ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။

Monday, June 24, 2013

Samsung Android ဖုန်းများအတွက် Pattera Or Pin Lock ဖြုတ်နည်း


Samsung Android ဖုန်းကို Wifiမလို Gmail လည်းထည့်စရာမလိုပဲ

Pattern or Pin Lock ဖြုတ်လို့ ရတဲ့နည်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်...

Pattern or Pin Lock ကိုဖြုတ်ဖို့ အတွက်အဆင့်သုံးဆင့်လိုပါတယ်။

(၁) Lock ကျနေသောဖုန်းကိုအရင်ဆုံးဓာတ်ခဲကိုချွတ်ရပါမယ်...

(၂)ဖြုတ်ထားသောဓာတ်ခဲကိုပြန်တပ်ပြီး Power,Volume key နှင့်အလည်မှနှိပ်စေ့လေးကိုပြိုင

တူဖိထားလိုက်ပါ...ခဏအကြာတွင် Screen ပေါ်တွင် English စာကြောင်းများပေါ်လာလိမ့်မည်

အဲ့စာကြောင်းများထဲမှReset all ကိုနှိပ်လိုက်ပါ..ခဏတွင်ဖုန်း ပိတ်သွားပါလိမ့်မယ်..ပြန်ပွင့်

လာလို့ ရှိရင် Lock အားလုံး ပြုတ်သွားပါပြီ..နဂိုတိုင်းသုံးလို့ လိုရသွားပါလိမ့်မယ်..

(၃)မြန်မာဖောင့်နှင့်အခြား Apk များကိုတော့ပြန်ထည့်ပေးရန်လိုပါသည်...

အထူးလေးစားလျှက်

လမင်းမြတ်(TCK) မှ ပြန်လည်မျှဝေပါသည်။

Wednesday, June 19, 2013

လှပတဲ့ အိမ်မက်လေးတစ်ခုပိုင်ဆိုင်ဖို့


လှပတဲ့အိမ်မက်တခုကို စိတ်ကူးလိုက်နေရုံနဲ့ ပိုင်ဆိုင်နိုင်ပင်မယ့်
လှပတဲ့ဘဝ ရဖို့ တော့ ကိုယ်တိုင် ကြိုးစားမှ အကောင်ထည်ဖော်လို့ ရတယ်

လှပတဲ့အချစ်တခုပိုင်ဆိုင်ဖို့ အတွက်ငါမင်းကိုနားလည်ပေးမှာပါ
ဆိုတဲ့စကားက အပြောလွယ်ပင်မယ့်
တကယ့်လက်တွေ့ အချစ်မှာ တကယ်ချစ်တဲ့သူသာအပြန်လှန် သည်းခံနားလည်ပေးနိုင်တယ်


တချို့ လူတွေက အနာဂတ် ဘဝလှပတဲ့လူတွေကို အားကျ ကြတယ်
ဒါပေမယ့် သူတို့ ဘယ်လိုကြိုးစားခဲ့လည်းဆိုတာကိုတော့ မသိချင်ကြဘူး

တချို့ စုံတွဲတွေက အဆင်ပြေပျော်နေတဲ့ ချစ်သူအတွဲကိုအားကျကြတယ်
ဒါပေမယ့် သူတို့ တွေဘယ်လောက်ထိချစ်ပြီးနားလည်ပေးနေကြတာကို မသိချင်ကြဘူး


သူများပြုံးတိုင်း ကိုယ်ပြုံးချင်ရင်တော့
သူများ တွေကြိုးစားတဲ့အချိန် ကိုယ်ပါကြိုးစားသင့်တယ်

ဘာလို့ လည်းဆိုတော့

ဘဝ ဆိုတာ အမြဲအဆင်ပြေနေပါ့မယ်လို့ သင့်ကို အာမခံချက်မှမပေးထားတာ~~~
====================================
အမုန်းမရှိသော အချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ

Tuesday, June 18, 2013

စိတ်ဓါတ်ရင့်ကျက်လာဖို့


(၁) တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ..
တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ။

(၂) ကိုယ့်ကိုကိုယ်တောင် မပိုင်တာ..
ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ။

(၃) ငါ သေရအုံးမှာ..
အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ။

(၄) ငါဘာတွေတွေးနေလဲ?
ဘာတွေခံစားနေလဲ ?
ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး
ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ။

