ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။
Showing posts with label အချစ်ရဲ့ ဒဿနလေးများ. Show all posts
Showing posts with label အချစ်ရဲ့ ဒဿနလေးများ. Show all posts

Sunday, January 19, 2014

တန်ဖိုးထားတက်သူ

 ငါ နင့်ကို ဘယ်လောက်ထိချစ်တယ်ဆိုတာ...
ငါ နင့်ကို ဘယ်လောက်ထိ ကြင်နာယုယနေခဲ့ရတယ်ဆိုတာယုံလေးနဲ့
နင် သိသင့်ပါတယ်....။

ငါ နင့်ကို ဘယ်လောက်ထိ အလေးနက်ထားတယ်ဆိုတာ...
ငါ နင်ပြောလိုက်တဲ့ စကားလုံးတိုင်း မြေဝင်မကျ နားထောင်တက်တဲ့
ငါ့ အကျင့်လေးတွေကို ကြည့်ပြီး
နင် သိသင့်ပါတယ်...။

နင်နဲ့ ဝေးကွာနေတဲ့အချိန်တိုင်း...
ငါ နင့်ကို ဘယ်လောက်ထိ သတိရနေလဲဆိုတာ...........
နင် ငါ့ကို အမှတ်တရပေးခဲ့တဲ့ နင့်ပုံလေးတွေကို မေးကြည့်ရင် သိပါတယ်..။

စကားမပြောတက်ဘူးဆိုပေမယ့် နင့်ကို သတိရတိုင်းကြည့်နေရင်း
တစ်စက်စက်နဲ့ ကျနေတဲ့ ငါ့မျက်ရည်တွေ ဘယ်လောက်ထိများသလဲဆိုတာ...
သူတို့ သိပါတယ်........။

Saturday, January 4, 2014

ရိုးရှင်းတဲ့ ဘဝ

လူတွေဟာ တစ်ချို့အကြောင်းအရာတွေကြောင့်  စိတ်တွေ ဒွိဟဖြစ်ပြီး တွေဝေရှုပ်ထွေးနေတတ်ကြပါတယ်။ 
တကယ်တော့ကိစ္စတော်တော်များများဟာ ထင်သလောက်ခက်ခဲတာ မဟုတ်ပါဘူး ။ 
 ။  ။ တစ်ယောက်ယောက်ကို သတိရနေရင် 
      ဖုန်းဆက်လိုက်ပါ ။။။
။   ။ တွေ့ဆုံချင်နေရင်  ဖိတ်ကြားလိုက်ပါ။။
။   ။ နားလည်စေချင်ရင် ရှင်းပြလိုက်ပါ။။။
။   ။ သဘောမပေါက်ရင် မေးမြန်းလိုက်ပါ။။။
။   ။ တစ်ခုခုကိုမကြိုက်ရင် မကြိုက်ကြောင်း 
      ပြောပြလိုက်ပါ။။။
။   ။ တစ်ခုခုကို လိုချင်ရင် တောင်းယူလိုက်ပါ။။။
။   ။ တစ်ယောက်ယောက်ကို ချစ်တယ်ဆိုရင် 
      ဖွင့်ပြောလိုက်ပါ။။။
ဘဝဆိုတာ ကိုယ်ဖြစ်ချင်လို ဖြစ်လာဖို့မလွယ်ပါဘူး.
ဖြစ်ချင်တိုင်းမဖြစ်လို့ စိတ်ညစ်နေ တွေဝေနေလို့လည်း အဆင်မပြေသွားနိုင်ပါဘူး ။
ကျွန်တော်တို့မှာ ရှင်သန်စရာ ဘဝတစ်ခုပဲရှိပါတယ်။
ဒါကြောင့်ရိုးရိုးရှင်းရှင်းလေးပဲ နေထိုင်ဖြတ်သန်းလိုက်ပါ.။

