ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။

Monday, January 20, 2014

တွေးကြည့်ပါ

မိတ်ဆွေကောင်းဆိုတာ သင့်ဘဝမှာ ကြုံတွေ့ရသမျှလူတွေထဲက သင့်ကို နည်းနည်းပိုပြီး
အသံကျယ်ကျယ်ရယ်စေတဲ့သူ.....
သင့်ကို နည်းနည်းပိုပြီးတောက်တောက်ပပပြုံးပြစေတဲ့သူ...
သင့်ကို နည်းနည်းပိုပြီး ကောင်းကောင်းမွန်မွန်
နေထိုင်စေတဲ့ သူတွေပါ...။

===============
ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပါပဲ.. တစ်ခါလုံး
ချေပစ်လိုက်ရင် ဘယ်တော့မှ အရင်လိုပြန်မဖြစ်နိုင်တော့ပါဘူး...။
============
ချစ်မိသွားတယ်ဆိုတာ တိုက်အမြင့်ကြီးပေါ်က ခုန်ချလိုက်တာနဲ့တူတယ်..၊ သင့်ဦးနှောက်က ဒါဟာမလုပ်သင့်တဲ့ ကိစ္စလို့ ပြောနေတယ်...
ဒါပေမဲ့ သင့်နှလုံးသားကတော့ သင်ပျံသန်းနိုင်ပါတယ်လို့ ပြောနေတယ်လေ...။
==================
အမုန်းတရားဆိုတာ အက်ဆစ်နဲ့တူတယ်..
သူ့ကိုသိုလျှောင်ထည့်သွင်းထားတဲ့ အရာကိုလည်း
ထိခိုက်ပျက်စီးစေတယ်.. သူ လောာင်းချလိုက်တဲ့အရာကိုလည်း လောင်ကျွမ်းဖျက်စီးစေတယ်..
===================
မျှော်လင့်ချက်ဆိုတာ မိုးပျံပဖောင်းလေးတွေလိုပါပဲ..
သင်ကကြိုးလေးတွေကို ချည်နှောင်ဆွဲကိုင်ထားသမျှ
မိုးကောင်းကင်ပေါ်ကို လွင့်ပျံတက်သွားနိုင်မှာ မဟုတ်ပါဘူး..။
==============
ဘဝဆိုတာ စာအုပ်တစ်အုပ်လိုပါပဲ..
တစ်ချို့အခန်းမှာ ဝမ်းနည်းမယ်..
တစ်ချို့အခန်းမှာ ပျော်ရွှင်ရမယ်..
တစ်ချို့အခန်းမှာတော့ စိတ်လှုပ်ရှားစရာအတိပေါ့..
ဒါပေမဲ့ သင့်အနေနဲ့ စာမျက်နှာတွေကို မလှန်ခဲ့ဘူးဆိုရင် နောက်အခန်းတွေမှာ ဘာဖြစ်မယ်ဆိုတာကို သင်သိနိုင်မှာ မဟုတ်ပါဘူး..။