(၅) ငါဘာကိုတန်ဖိုးထားတာလဲ?
အပေါ်ယံအရာဖြစ်တဲ့ပစ္စည်းတွေလား?
တစ်စုံတခုလား? တစ်စုံတစ်ယောက်လား?
စိတ်ထားမြင့်မြတ်တာလား? ကိုယ်ကျင့်တရားမြင့်မြတ်တာလား?
ငါ့ဘဝမှာ ငါတကယ်တမ်း တန်ဖိုးအထားဆုံးအရာဟာ ဘာလဲ?
ခုလုပ်နေတာတွေဟာ ငါဘာကိုတန်ဖိုးထားပြီး လုပ်နေကိုင်နေပြောနေတာလဲ?
ငါတန်ဖိုးအထားဆုံးအရာဟာ တကယ်တမ်း နောက်ဆုံးတော့ အားကိုးရရဲ့လား?
ဆိုတဲ့မေးခွန်းမျိုးကို ကိုယ့်ကိုကိုယ် မမေ့မလျော့ ပြန်ပြန်မေးပါ။
(ကိုယ့်ကိုကိုယ် မလိမ်မညာပဲဖြေရင် အမှန်တွေနဲ့ အကောင်းတရားတွေနဲ့ နီးလာပြီ)

(၆) ဖြစ်နေတဲ့ အဆိုးတွေရော အကောင်းတွေရောဟာ
ဘာမှ မမြဲဘူး။ ဘာမှ မဟုတ်ဘူး။ တခဏလေးတွေချည်းပဲ။
သင်္ခါရတရားတွေ အချိန်ပြည့် နှိပ်စက်နေတာလို့ အမြဲနှလုံးသွင်းနေကြည့်လိုက်ပါ။

သဘာဝကို သဘာဝ၊ အမှန်ကို အမှန်လို့
ကြည့်တတ် မြင်တတ် လက်ခံတတ်တာ လက်ခံနိုင်တာဟာ သတ္တိရှိလို့ပါ။
သဘာဝအမှန်တရားကို လက်ခံနိုင်ရင် စိတ်ဓါတ်ရင့်ကျက်လာပြီ။
အရှိကိုအရှိအတိုင်း အမှန်တရားကို အမှန်အတိုင်း လက်ခံနိုင်တဲ့စွမ်းရည်ကပဲ
အရာရာအပေါ်ကို balance အဖြစ် မြင်တတ်လာလိမ့်မယ်။
အဲဒီလက်ခံနိုင်တဲ့ စိတ်ဓါတ်ကပဲ ကိုယ့်ဘဝကို တကယ်တမ်း
ဘာရှေ့ဆက်လုပ်ရမလဲ ဘယ်အရာတွေကို မလုပ်သင့်တော့ဘူး။
ဘယ်အရာတွေတော့ ပိုလုပ်သင့်သလဲဆိုတာ လမ်းပြပေးသွားပါလိမ့်မယ်။
နေတတ်ထိုင်တတ်အောင် စိတ်ချမ်းသာနေအောင်လည်း အပြည့်အဝ ကူညီပါလိမ့်မယ်။

ဒါပေမယ့် ဖတ်ထားပြီးရော ပြီးရင်မေ့ မလုပ်ပဲ…
အဲဒီအတွေးတွေကို မမေ့မလျော့ သတိတရ တွေးတွေးနေပေးဖို့တော့ လိုတယ်။
တကယ် တွေးတွေးကြည့်ပြီးတဲ့အခါ လက်တွေ့ စိတ်ချမ်းသာလာတာကို တွေ့ရလိမ့်မယ်။
တချို့အရာတွေက သူများရေးထားတာဖတ်တာထက် ကိုယ်ကိုတိုင် လက်တွေ့ကြုံလာတဲ့အခါ အဲဒီအရသာက ပိုပြီးစိတ်ကိုကြည်နူးကျေနပ်စေတယ်။ တချို့အမြင်တွေက ကိုယ်ကိုတိုင်လုပ်ကြည့်လာမှ မြင်လာတယ်။ ပြီးမှ ဟုတ်ပါလားလို့ပေါ့..။ေ၇းထားတဲ့စာလေးနဲ့ ရပ်မနေပဲ ဒီထက်ပိုပြီးချဲ့တွေးစေချင်တာရယ်ပါ။