Tuesday, August 20, 2013

အချစ်ရဲ့ ဒဿနလေးများ

ကောင်မလေးေ၇
နူက်ဆက်ခြင်းဆိုတာ
ပြန်မဆုံနိုင်တဲ. လမ်းကို
လျှောက်လှမ်းဖို. ခွဲခွာတာတဲ...
နင်က
ကျောခိုင်း သွားပေမဲ.
ငါရင်ထဲ အချိန်တိုင်းရှိနေတဲ.
မင်းကို......နူတ်ဆက်ခြင်းမှာ
အားမပေးနိုင်တာခွင်.လွတ်ပါဟာ...။
=====================
ကောင်မလေးရေ
လေပြေလေကြမ်းကြား
အလိုက်သင်.လွင်.ပါနေရတဲ.
တိမ်စိုင်လေးတွေလို
လောကဓံ..
အဆိုးအကောင်းကြား
လူးလိမ်.နေရတဲ. ငါဘ၀ကို
နင်ထားရက်ခဲ.ပီပေါ...
အြေ့ပာကျယ်တဲ.
လောကဓံမှာ.
ငါကို လွမ်းဆွေးစေတဲ.လား
  ...။
=========================
ကောင်မလေးေ၇
အထင်ကြီးစရာ မက်လုံးမ၇ှိတဲ.
ငါဂုဏ်ပုဒ်က မင်းအတွက်
ပြက်လုံးတခုပေါ.
ငါရဲ.ချွေးစော်နံတဲ.
ဒီကိုယ်ကို
မင်းငြိုငြင်လာတာ
နောက်ဆုံးတော
ငါကိုခွဲခွာခဲ့ပြီပေါ.
ရှိပါစေ......................။
============ 

Thursday, June 13, 2013

ချစ်တတ်လွန်းတဲ့သူ


စောင့်စားတယ်ဆိုတာ
ပြန်လာမှာသေချာနေတဲ့လူကိုစောင့်ရမှ အဓိပ္ပါယ်ရှိတာပါ

အချစ်ဆိုတာ
နှစ်ဦးနှစ်ဖက်သဘောတူညီတဲ့အချစ်မှ အရသာရှိတာပါ

ပြန်မလာတော့မဲ့လူကို စောင့်နေခြင်းဟာ
အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ပါ

မချစ်တော့ဘူးလို့ပြောထားတဲ့လူကို
ဆက်ချစ်နေခြင်းဟာ နာကျင်နေရတဲ့အဖြစ်အပျက်ပါ

ဘဝမှာမိုက်မဲတဲ့လူတချို့ရှိတယ်
သူတို့ဟာ အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ကိုလုပ်ပြီး
ကိုယ့်ကိုကိုယ်အမြဲတမ်းနာကျင်နေစေတတ်တယ် ။ ။




ခင်မင်လျက်
ကောင်ကလေး

Thursday, April 4, 2013

အချစ်ရဲ့ ဒဿနလေးများ...။။။

ယောင်္ကျာလေးတစ်ယောက်ဟာ..
တကယ်ချစ်တက်လာပြီဆိုရင်...

ဘာကိုမှ မတွေးတော့ပဲ..
မိန်းခလေးတစ်ယောက်ကိုလွမ်းနေဖို့ဆိုတာ...
သူရဲ့ ၀ါသနာကြီးတခုလိုဖြစ်လာခဲ့တယ်...။


ဘာကိုမှ မကြည့်တော့ပဲ...
မိန်းခလေးတစ်ယောက်ကိုဂရုစိုက်ဖို့ဆိုတာ...
သူရဲ့ အဓိကထားရတဲ့ အလုပ်ကြီးတခုလိုဖြစ်လာခဲ့တယ်...။


ဘာကိုမှ မမျှော်လင့်တော့ပဲ..
မိန်းခလေးတစ်ယောက်ကိုပျော်ရွင်အောင်ထားဖို့ဆိုတာ...
သူရဲ့ အဓိကထားရတဲ့ တာဝန်ကြီးတရပ်ကိုဖြစ်လာခဲ့တယ်...။


ဘာကိုမှ မပြောင်းလဲတော့ပဲ...
မိန်းခလေးတစ်ယောက်တည်းကို ထာဝရချစ်နေဖို့ဆိုတာ...
သူ့ရဲ့ ကိုယ်ပိုင် ဘ၀လေးတခုဖြစ်လာခဲ့တယ်......။



