ကိုယ်မသုံးချင်တော့တဲ့ Facebook အကောင့်ကို တခါတည်း အပြီးဖျက်ချင်သူတွေအတွက် Facebook အကောင့်ဖျက်နည်းလေးတင်ပေးလိုက်ပါတယ်...။
Facebook အကောင့်ဖျက်တော့မယ်ဆိုရင် အရင်ဆုံး ဒီမှာနှိပ်ပါ ....။
မိမိဖျက်ချင်တဲ့ Facebook အကောင့်နဲ့ Log in လုပ်ပါ..
ပြီးရင်ခုလိုပုံပေါ်လာပါလိမ့်မယ်..
ပြီးရင် Delete my account ကိုကလစ်ပေးလိုက်ပါ...
နောက်ထပ်ပေါ်လာတဲ့အထဲမှာ ကိုယ့်ရဲ့ facebook password နဲ့ ပေးထားတဲ့ စာလိမ်လေးကို ဖြည့်ပြီးရင်
OK သာ နှိပ်လိုက်ပါ..။ သင့်ရဲ့ facebook အကောင့်လုံးဝကိုပျက်သွားမှာပါ..
အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်........
Saturday, March 31, 2012
Flash သီချင်းများပါ.............. အားလုံးနားသောတ ဆင်နိုင်ကြပါစေ
ချစ်တယ်..အလွမ်းသင့်ပန်းချီအွန်လိုင်းချစ်သူမလေးသီချင်းလေးပါ..အချစ်ကွန်ယက်လက်ခံပေးပါ (မျိုးကြီး)မီးအိမ်ရှင် ၂မီးအိမ်ရှင်...အချစ်မျက်ဝန်းသူငယ်ချင်းနေရာတိုင်းမှာအပြည်ပြည်ဆိုင်ရာ အသဲကွဲသောနေ့ အမြဲတမ်းယုံကြည်တယ် ... ပြန်လာပါကွယ်..
အချစ်များသူဆီင်္မှာ ညို့နိုင်လွန်းတဲ့ သူ ဒီဇင်ဘာည လေလွင့် လူ ကောင်မလေး
အင်ဒိုနီးရှား ဘာသာပြန်သီချင်းလေးပါ ငါ့ရဲ့လမင်း မြန်မာ မလေး တောင်းပန်ပါတယ်
ဆက်ခက်တင်ပြပေးသွားပါမည်...

Tuesday, March 27, 2012
easy Password Hacking Gmail And Yahoomail ပါတ်ဝက်ရှာတဲ့ ဆော့ဝဲလေးပါ
မကောင်းမှုကို အားပေးတာတော့ မဟုတ်ဘူးပေါ့ဗျာ သူငယ်ချင်းတွေအားလုံးတည်းစိတ်ဝင်စားနေလို့ပါ။
ဘာပဲဖြစ်ဖြစ်လုပ်ဖူးတယ်ရှိအောင်လို့ပေါ့..သူများကိုတော့ ဒုက္ခမရောက်စေချင်ဘူးဗျာ..။
ဗွီဒီယိုလေးကိုအရင်ကြည့်လိုက်ပါအုံး..။ ဒီမှာကြည့်ပါ အထင်တော့မသေးလိုက်နဲ့နော် အရမ်းမိုက်ပါတယ်..ဗွီဒီယိုကိုအရင်ကြည့်ပြီမှ လုပ်ပုံလုပ်နည်းကိုသိမှာပါ....
နည်းပညာဆိုတာ လေ့လာလိုက်စားမှတက်တာလေ..အဲလိုမဟုတ်ပဲ နေ့တိုင်းချက်တင်ထိုင်လိုက် စကားပြောလိုက်လုပ်နေလို့ မကောင်းအရည်မရ အဖက်မရနဲ့ ပိုက်ဆံကုတ်တာပဲအဖက်တင်တယ်နော်..ဟုတ်တယ်ဟုတ်..ကဲပြောနေတာ ကြာတယ် လုပ်လိုက်ကြရအောင်ဗျာ............................။။။။အောက်မှာ သူရဲ့ DOWNLOAD လင်လေးပါ..
ဒီမှာ ယူပါ...။။။
အားလုံးအဆင်ပြေကြပါစေ..
အော်မ့နေလို့ အမှားတစ်ခုခုပါသွားရင်တော့ ကျနော့်ကိုအပြစ်မပြောနဲ့နော်.. ဗွီဒီယိုကိုတော့အရင်ကြည့်ပေါ့.အဲဒါဆိုမမှားပါဘူး...