ဥပမာအနေနဲ့ “တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ.. တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ” လို့ ရေးထားတဲ့အတိုင်း ကိုယ့်စိတ်ရင်းနဲ့ တွေးပေးလိုက်ရင် မတရားသဖြင့်လိုချင်တဲ့ မတရားလောဘတွေနဲသွားစေတယ်။ ငါစွန့်သွားရမှာပဲ..။ မတရားသဖြင့် လိုချင်မက်မောတာတွေနဲ့ မတရားလုပ်မနေတော့ပါဘူးဆိုတာမျိုး ဖြစ်လာတယ်။ ဒီထက်မကကို ကျယ်ပြန့်လွန်းပါတယ်။

“ကိုယ့်ကိုကိုယ်တောင် မပိုင်တာ.. ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ” ဆိုတာကို ဆင်ခြင်တဲ့အခါ.. ကိုယ်တကယ်ပိုင်လို့မရတဲ့အရာတွေရှိလာရင် ကိုယ်တကယ်လုပ်ယူလို့မရတဲ့အရာတွေ ဖြစ်လာရင် အဲဒီတွေးနည်းက တော်တော်အလုပ်ဖြစ်တယ်နော်..။ အဲဒီဆင်ခြင်နည်းက တော်တော်စိတ်ကိုသက်သာစေလိမ့်မယ်နော်။

“ငါ သေရအုံးမှာ.. အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ” လို့ နှလုံးသွင်းကြည့်ရင်… စာဖတ်သူ သေသေချာချာစိတ်နှစ်ပြီး နှလုံးသွင်းကြည့်လိုက်ပါ..။ ဘယ်လိုခံစားရလဲလို့..။ ဒါဆိုရင် ရေးနေစရာတောင်မလိုတော့ပါဘူးနော်..။ အနည်းဆုံးဥပမာလေးကတော့ မာန်တွေ တော်တော်လျော့သွားစေတယ်..။

“ငါဘာတွေတွေးနေလဲ? ဘာတွေခံစားနေလဲ ? ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ”
အဲဒီအတိုင်း ပြန်ပြန်ကြည့်တဲ့အခါ ကိုယ့်စိတ်အကြောင်း ကိုယ်သိလာတယ်။ ပိုသိလာတယ်။ ကိုယ်ကောင်းတာလည်းသိလာလိမ့်မယ်။ ကိုယ်မကောင်းတာလည်း သိလာလိမ့်မယ်။ ဆရာတော်ဦးဇောတိကစာအုပ်တွေ ဖတ်ပြီးလက်တွေ့လုပ်ကြည့်တဲ့သူတွေဆိုရင် အထူးသိပြီးသားတွေပါ။ ကိုယ့်စိတ်ထဲကခံစားမှုတွေကို စောင့်ကြည့်ပါများလာရင် မကောင်းတာတွေတွေးတာတွေ မကောင်းတာပြောတော့မှာတွေ မကောင်းတာလုပ်တော့မှာတွေကို ခွင့်မပြုတော့ဘူး။

အသေးစားဥပမာအနေနဲ့ ဒေါသအားကြီးလို့ ဒေါသကြီးလိုက်တာကိုတောင် အနည်းဆုံး ဒေါသဖြစ်နေတယ်လို့ ကိုယ့်ကိုကိုယ် ပြန်သိနေတယ်။ သိနေတော့ ဆိုးဆိုးဝါးဝါးတွေ မလုပ်ဖြစ်အောင် စိတ်ကပြောနေတယ်။ တုံ့ခနဲ့ ရပ်နိုင်တာ မရပ်နိုင်တာတော့ အလေ့အကျင့်ပေါ်မှာ မူတည်ပါတယ်။ နောက်ထပ်အကျိုးကျေးဇူးတွေက အများကြီးပဲ..။ အကျိုးများလွန်းလို့ လုပ်ကြည့်စေချင်တာရယ်ပါ။ အဓိကက အလေ့အကျင့်ရှိဖို့ အလေ့အကျင့်လုပ်ဖို့ရယ်ပါ..။

နံပါတ်(၅)က ကိုယ်တိုင်ဖြေရမှာမို့............