◘မင်းအလင်္ကာ(အမုန်းမရှိသော အချစ်မရှိသောသူဖြစ်ရပါစေ)

====================================
=================

ချစ်သူ
ဝေးတိုင်းလည်း အားမငယ်နဲ့ 
လွမ်းတိုင်းလည်း မငိုနဲ့ 

ဘယ်သူကကော ကိုယ့်ချစ်သူရဲ့ အဝေးမှာ နေချင်ပါ့မလဲ

လူချင်းသာ ဝေးပါစေ ချစ်သူ
နှလုံးသားချင်း ဆုပ်ကိုင်ထားမှတော့ ဘယ်သူမှ ကြားဝင်လို့ မရဘူး

မင်းရဲ့ ဓာတ်ပုံကို ငါ့ရဲ့ နှလုံးသားမှာ Scan ဖတ်ထားတယ်
မင်းရဲ့  လှုပ်ရှားပုံကို ငါ့ရဲ့  မျက်စိ မှာ Install လုပ်ထားတယ်
မင်းရဲ့ စကားသံတွေကို ငါ့ရဲ့  နားမှာ record လုပ်ထားတယ်
မင်းရဲ့  အချစ်တွေကို ငါ့တကိုယ်လုံး DownLoad ဆွဲထားတယ်

ကဲ ဘာ လို သေး လဲ ချစ် သူ ရယ်~~~



♥ ♥ ♥


( ဇင် နှင်း )============

=================================

တကယ်ချစ်တက်သွားရင် မမျှော်လင့်တက်အောင်ကြိုးစားဖို့တော့လိုမယ်
အရာရာ ကိုယ်ထင်တိုင်းဖြစ်မလာတဲ့အခါ ခံနိုင်ရည်ရှိအောင်လို့ပါ..။

တကယ်မေ့ပြစ်လိုက်တော့မယ်ဆိုရင် လှည့်မကြည့်မိဖို့တော့လိုမယ်
အရာရာဟာ ကိုယ်နဲ့မှ မသက်ဆိုင်တော့တာ..။