ခင်မင်လျက်ပါ......ဟီးးးးးးးးးးးးးးးးးးးးးးး။။။

Saturday, March 24, 2012
အောင်မြင်ခြင်းဆိုသည်မှာ အဘယ်သို့သော အရာနည်း
သူဌေးသူကြွယ်ဖြစ်ခြင်းကို အောင်နြင်ခြင်းဟူ၍ မဆိုလို ။ ဖြောင့်မှန်တရားလျက် အပြစ်ကင်းသော အလိုဆန္ဒတို့မှ ထိုက်သင့်အားလျှော်စွာ ပြည့်စုံ၍ စိတ်၏ချမ်းမြေ့ခြင်းကို ရရှိခြင်းသည် အောင်မြင်ခြင်းဖြစ်လေသည်။
သို့သော်လည်း လောက၌ လူသတ္တဝါတို့၏ လောဘသည်ဘယ်သောအခါမှ အဆုံးသတ်သည်မရှိသဖြင့် အလိုရမ္မာက်လောဘကို အလိုမလိုက်ဘဲ သင့်တင့်စွာ နှလုံးသွင်းပြီးလျှင် လောဘကို အတိုင်းအရှည်အားဖြင့် သတ်မှတ်၍ ထားမှသာလျှင် အောင်မြင်ချမ်းမြေ့ခြင်း ဖြစ်နိုင်လေသည်။
သတ်မှတ်ခြင်းမရှိအဆုံးမမြင်သောလောဘကိုကား စိတ်၏ တန်ခိုးသတ္တိသည် အဘယ်မျှပင် ကြီးမားစေကာမူပြည့်ဝအောင်ပြုခြင်းငှာစွမ်းဆောင်နိုင်မည်မဟုတ်ချေ။
အချို့သောသုတို့သည် အောင်မြင်ခြင်း၏နည်းလမ်း လုပ်ငန်း၌စိတ်အားထက်သန်ခြင်း ၊ စိတ်တန်ခိုးကြီးမားခြင်းကို ဖြစ်စေရန် သင်ပြရေးသားကြလေသည် ။ ထိုနည်လမ်းမျိုးသည် လုံးလုံးကြီးမမှန်လှချေ။ အကြောင်းကိုဆိုသော် အောင်မြင်အထမြောက်လိုသော သူ၏စိတ်၌ ဆန္ဒသည်ရှိ၏။ ထိုဆန္ဒသည်စိတ်ထဲ၌ အကောင်အထည် ပေါ်ပေါက်လျက် တရားသဖြင့်အပြစ်ကင်းသော ဆန္ဒဖြစ်ချေကအားစိုက်ကာ စိတ်တန်ခိုးကိုအထူးသဖြင့် နှိုးဖို့မလိုချေ။
ဆွေမျိုးဉာတိ လူသတ္တဝါ အချင်းချင်းတို့၏ အပေါ်၌ ကောင်းမြတ်သောစိတ်ထားကိုကာ အကျိုးကိုဆာင်ရန် စိတ်ရင်းကိုထားချေက ကောင်းမြတ်သောအကျိုးကိုမိမိမှာ ခံစားရမည်မလွဲ ဖြစ်လေသည်။
လူသတ္တဝါဟူသမျှတို့မှာ တစ်ယောက်ကိုတစ်ယောက် ရိုင်းစိုင်းကူညီရန် ဝတ္တရားရှိလေသည် ။ ထိုတာဝန်ဝတ္တရားမပျက်ချေက ထိုတာဝန်ကိုအောင်မြင်ရခြင်း၏ မွန်မြတ်သော အဖိုးအခကို ဧကန်ပင် ခံစားရဖို့ရှိလေသည်။
ထိုကဲ့သို့ သတ္တဝါအချင်းချင်း၏ အကျိုးကို ဆောင်ရွက်လုပ်ကိုင်ရခြင်းမှာလည်း ထူးချွန်ကြီးမားသော ရှာဖွေလုပ်ကိုင်ခြင်း၌ အလုပ်ကိုကောင်းအောင် သေဘာထားခြင်းသည် မိမိဝတ္တရား ကျေပွန်ခြင်းဖြစ်လေသည်။