Sunday, January 19, 2014

Facebook မှာ ကိုယ့် Timeline ကို ဘယ်သူမှ tag မရအောင်လုပ်နည်း

ကျွန်တော် ဟိုးအရင်က ဒီနည်းလမ်းလေးကို သူငယ်ချင်းတစ်ယောက်
မေးလို့ ပြောခဲ့ဖူးပါတယ် မိန်းကလေးဆိုတော့ tag တဲ့သူတွေများတော့
သူ့ timeline မှာ သူရေးတဲ့ post က နည်းပြီး tag တဲ့ အရာတွေက
များနေတော့ အကူအညီလာတောင်းတာနဲ့ ကျွန်တော် ဖြေပေးခဲ့ဖူးပါတယ်
ဒီနေ့လည်း ညီလေးတစ်ယောက် tag ပီးလာမေးတော့ ဒီပို့စ်လေးကို
ရေးလိုက်မယ်လို့ ဆုံးဖြတ်လိုက်တာပါ မသိသူများ အတော်များ
ပါလိမ့်မယ်လို့ ကျွန်တော်ထင်တယ် ဒါပေမယ့် နည်းလမ်းက 
လွယ်ပါတယ် ။ အထူးသဖြင့် Friend များသူတွေ မိမိကို ခဏခဏ tag 
ခံရသူတွေ လုပ်ထားသင့်ပါတယ် ကိုယ့်ကိုယ် လာ tag မယ်ဆိုရင်တော့
အလိုအလျောက် timeline မှာပေါ်သွားမှာမဟုတ်ပါဘူး
ကိုယ့်ဆီကို Notification တစ်ခု လာပြပါ့မယ် အောက်ကပုံလိုပေါ့ 
ဒါက ကျွန်တော့်ကို လူတစ်ယောက် လာ tag တဲ့ Noti လေးကိုကျွန်တော်နှိပ်လိုက်တာပါ
Add to Timeline ကိုနှိပ်လိုက်ရင် မိမိ timeline မှာ သူ tag တာ
သွားပေါ်ပါလိမ့်မယ် hide ဆိုရင်တော့ ဖျောက်ထားလိုက်မယ်ပေါ့
ခါတိုင်းဆိုရင် သူက tag လိုက်တာနဲ့ အလိုအလျောက်ပေးနေပြီး
Hide from Timeline လုပ်မှသာ ပျောက်သွားတာပါ။

ကဲဒါဆို ဘယ်လိုလုပ်ကြမလဲ လွယ်ပါတယ်
Facebook ရဲ့ ညာဘက်က စက်သွားပုံစံလေးကိုနှိပ်ကာ
Setting ထဲကိုသွားပါမယ် ။ပြီးရင် ဘယ်ဘက်က Timeline and tagging
ထဲကိုဝင်လိုက်ပါ ။ အဲဒီမှာ who can add things to my timeline? ထဲက
ဒုတိယမြောက် Edit ကိုနှိပ်လိုက်ပါ (ပုံတွင်ဖော်ပြထားပါသည်။

အဲဒီအခါ Enable ကိုရွေးပေးပြီးတော့ Close ကို နှိပ်ပေးလိုက်ရင်တော့
မိမိ timeline လေးမှာ ဘယ်သူမှ tag လို့ ချက်ချင်း ပေါ်သွားမှာ
မဟုတ်ပါဘူးခင်ဗျာ

မှတ်ချက်-> မိမိကို tag တာမကြိုက်ရင်လည်း ကိုက သူများကို အမြဲ
တမ်း မ tag ပါနဲ့ခင်ဗျာ..။။
အားလုံးကို ခင်မင်လျှက်
Software မြို့တော် မှ ပြန်လည်မျှဝေပါသည်