အချစ်ဆိုတာ တွေဝေလွန်းရင် ခံစားရသလို
မျှော်လင့်လွန်းရင်လည်း ကြေကွဲတက်တယ်..။။


မနောဖြူ။။။။။။။။။။။။။။============
=========================

Wednesday, March 6, 2013

အချစ်ရဲ့ ဒဿနလေးများ

မြင်မြင်ချင်းချစ်ခဲ့တာလည်း မဟုတ်ဘူး..
အနေနီးလို့ချစ်သွားတာလည်း မဟုတ်ဘူး..
အပြောကောင်းလို့ခိုက်သွားတာလည်း မဟုတ်ဘူး..
နှလုံးသားကချစ်လိုက်ဆိုလို့.. ချစ်ခဲ့မိတာ.....။
=============
 ငှက်ကလေးတွေကမေးတယ်… မင်းမှာ ချစ်သူအများကြီးရှိလားတဲ့… ငါကလည်းပြန်ပြောလိုက်တယ်… ချစ်သူအများကြီးမရှိပါဘူး… ဒါပေမယ့်…ရှိတဲ့တစ်ယောက်ကို အများကြီးချစ်ပါတယ်လို့......။
===========================
အနားမှာရှိတဲ့သူတိုင်းကို မချစ်ချင်ပါဘူး…..
ချစ်တဲ့သူကိုပဲ အနားမှာရှိစေချင်တာပါ….။
==========
ကို တို့ နှစ်ယောက် မတွေ့ ရသေးပေမဲ့…
အမြဲတမ်း မင်းလေးရဲ့ အရိပ်ထက် ပိုတဲ့
ကို ရဲ့စိတ်က မင်းလေး နားမှာ
အမြဲတမ်းရှိနေမှာပါ …….
ချစ်သူလေး ပျော်ရွှင်ပါစေ …………..။
============================
နောင်တတော့ မရချင်ပါဘူး….
ငါလိုချင်တာက ……
စိုးရိမ်ကြောင့်ကြမှုတွေကင်းတဲ့ အချစ်ပါဟာ…
မိုးရွာသလို အားလုံးအတွက် မဟုတ်ပေမယ့် …..
နင့်အတွက်တော့ ငါက အေးချမ်းစေမှာပါ …....။
===========
ငါသည် သူ့ကိုချစ်၏။ ထိုသို့ချစ်သောကြောင့်
ခံစားရသော ဒုက္ခသည် ကြီးစွ၊ ထိုဒုက္ခသည်
ကြီးစွာသော ပီတိကိုဖြစ်စေ၏။ ဟိသစ္စံ ဤစကားမှန်၏၊
ဤမှန်သော သစ္စာစကားကြောင့် ငါသည် ဘ၀ဆက်တိုင်း
“ချစ်တတ်သောကိုပိုင်ဆိုင်ရလို့၏......။
==========================================
အကောင်းဆုံးကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲရှိတယ်။ လုံးဝပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲရှိတယ်။ လုံးဝအပြစ်ကင်းတဲ့အချစ်က ဝတ္ထုထဲမှာပဲရှိတယ်။
============
 မှားတယ် နောင်တတော့ရဘူး ငိုတယ် မျက်ရည်တော့ကျဘူး ခံစားတယ် မပေါက်ကွဲဘူး ကျေကွဲတယ် ၀မ်းမနည်းဘူး လွမ်းနေတယ် ထုတ်မပြဘူး ..!!
=================
ယှက်နွယ်ခဲ့တာ သံယောဇဉ်တွေပါ မင်းသုံးနေကျ အရက်ပျံမဟုတ်ဘူး စိတ်ထဲမပါပဲ ငါ့ဆီမလာနဲ့ ဒဏ်ရာတွေ ကုပေးမယ့်သမားတော်လည်းမဟုတ်ပါဘူး..........။
========================
 ငှက်တစ်ကောင်ကိုချစ်မိမှတော့ လွတ်လပ်ခြင်းကိုပါ ငါနားလည်ပေးရတော့မှာပေါ့ … ♥ ငါမချုပ်ချယ်ပါဘူး မင်းအတောင်ညောင်းရင် နားခိုအိပ်စက်တတ်တဲ့ သစ်ပင်တိုင်းပဲ ငါဖြစ်ချင်ခဲ့တာပါ…♥♥♥
===============================
.ပုံပြောခဲ့တာလား..ချစ်သူရယ်… စဥ်းစားတိုင်း ငါထိတ်လန့်နေခဲ့.မမြင်နိုင်တဲ့ ငါနောက်ကွယ်မှာ နင်ဘယ်လိုရှိမယ်. ငါမသိခဲ့.. တွေးမိတိုင်းငါ.. ရင်မောတယ်. သတိရသေးလား ကိုယ့်ချစ်သူလေးရယ်.. ညစဉ်တိုင်းငါ.. ငိုမိတယ်.. ဒီမျက်ရည်များစွာ ခမ်းကုန်သွားလိမ့်.. မငိုနိုင်တော့ဘူး. ကြာ၇င် ငါရူးလိမ့်မယ်
======
အိပ်မက်တိုင်း အကောင်အထည် ဖော်နိုင်တာ မဟုတ်ဘူး။ စကားလုံးတိုင်း အချိန်မှီပြောခွင့်ရတာ မဟုတ်ဘူး။ အချစ်တိုင်း ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ကြတာ မဟုတ်ပါဘူး။
=============

 BY ..လက်တွဲဖေါ်ချစ်သူ

Friday, August 24, 2012

အချစ်နှင့်ပါတ်သက်သော....