အကြောင်းမူကား လူသတ္တဝါတို့အတူတကွ စုဝေးနေထိုင်နိုင်ကြခြင်းသည် အသီးသီး မိမိတို့၏အလုပ်ကို ကောင်စွာ လုပ်ကိုင်ကြရန် ဖြစ်လေသည်။
ဖိနပ်ချုပ်သောသူသည် မိမိ၏ပရိယေသန ဝမ်းစာအလုပ်ကို လုပ်ခြင်းဖြစ်၏။ မိမိချုပ်လုပ်သောဖိနပ်ကိုဝယ်၍ စီးသူတို့မှာ ပေးရသောအဖိုးနှင့် တန်အောင်စိးရသောဖိနပ်ကို ၇ကြပါစေဟု သဘောထားလျက် သေသပ်စွာ ချုပ်လုပ်ခြင်းသည် လူသတ္တဝါအချင်းချင်းတို့၏ အပေါ်၍ မိမိကပြုလုပ်ရန်ရှိသောတာဝန်ကို ပြေလည်အောင်ပြုခြင်း ဖြစ်လေသည်။
လခစား ငယ်သားအမြောက်အမြားတို့ကို လခပေးလျက် အလုပ်ကြီးများကို လုပ်ကြသောသူတို့မှာ ငါ၏အလုပ်သမားများ ဝပြောသာယာချမ်းမြေ့ အေးချမ်းခြင်းဖြစ်အောင် ငါအဘယ်ပုံကြံစည်ရပါမည်နည်းဟူသောစိတ်သဘောထားမျိုးကို ထားချေကထိုအလုပ်သမားတို့ကိုချမ်းသာအောင် ပြုလုပ်ရခြင်း၍ပင် မိမိမှာ ကောင်းသောအကျိုးအမြတ်ကို ရဖို့ရှိလေသည်။
ဥပမာဆိုသော်ဆင်းရဲသောလူတစ်ယောက်အား လခ ၅၀ိ ကိုပေးလိုသောကြောင့် အလုပ်ကိုချဲ့ထွင်ရာ၌ ထိုသူအားပေးရန်ဖြစ်သော လခ ၅၀ိမျှမက ငါးရာငါးထောင်မျှသော အကျိုးအမြတ်ကို ပြန်၍၇တတ်လေသည်။
မိမိ၏လောဘကို အဆုံးမသတ်နိုင်သဖြင့် တိုင်းသူပြည်သားဆင်းရသားတို့မှာ ဆင်းရဲကျပ်တည်းခြင်းဖြစ်အောင် ကောက်ပဲသီးနှံ့တို့ကို တစ်ဦးတည်းသိမ်းကျုံး၍ ဝယ်သောကြာင့် ပျက်စီးခြင်းကိုရောက်ကြရသော တရုတ် သူဌေးကြီးများအကြောင်းကို ကြားသိဖူးရလေသည်။
ကျနော်တို့မြန်မာနိုင်ငံ၍လည်း ထိုနည်းမျိုးဖြင့် ပျက်စီးခြင်းသို့ရောက်ကြ၇သော တရုတ်သူဌေးများရှိသည်ကို မည်သူမည်ဝါဟူ၍ ဖော်ပြရန်မလို ၊ စာဖတ်သူတို့ သိကြဖို့ရှိလေသည်။
ထိုကဲ့သို့ဖြစ်ရခြင်းသည် မကောင်းစိတ်၏ မကောင်းသောအကျိုး ပြည်သူဆင်းရဲသား အပေါင်းတို့၏ စိတ်တန်ခိုးကြောင့်ဖြစ်လေသည်။
ဤအရာ၌မေတ္တာသည် အမှန်စူးရှတတ်ကြောင်းကို သိသာလေသည်။ မိမိ၏စိတ်ကို မြင့်မြတ်စွာထားလျက်မိမိသည် မြင့်မြတ်ခြင်း၏ သဏ္ဍာန်ကို မကြာခဏဆိတ်ငြိမ်၇ာ၍ဆင်ခြင်ခြင်းသည် ထို၇ဲ့သို့ ဆင်ခြင်သူအား အဟုတ်အမှန်မြင့်မြတ်ခြင်းသို့ရောက်စေနိုင်သောကြောင့် မြင့်မြတ်သောအရာ၊
မြင့်မြတ်သော အလုပ်၊ မြင့်မြတ်သော အကြံ ၊ မြင့်မြတ်သောအဆွေခင်ပွန်းကောင်းတို့ ပေါ်ပေါက်ကာ ကူညီရိုင်းပင်းသော အခြွေအရံတို့နှင့်ပြည့်စုံခြင်းအဖြစ်သို့ ရောက်ရလေသည်။