တစ်ဘဝစာ မှတ်သားစရာ စာစုလေးများ

၁။ ဆုံးရှုံးသွားတဲ့ အချိန်မှ မိမိပိုင်ဆိုင်ခဲ့တာကို သိတယ်..
၂။ မှတ်သားသင့်တာကို မှတ်သားပြီး မေ့သင့်တာကိုမေ့ရမယ်။ ပြောင်းလဲနိုင်တာကိုပြောင်းလဲပြီး
    မပြောင်းလဲနိုင်တာကို သင်လက်ခံနိုင်ရမယ်...
၃။ မျက်ရည်စက်တွေဟာ ဝမ်းနည်းမှုကို မှတ်မှတ်ရရဖြစ်စေတယ်...
၎။ သူ့အတွက်နဲ့မျက်ရည်မကျသင့်ဘူး။ သူ သင့်ကိုချစ်တာမှတ်တယ်ဆိုရင် သူ့အတွက်နဲ့မျက်ရည်ကျတော့မယ်ဆိုရင် သူက သင့်မျက်ရည်ကို ကျခွင့်ပေးမှာမဟုတ်ပါဘူး...
၅။ ကြည်နူးနေတဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းလေးတွေဟာ နွေးထွေးတဲ့ အနမ်းလေးတွေအတွက်ဖြစ်တယ်။
    ရန်ဖြစ်တဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းကနေထွက်လာတာကတော့ တစ်ယောက်ကိုတစ်ယောက်
    နာကျင်စေတဲ့ စကားတွေပါပဲ...
၆။ ပျော်ရွှင်မှုဆိုတာ တစ်ခုခုပျောက်သွားလို့လိုက်ရှာနေသလိုပါပဲ ဘယ်လိုရှာရှာမတွေ့ဘူး။
    ဒါပေမယ့် မေ့သွားတဲ့အချိန်မှာပြန်တွေ့သလိုပေါ့။ ပျော်ရွှင်မှုဟာ သင့်နဘေးမှာပါ....
၇။ ချစ်ခြင်းနဲ့ အလိုလိုက်ခြင်းဟာ မတူပါဘူး။ အလိုလိုက်ရင် ဘာမှမပြောလည်းရတယ်။
    ဒါပေမယ့် အချစ်မှာ အဲလိုလုပ်လို့မရပါဘူး..................................

တန်ဖိုးထားတက်သူ

 ငါ နင့်ကို ဘယ်လောက်ထိချစ်တယ်ဆိုတာ...
ငါ နင့်ကို ဘယ်လောက်ထိ ကြင်နာယုယနေခဲ့ရတယ်ဆိုတာယုံလေးနဲ့
နင် သိသင့်ပါတယ်....။

ငါ နင့်ကို ဘယ်လောက်ထိ အလေးနက်ထားတယ်ဆိုတာ...
ငါ နင်ပြောလိုက်တဲ့ စကားလုံးတိုင်း မြေဝင်မကျ နားထောင်တက်တဲ့
ငါ့ အကျင့်လေးတွေကို ကြည့်ပြီး
နင် သိသင့်ပါတယ်...။

နင်နဲ့ ဝေးကွာနေတဲ့အချိန်တိုင်း...
ငါ နင့်ကို ဘယ်လောက်ထိ သတိရနေလဲဆိုတာ...........
နင် ငါ့ကို အမှတ်တရပေးခဲ့တဲ့ နင့်ပုံလေးတွေကို မေးကြည့်ရင် သိပါတယ်..။

စကားမပြောတက်ဘူးဆိုပေမယ့် နင့်ကို သတိရတိုင်းကြည့်နေရင်း
တစ်စက်စက်နဲ့ ကျနေတဲ့ ငါ့မျက်ရည်တွေ ဘယ်လောက်ထိများသလဲဆိုတာ...
သူတို့ သိပါတယ်........။

Saturday, January 4, 2014

ရိုးရှင်းတဲ့ ဘဝ

လူတွေဟာ တစ်ချို့အကြောင်းအရာတွေကြောင့်  စိတ်တွေ ဒွိဟဖြစ်ပြီး တွေဝေရှုပ်ထွေးနေတတ်ကြပါတယ်။ 
တကယ်တော့ကိစ္စတော်တော်များများဟာ ထင်သလောက်ခက်ခဲတာ မဟုတ်ပါဘူး ။ 
 ။  ။ တစ်ယောက်ယောက်ကို သတိရနေရင် 
      ဖုန်းဆက်လိုက်ပါ ။။။
။   ။ တွေ့ဆုံချင်နေရင်  ဖိတ်ကြားလိုက်ပါ။။
။   ။ နားလည်စေချင်ရင် ရှင်းပြလိုက်ပါ။။။
။   ။ သဘောမပေါက်ရင် မေးမြန်းလိုက်ပါ။။။
။   ။ တစ်ခုခုကိုမကြိုက်ရင် မကြိုက်ကြောင်း 
      ပြောပြလိုက်ပါ။။။
။   ။ တစ်ခုခုကို လိုချင်ရင် တောင်းယူလိုက်ပါ။။။
။   ။ တစ်ယောက်ယောက်ကို ချစ်တယ်ဆိုရင် 
      ဖွင့်ပြောလိုက်ပါ။။။
ဘဝဆိုတာ ကိုယ်ဖြစ်ချင်လို ဖြစ်လာဖို့မလွယ်ပါဘူး.
ဖြစ်ချင်တိုင်းမဖြစ်လို့ စိတ်ညစ်နေ တွေဝေနေလို့လည်း အဆင်မပြေသွားနိုင်ပါဘူး ။
ကျွန်တော်တို့မှာ ရှင်သန်စရာ ဘဝတစ်ခုပဲရှိပါတယ်။
ဒါကြောင့်ရိုးရိုးရှင်းရှင်းလေးပဲ နေထိုင်ဖြတ်သန်းလိုက်ပါ.။