ကိုယ့်အတွေးတွေကို ပြောင်းလိုက်ရင် ကိုယ့်လောကလည်း ပြောင်းသွားပါတယ် (ဆရာတော်ဦးဇောတိက)။
ကိုယ့်နှလုံးရဲ့ နှလုံးသွင်းနည်းတွေကို ပြောင်းပစ်လိုက်ရင် ကိုယ့်ဘဝလည်း ပြောင်းသွားမယ်။
ဘယ်လိုအခက်အခဲ အကြီးအသေးတွေကြုံကြုံ ကိုယ်စိတ်ထားတတ်ရင် အိုခေနေတယ်ဆိုတာ သိလာလိမ့်မယ်။ အခက်အခဲက သေးနေပါစေ ကိုယ်စိတ်မထားတတ်ရင် စိတ်ဆင်းရဲနေတယ်ဆိုတာ သိလာလိမ့်မယ်။ အဲဒါမို့လို့ အဲဒါတွေအပေါ်ထားတဲ့ မြင်တဲ့ ကိုယ့်အတွေးတွေ၊ ကိုယ်နှလုံးသွင်းတဲ့နည်းတွေက အရမ်းအရေးကြီးနေပါတယ်။

“Change Your Thoughts and
You Change Your World…
Change Your Life
by Changing Your heart…”

Thursday, June 13, 2013

ကန္တာရထဲက သစ်တစ်ပင်


အတိတ်ကို
ပြန်ခြေချမိတဲ့အခါတိုင်း
ရင်ထဲမှာ
အလွမ်းတွေက
အဆုပ်လိုက်
အဆုပ်လိုက်ပွင့်တယ်.

ကောင်မလေးရေ~~

ငါတို့အတွက်
အချစ်ဟာ
သစ်ပင်တပင်ဖြစ်ခဲ့တယ်
ဒါပေမဲ့
ကန္တာရထဲမှာမှဘာလို့ပေါက်ခဲ့ရတာလဲ

တကယ်ဆို
အရိပ်တောင်
မခိုရသေးဘူး
မျှော်လင့်ခြင်းတွေကမြေပေါ်
ဘုတ်ခနဲ
ပြုတ်ကျသွားတယ်

အခုတော့လည်း
ငါဟာ~~~

အပွင့်မရှိ
အသီးမရှိ
အရွက်မရှိ
ရိုးတံချည်းသက်သက်
ချစ်နေလျက်နဲ့
ကျန်နေခဲ့ရတဲ့
ကန္တာရထဲက
သစ်ပင်တပင်သက်သက်ပါပဲ ။ ။

ချစ်တတ်လွန်းတဲ့သူ


စောင့်စားတယ်ဆိုတာ
ပြန်လာမှာသေချာနေတဲ့လူကိုစောင့်ရမှ အဓိပ္ပါယ်ရှိတာပါ

အချစ်ဆိုတာ
နှစ်ဦးနှစ်ဖက်သဘောတူညီတဲ့အချစ်မှ အရသာရှိတာပါ

ပြန်မလာတော့မဲ့လူကို စောင့်နေခြင်းဟာ
အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ပါ

မချစ်တော့ဘူးလို့ပြောထားတဲ့လူကို
ဆက်ချစ်နေခြင်းဟာ နာကျင်နေရတဲ့အဖြစ်အပျက်ပါ

ဘဝမှာမိုက်မဲတဲ့လူတချို့ရှိတယ်
သူတို့ဟာ အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ကိုလုပ်ပြီး
ကိုယ့်ကိုကိုယ်အမြဲတမ်းနာကျင်နေစေတတ်တယ် ။ ။




