ ချစ်သူအတွဲကိုအားကျကြတယ်
ဒါပေမယ့် သူတို့ တွေဘယ်လောက်ထိချစ်ပြီးနားလ
သူများပြုံးတိုင်း ကိုယ်ပြုံးချင်ရင်တော့
သူများ တွေကြိုးစားတဲ့အချိန် ကိုယ်ပါကြိုးစားသင့်တယ်
ဘာလို့ လည်းဆိုတော့
ဘဝ ဆိုတာ အမြဲအဆင်ပြေနေပါ့မယ်လို့ သင့်ကို အာမခံချက်မှမပေးထားတာ~~~
====================================
အမုန်းမရှိသော အချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ
Wednesday, March 6, 2013
မှတ်သားဖွယ်ရာစကားလေးများ
• ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့ ။
အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကား လိုက်တာပါပဲ ။
• ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး ။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး ။
• သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ် ။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ် ။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ် ။
• အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ် ။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ ဇာတ်သိမ်းတစ်ခု ရှိပါတယ် ။
• လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ ။
• ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး ။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခု ချက်ချင်း စတင် လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ် ။
• ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး ။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများ ထူးမှာ မို့လို့လဲ ။
• အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့ ။ မျက်ရည်တွေက သင့်ရှေ့က ပို ကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ် ။
• မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်
• သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့ ။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ ။
• အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ် ။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် “အတွေ့အကြုံ” ဆိုတာ ဖြစ်လာပါတယ် ။
• ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ ။
• အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ် ။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေ ဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ် ။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ် ။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ
သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ ။ by kothu1987

Saturday, March 17, 2012
တုံးအတဲ့ ယောက်ျားနဲ့ ထက်မြက်တဲ့ယောက်ျား
(၁) တုံးအတဲ့ယောက်ျားက
မိန်းမကိုဘယ်တော့မှ မချီးကျူးဘူး။ ကောင်းတာတွေလုပ်ရင် ဆိတ်ဆိတ်နေတယ်
မကောင်းတာတွေလုပ်ရင် ကဲ့ရဲ့တယ်။
ထက်မြက်တဲ့ယောက်ျားက မိန...်းမရဲ့အားသာချက်လေးတွေကို
ရှာကြံချီးကျူးပြီ: ရှေ့ဆက်လုပ်ချင်အောင် အားပေးတယ်။
(၂)
တုံးအတဲ့ယောက်ျားက ကိုယ့်မိန်းမကလွဲရင် မိန်းမအားလုံး လှတယ်ထင်တယ်။
ထက်မြက်တဲ့ယောက်ျားက ကိုယ့်မိန်းမကို ဘယ်လိုလှအောင်လုပ်ပေးရမလဲ စဉ်းစားတယ်။
(၃) တုံးအတဲ့ယောက်ျားက ကိုယ့်မိန်းမကို အလုပ်တွေ
အများကြီးပြီးမြောက်စေချင်တယ်။ (နူးညံ့ပြီး ယောကျာ်းကို
နာခံပြုစုတတ်စေချင်တယ်။ တချိန်ထဲမှာပဲ လှပပြီး ထက်မြက်
ဝင်ငွေကောင်းစေချင်တယ်။ ဒါတွေ တပြိုင်နက်မဖြစ်နိုင်ဘူးဆိုတာ သူမေ့ထားတယ်)
ထက်မြက်တဲ့ယောက်ျားက Nobody is Perfect ဆိုတာကို ယုံကြည်လက်ခံတယ်။
ကိုယ်ရတဲ့မိန်းမဟာ အကောင်းဆုံးလို့ မှတ်ယူတယ်။
(၄)
တုံးအတဲ့ယောက်ျားက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး မနာလိုဖြစ်တယ်။
ထက်မြက်တဲ့ယောက်ျားက လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။
(၅)
တုံးအတဲ့ယောက်ျားက မိန်းမကို တဗျစ်တောက်တောက် ပြောတယ်လို့
အပြစ်တင်စိတ်ပျက်တယ်။
ထက်မြက်တဲ့ယောက်ျားက အနမ်းပြင်းပြင်း
တစ်ချက်နဲ့ နှုတ်ဆိတ်စေဖို့ သတိရတယ်။
(၆) တုံးအတဲ့ယောက်ျားက
"နင်မရှိလဲ လှေကား၃ထစ်ဆင်း လူပျိုပဲ" လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့ယောက်ျားက "နင်ဟာ ငါ့ဘဝရဲ့မရှိမဖြစ်သူပါ"လို့ဆိုတ ယ်။
(၇) တုံးအတဲ့ယောက်ျားက မိန်းမကို
တာဝန်အရ အရာရာ ပေးဆပ်စေတယ်။
ထက်မြက်တဲ့ယောက်ျားက မိန်းမကို စိတ်လိုလက်ရ
ပြုစုအောင် စွမ်းဆောင်နိုင်တယ်။
(၈) တုံးအတဲ့ယောက်ျားက
ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။ ကိုယ့်မာန
ကိုယ့်အတ္တထိခိုက်မခံဘူး။
ထက်မြက်တဲ့ယောက်ျားက
နှစ်ဦးအတူကြိုးစားမှ ခရီးရောက်တယ်ဆိုတာ လက်ခံတယ်။
(၉)
တုံးအတဲ့ယောက်ျားက မိန်းမကို စိတ်အားငယ်မှုနဲ့ ကိုယ့်ကိုယ်ကို
မယုံကြည်မှုတွေပေးတယ်။
ထက်မြက်တဲ့ယောက်ျားက မိန်းမကို
စိတ်လုံခြုံမှုနဲ့ အေးချမ်းမှုကို ပေးတယ်။
(၁ဝ) တုံးအတဲ့ယောက်ျားက
သူ့ဒေါသကြားမှာ မိန်းမကို ဦးတည်ရာပျောက်စေတယ်။
ထက်မြက်တဲ့ယောက်ျားကတော့ သူတည်ကြည်မှုနဲ့ အိမ်ထောင်ကိုသာယာစေတယ်။
ခရေဖြူ မှ ကူးယူတင်ပြပါသည်..
အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ......
Sunday, November 20, 2011
ဘဝအောင်မြင်ရေးအတွေးမှတ်စုလေးများ (၁)
ထိပ်ဆိုးသို့..။
I have found some of the best reason I ever had for remaining at the botton simple
by looking at the top. ( Frank Colby ).
ကျနော်တို့ အောက်ဆုံးအခြေမှာရှိနေခဲ့ရတဲ့အတွက် အကောင်းဆုံးအကြောင်းရင်းတချို့ ထိပ်ဖျားစီမျှော်ကြည့်ရင်းက စူးစမ်းတွေ့ရှိခဲ့တာဖြစ်ပါတယ်.။ (ဖရန့်ကိုဘီ)
သင်ဦးခေါင်းကို ဘယ်တော့မှာငုံမထားပါနဲ့အထက်ကိုမော့ကြည့်လိုက်စမ်းပါ။
သင့်ဘဝအတွက်
မျှော်လင့်ချက်အလင်းရောင်တွေ ဖြာဝေနေပါလိမ့်မယ်။
အလှအပနဲ့ ဥာဏ်ပညာ..။
Beauty and wisdom are realy conjoined. ( Petronius Arbiter)
လှပါမှုရယ် ...ဥာဏ်ပညာရယ်ဆိုတာ ဘယ်တော့မှ အတူတွဲနေရိုးမရှိပါ။ (ပက်ထရိုနီးယပ်စ် အာဘစ်တာ၊ရောမစာရေးဆရာ)
လှပချောမောတဲ့သူတွေဟာ စဉ်းစားဥာဏ်ချိုယွင်းနည်းပါးတက်သလို
အလှပပေါ်မှာပဲ မန်မာနထောင်လွှားတက်ကြပါတယ်။
ဒါကြောင့် ဥာဏ်ပညာဆိုတာ ရုပ်ရည်အပေးမှာ မတည်ဘူးဆိုတာသတိပြုပါ..။
စိတ်ပါဝင်စားမှု..။
Interest isthe grate mainspring of concentration arouse your interest sufficiently and concentration ceases to be a problem. (Norman C.Croame)
စိတ်ပါဝင်စားမှုဟာ အာရုံစူးစိုက်မှုရဲ့ အဓိကဖြစ်တယ်။ စိတ်ပါဝင်စားမှုကိုသာ လုံလောက်အောင် နှိုးဆွပေးပါ။ အာရုံစူးစိုက်မှုက အလိုလို အဆင်ပြေချောမွေ့လာပါလိမ့်မယ်။ (နော်မန်စီကရိန်း)
မိမိလုပ်ငန်းအပေါ် မိမိစိတ်ဝင်စားခြင်းဟာ အောင်မြင်မှုရဲ့ပထမခြေလှမ်းဖြစ်ပါတယ်။
ကိုယ်တိုင်စိတ်ပါဝင်စားမှုမရှိတဲကအလုပ်ကို လုပ်နေရင် အဲဒီလူဘဝဟာ ဘယ်တော့မှာပျော်ရွှင်မှာမဟုတ်သလို အောင်မြင်မှုလည်းမရနိုင်ပါ.။
ဒါကြောင့် ..
ကိုယ့်အလုပ်ကိုယ်စိတ်ဝင်စားပါ။
အလိုလိုပျော်ရွှင်လာပါလိမ့်မယ်။..