သင်မြတ်နိုးတက်ရင်  သင်ပိုင်ဆိုင်ထားတာ အကောင်းဆုံးပါ..။
သင် အတ္တကြီးနေမယ်ဆိုရင်  သင်ပိုင်ဆိုင်ထားတာတောင် သင်ဆုံးရှုံးနိုင်ပါတယ်..။
သင့်အတွက် အကောင်းဆုံးကို သင်အမြဲဆုတ်ကိုင်ထားပါ..။
တစ်မိနစ်အတွင်းမှာ လူတစ်ယောက်ကို သင် သိနိုင်တယ်..။
တစ်နာရီအတွင်းမှာ လူတစ်ယောက်ကို သင် နှစ်သက်နိုင်တယ်..။
တစ်ရက်အတွင်းမှာ လူတစ်ယောက်ကို သင် ချစ်မိသွားနိုင်တယ်..။
ဒါဟာ .. ...
တစ်သက်လုံးအချိန်တွေကုန်လွန်သွားခဲ့ပေမယ့်..
သင်  သူ့ကို မေ့နိုင်မှာမဟုတ်ပါဘူး..။
သင် သူ့အတွက် မျက်ရည်မကျသင့်ပါဘူး..။
သူ သင့်ကိုချစ်တာမှန်ခဲ့ရင်...
သူ့အတွက် မျက်ရည်ကျတော့မယ်ဆိုရင်...
သူက သင့်ရဲ့ မျက်ရည်ကိုကျခွင့်ပေးမှာ မဟုတ်သလို..
သင်ကျခဲ့တဲ့ မျက်ရည်စက်တွေကြောင့် သူ့မှာလည်း...
မျက်ရည်စက်တွေပေါက်ဖွားလာနိုင်တယ်ဆိုတာ..
သင် မမေ့ပါနဲ့.....။
ငါတို့ အခွင့်အရေး မရှိတော့တာ မဟုတ်ပါဘူး..။
အခွင့်အရေးက မျက်စိရှေ့မှာပါ...။
ပြန်စဖို့ သတ္တိမရှိတော့တာပါ...။
အရသာ မရှိတဲ့ ရေကို ငြီးငွေ့တယ်လို့ ဘယ်သူမှ မပြောသလို..
အေးဆေးငြိမ်းချမ်းတဲ့ ဘဝကို  ဘယ်သူက ငြီးငွေ့တယ်လို့ ပြောမှာလဲ....?


Monday, June 4, 2012

အချစ်ရဲ့ခံစားချက်လေးများ..

ငါနင့်ကိုစိတ်နာလို့ ကျခဲ့ရတဲ့

ငါ့မျက်ရည်တွေကို မနှမြောပေမဲ့

အဲ့ဒီမျက်ရည်တွေထဲမှာ

... နင့်ကိုသေမလောက်ချစ်တဲ့ ငါ့အချစ်တွေ

ပါသွားတာကိုတော့ ငါနှမြောမိတယ်ချစ်သူရယ်..........။။။

 ....................................။။။
!!!! ဒီအချိန်တွေဆိုရင် !!!!
ဒီအချိန်တွေဆိုရင် ငါချစ်တဲ့နင့်
ဘာတွေလုပ်နေမလဲ...........?
ဒီအချိန်တွေဆိုရင် ငါချစ်တဲ့ နင့်
ဘယ်သူအကြောင်းကိုတွေးနေမလဲ......?
ဒီအချိန်တွေဆိုရင် ငါချစ်တဲ့နင့်
... ဘယ်သူတွေနဲ့ရှိနေမလဲ.........?
ဒီအချိန်တွေဆိုရင် ငါချစ်ချစ်တဲ့ နင့်
ဘယ်သူနဲ့ ဖုန်းပြောနေမလဲ............?
ဒီအချိန်တွေဆိုရင် ငါချစ်တဲ့ နင့်
ဘယ်သူနဲ့ အင်တာနက်မှာချက်နေမလဲ.............?
ဒီအချိန်ဆိုရင်.............?
ဒီအချိန်ဆိုရင်.............?
ဒီအချိန်ဆိုရင်.............?
အဲဒီ ဒီအချိန်တွေဆိုတဲ့ အတွေးတွေနဲ့ငါမှာ
စိုးရိမ်စွာတွေးပူနေမိတာ ကလည်
နင့်ကို အရမ်းချစ်လွန်းလို့ပါ ချစ်သူ
နင့်ကိုဆုံးရူံးမှာအရမ်းကြောက်လို့ပါချစ်သူ......။ ။
  ...................................

နင်ငါ့ကို တစ်သက်လုံးမဟုတ်ရင်တောင်

တစ်ရက်လောက်ပဲဖြစ်ဖြစ် အချစ်စစ်လေးနဲ့ 

ချစ်ပေးပါဟာ .................
... အချစ်ခံစားချက်လေးများ...............