ခင်မင်လျက်
ကောင်ကလေး

Wednesday, May 29, 2013

Screenshot ကွန်ပြူတာ screen ကို မိမိစိတ်ကြိုက် ဓါတ်ပုံရိုက်မယ်

 window 8မှာတော့ search ကိုအရင်ဆုံး
ဖွင့်လိုက်တာနဲ့အောက်ကပုံတိုင်းပေါ်လာပါမယ်
w
 အဲလိုပေါ်လာရင် အဲထဲမှာ ပြာဝိုင်းလေးပြထားတဲ့ 
snipping tool ဆိုတာလေးကိုဖွင့်လိုက်ပါ
အောက်ကပုံတိုင်းဘောက်လေးတစ်ခုကျလာပါမယ်
 အဲဘောက်လေးထဲမျှားအောက်ပြထားတာလေးကို
နှိပ်လိုက်တာနဲ့ ကိုလိုချင်တဲ့ အတိုင်းရွေးပြီး 
ဓါတ်ပုံရိုက်လို့ရပါတယ်..
 Rectangular Snip ဆိုတာလေးကိုနှိပ်လိုက်ရင် 
ကိုယ်လိုချင်တဲ့အပိုင်းလေးကို မောက်ကလေးဖိကလစ်ပြီး
ယူလိုက်ရုံပါပဲအထပ်ပုံတိုင်းလေးပေါ့.
window8 window7 .. allprogram ကို ဝင်လိုက်တာနဲ့
system tools ဆိုတဲ့ ဖိုင်ကိုရှာပြီး ဖွင့်လိုက်ပါ.. အထပ်ပုံပါအတိုင်း
snipping tool ဆိုတာတွေပါလိမ့်မယ်..
 ကျနော်ဥပမာရိုက်ပြထားတာပါ..
ဒီ post လေးကို မသိသေးသောသူတွေအတွက် 
ကျနော်သိသလောက်လေးတင်ပြလိုက်တာပါ.
အားလုံးအဆင်ပြေပါစေ..


Saturday, May 25, 2013

ရွှေဘိုမြို့

ရွှေဘိုမြို့ကို ငါးမည်ရပြည်ရွှေဘို ဟု ခေါ်လေ့ရှိကြသည်။
ရွှေဘိုမြို့၏ ငါးမည်ငါးဘွဲ့ကား မုဆိုးပို၊ ရတနာသိင်္ဃ၊ကုန်းဘောင်၊ရန်ကြီးအောင်၊ ရွှေဘို တို့ဖြစ်သည်။
စင်စစ်သော်ကား ကျန် လေးမည်မှာ မုဆိုးပို တွင် တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သော ကုန်းဘောင်မင်းဆက်၏ အဓိပတိ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ မင်းအဖြစ်သို့ ရောက်ရှိပြီး
( ၁၁၁၅) ခုနှစ်တွင် မြို့နန်းတည်ထောင်သောအခါ တွင်မှစပြီး ပေါ်ထွန်းလာသော အမည်နာမများဖြစ်ပါသည်။
မှတ်ချက်။        ။ မုဆိုးပိုမြို့သည် ပုဂံ နရပတိစည်သူမင်း ( ဒုတိယစည်သူဟုလည်းခေါ်ဆိုကြသည်) ၏ လက်ထက်တွင် မုဆိုးငပိုကို အပိုင်စားပေးရာမှ ပေါ်ထွန်းလာသည်ဟု လေ့လာဖူးပါသည်။
ရွှေဘိုမြို့သည် 22°34’13.84″N နှင့် 95°41’54.82″E တွင်တည်ရှိပါသည်။ မန္တလေး-မြစ်ကြီးနားကားလမ်းနှင့် မီးရထားလမ်း နှစ်ခုဆုံရာနေရာ မန္တလေးမြို့၏ အနောက်မြောက်ဘက် ၆၄ မိုင် အကွာတွင် တည်ရှိပါသည်။ မန္တလေးမြို့မှ ၄နာရီ အတွင်း ရွှေဘိုမြို့သို့ ကားဖြင့် သွားရောက်နိုင်သည်။
ဧရာဝတီမြစ်ကမ်းနဘေးရှိ ကျောက်မြောင်းမြို့၏ အနောက်ဘက် ၁၇ မိုင် အကွာတွင် တည်ရှိပါသည်။
ပျူယဉ်ကျေးမှု မြို့ဟောင်း ဟံလင်း သည် ရွှေဘိုမြို့၏ အရှေ့တောင်ဘက် ၁၀မိုင် အကွာတွင်တည်ရှိပြီး ရွှေဘိုမြို့မှ ကား ဖြင့် နှစ်နာရီ အတွင်း အရောက်သွား၍လေ့လာနိုင်ပါသည်။
                                      အလောင်းမင်းတရားကြီး  ဦးအောင်ဇေယျ
                                                     ရွှေဘိုမြို့ အဝင်
                                                     ရွှေဘိုမြို့အဝင်
                                                     ရွှေဘုံရတနာ နန်းတော်
                                             ဝေဘူဆရာတော်ဘုရားကြီး   
                                  သီတင်းသုံးနေထိုင်ခဲ့သော  အောင်မြေကျောင်းတိုက်
     
                                         အောင်မြေကျောင်းတိုက် တစ်နေရာ