လိပ်ပြာ..။
If you don't want anyone to know, don't do it. (Chinese Proverb)
သင်လုပ်မဲ့ကိစ္စကို သူတစ်ပါးမသိစေချင်ရင် အဲအလုပ်ကိုမလုပ်ပါနဲ့..။ (တရုပ်စကားပုံ)
လောမှာဘာပဲလုပ်လုပ် ကိုယ့်အလုပ်ကကိုယ်တန်ဖိုးထားဖို့လိုပါတယ်။
လူမသိမခံရဲတဲ့အလုပ်မျိုးမလုပ်မိပါစေနဲ့။
လူမသိပေမယ့်
သင့်ကိုယ်စောင့်နက်ကသိပါတယ်။
ကိုယ့်လိပ်ပြာကိုယ်ရှပ်ရမယ့်အလုပ်မျိုး မလုပ်တာကောင်းပါတယ်။..
(ဘဝအောင်မြင်ရေးအတွေးမှတ်စု အောင်ကောင်း)
အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ........................ (20/11/2011)

Friday, November 4, 2011
ဆရာတော် ဦးဇောတိက (တစိမ့်စိမ့်တွေးမယ် သိစရာတွေးစရာ) ထဲမှစာစုလေးများ
၁၊ ဘဝဆိုတာ စိတ်နဲ့ တန်သလိုဖြစ်တာ။
၂၊ အလေးနက်ဆုံးအသိဥာဏ်က ဘဝနဲ့ပတ်သက်တဲ့ အသိဥာဏ်ပဲ။
၃၊ ဘဝမှာတိုးတက်မှုမရှိရင်ဆုတ်ယုတ်နေတယ်။
၎၊ မနေ့က ငါထက် ဒီနေ့ငါက ပိုပြီးစိတ်ထားကောင်းမှသာ ငါ့ဘဝကို ငါကျေနပ်နိုင်မယ်။
၅၊ မေတ္မာကြီးမားတဲ့သူဟာ မြင့်မြက်တဲ့သူ ငြိမ်းချမ်းတဲ့သူ ဖြစ်တယ်။
၆၊ သူများမှားလို့ကိုယ်ခံရတာထက် ကိုယ်မှားလို့ ကိုယ်ခံရတာက ပိုပြီးတော့ဆိုးပါတယ်။
၇၊ သူများအပြစ်ကိုများများရှာပြီးပြောနေတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ချတာပဲ၊
သူများကို ဂုဏ်သိက္ခာချပြီးမှ ကိုယ့်ဂုဏ်ကို တင်လို့ရမယ့်ဘဝကိုရောက်နေပြီ။
၈၊ ဘာပဲလုပ်လုပ် သဘောထားမှန်ဖို့အရေးကြီးတယ်။
၉၊ စိတ်ရဲ့ငြိမ်းချမ်းမှုမရှိပဲနဲ့ စစ်မှန်တဲ့အောင်မြင်မှုမရှိဘူး။
၁၀၊ ချစ်တက်ကိုယ်ချင်းစာတက်တဲ့သူဟာ အဖေါ်မဲ့အထီးကျန်ခံစားမှုဖြစ်တာ နဲတယ်။
၁၁၊ တရားမျှတမှုကို တန်ဖိုးထားမှာသာ ကိုယ့်ကိုယ်ကို လေးစားတယ်လို့ဆိုနိုင်တယ်။
၁၂၊ ကိုယ့်ကိုယ်ကို ပိုကောင်းအောင် ကိုယ့်ဟာကိုယ် ပြုပြင်နိုင်တာဟာ
ကိုယ့်ရဲ့အကြီးမားဆုံး စွမ်းရည်သတ္တိကို (Power)ဖြစ်တယ်။
၁၃၊ အသိဥာဏ်နဲ့ စိတ်မြင့်မြက်မှုရှိမှ စိတ်ကျန်းမာမယ်။
၁၄၊ ပျော်ဖို့ထက်ဘဝကိုအဓိပ္ပာယ်ရှိရှိနေဖို့က ပိုအရေးကြီးတယ်။
၁၅၊ လူဖြစ်ရုံနဲ့ လူဖြစ်ကျိုးမနပ်သေးဘူး၊ မြင့်မြက်တဲ့လူသားတစ်ယောက်ဖြစ်အောင်
ကြိုးစားမှသာ လူဖြစ်ကျိုးနပ်မယ်။
၁၆။ အမှန်တရားသည်ပင်လျှင် အမြင့်ဆုံးဘာသာတရားဖြစ်သည်။
၁၇၊ မျှတတဲ့ သဘောထားရှိရင် မှန်ကန်တဲ့အဖြေကိုရနိုင်ပါတယ်။
၁၈၊ ကိုယ်တန်ဖိုးထားတာနိမ့်နေရင် နိမ့်တဲ့ဘဝမျိုးကိုပဲ ပုံဖေါ်မိမယ်။
၁၉၊ ပျော်ပျော်နေပါ ၊ ပေါ့ပေါ့တန်တန်မနေပါနဲ့။
၂၀၊ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ရဲ့အကောင်းဆုံးစိတ်ထားနဲ့
အကောင်းဆုံးအရည်အချင်းကိုဖေါ်ပြနေတာဖြစ်ရမယ်။
အားလုံးကိုကျေးဇူးတင်လျှက်ပါ.....................

Subscribe to:
Posts (Atom)