Wednesday, August 28, 2013

ငါတို့နှစ်ယောက်......

ငါတို့ နှစ်ယောက်အတူတူ တွေ့ဆုံခွင့်ရတဲ့အချိန်
နင့်လက်လေးကိုတွဲပီး အတူတူ လျှောက်လည်ခွင့်
ရချင်တယ်...............

ငါတို့ နှစ်ယောက်အတူတူ ရှိနေခွင့်ရတဲ့အချိန်
အမှတ်တရလေးတွေနဲ့ အတူ ပျော်ရွှင်မှုလေးတွေ
ပိုင်ဆိုင်ချင်တယ်..............

ငါတို့ နှစ်ယောက်အတူတူ ရှိနေခွင့်ရကြတဲ့အခါ
ဆင်တူ လက်စွပ်လေးတွေနဲ့ အတူ ငါတို့ အချစ်တွေလဲ အမြဲထာဝရ
ရှိနေခွင့်ရချင်တယ် .........

ငါတို့ နှစ်ယောက်ဆုံတွေ့ ခွင့်ရရင်ဆိုတဲ့ မျှော်လင့်ချက်တွေ
အများကြီးနဲ့  ငါကတော့ နင် ပြန်လာမဲ့ အချိန်လေးကို အမြဲတမ်း
စောင့်နေမိတယ်.............ချစ်သူရယ်

Tuesday, August 20, 2013

အချစ်ရဲ့ ဒဿနလေးများ

ကောင်မလေးေ၇
နူက်ဆက်ခြင်းဆိုတာ
ပြန်မဆုံနိုင်တဲ. လမ်းကို
လျှောက်လှမ်းဖို. ခွဲခွာတာတဲ...
နင်က
ကျောခိုင်း သွားပေမဲ.
ငါရင်ထဲ အချိန်တိုင်းရှိနေတဲ.
မင်းကို......နူတ်ဆက်ခြင်းမှာ
အားမပေးနိုင်တာခွင်.လွတ်ပါဟာ...။
=====================
ကောင်မလေးရေ
လေပြေလေကြမ်းကြား
အလိုက်သင်.လွင်.ပါနေရတဲ.
တိမ်စိုင်လေးတွေလို
လောကဓံ..
အဆိုးအကောင်းကြား
လူးလိမ်.နေရတဲ. ငါဘ၀ကို
နင်ထားရက်ခဲ.ပီပေါ...
အြေ့ပာကျယ်တဲ.
လောကဓံမှာ.
ငါကို လွမ်းဆွေးစေတဲ.လား
  ...။
=========================
ကောင်မလေးေ၇
အထင်ကြီးစရာ မက်လုံးမ၇ှိတဲ.
ငါဂုဏ်ပုဒ်က မင်းအတွက်
ပြက်လုံးတခုပေါ.
ငါရဲ.ချွေးစော်နံတဲ.
ဒီကိုယ်ကို
မင်းငြိုငြင်လာတာ
နောက်ဆုံးတော
ငါကိုခွဲခွာခဲ့ပြီပေါ.
ရှိပါစေ......................။
============