ယုတ်ညံ့သောစိတ်၌မွေ့လျော်သော အကြံတို့ကိုစိတ်အတွင်း၌ မရှိဆင်းရဲ၍နေသောသူတို့မှာ ယုတ်နိမ့်သော အခြေအနေသို့ တဖြည်းဖြည်းရောက်လျက် ယုတ်ညံ့သိမ်ဖင်းသောအပေါင်းသင်းတို့ကိုသာ ရတတ်သဖြင့် အားမကိုလောက်သောသူတို့နှင့် ခြံရံခြင်းကိုခံတတ်လေသည်။
သို့ဖြစ်သောကြောင့် စိတ်ထဲ၌ ငြိုငြင်ဆင်းရဲ ညိုးငယ်ခြင်းဖြစ်သည့်အခါတိုင်း ငါ၏စိတ်ထဲ၌ချမ်းသာနိုင်၏။ ငါ၏ စိတ်သည် ချမ်းသာလိမ့်မည်။ ငါ၏စိတ်သည်ချမ်းသာ၏။
ချမ်းသာခြင်းအခြေအနေကို ထင်အောင်မြင်အောင်ကြည့်ရှုာ ဆင်းရဲငြိုငြင်သောစိတ်ကို ဖျောက်ဖျက်ပစ်ရမည်။
ထိုကဲ့သို့နံနက်တစ်ခါညဉ်တစ်ခါနေ့အချိန်ငြိုငြင်သောစိတ်ပေါ်ပေါက်သည့်အခါတိုင်း ထိုကဲ့သို့ထင်မြင်လျှင် ချမ်းမြေ့သာယာ အေးချမ်းခြင်းအဖြစ်သို့ ဧကန်ရောက်ရမည်မှာ မလွဲအမှန်ဖြစ်လေသည်။
မေတ္တာ...........။။။
လူသတ္တဝါအချင်းချင်းတို့အပေါ်၌ မေတ္တာတရားကို အမြဲထားခြင်းသည် မေတ္တာ၏အတုံအလှည့်ကိုခံစားစေနိုင်သဖြင့် လူသတတ္တဝါအပေင်းတို့၏ မေတ္တာ စိတ်အစွမ်းောကာင့်မိမိမှာ ဘေးအနှောင့်အယှက် ဆင်းရဲခြင်းတို့မှ ကင်းလွတ်ရလေသည်။
မေတ္တာစိတ်သည် မြင့်မြတ်သောပုဂ္ဂိုလ်တို့၏စိတ်ဖြစ်ြလေရာ မေတ္တာစိတ်အမြဲထားသသူသည် တဖြည်းဖြည်းမြင့်မြတ်သောပုဂ္ဂိုလ်၏အဖြစ်သို့ရောက်ရလေသည်။
မြင့်မြတ်သောသူသည် ယုတ်နိမ့်လှစွာသော ဆင်းရဲခြင်းအဖြစ်သို့အဘယ်အခါမှမရောက်နိုင်ဟု ယုံကြည်ရမည်။စင်စစ်အားဖြင့်သော်ကား လူသတ္တဝါမှန်က အဘယ်မှပင် ဆိုးယုတ်စေကာမူ ကောင်းမြတ်သော စိတ်သည် လုံးလုံးကြီးမကင်းချေ ။ ထိုသဘောတရားကိုဆင်ခြင်ကာ လူဟူသမျှတို့၌ကောင်းမြတ်သော သဘောအရည်အချင်းကိုသာ မြင်အောင်ရှု၍ ထိုသူတို့၏မကောင်းသော အမူအရာတို့ကို မကြည့်မရှုခြင်းသည် မေတ္တာစိတ် တိုးပွားခြင်းကို ဖြစ်စေနိုင်လေသည်။
ထိုကဲ့သို့ မွန်မြတ်သောစိတ်ကိုထားချေက မြင်သမျှသောလူတို့သည် အသင့်ကို ချစ်ခင်လိမ့်မည်။ချစ်လျှင်လူအပေင်းတို့၏ အတုံ့အပြန်ဖြစ်သော မေတ္တာအစါမ်းကြောင့်မိမိမှာ ချမ်းသာခြင်းဖြစ်ရလေသည်။နံနက်မိုးလင်းနှင့် ညဉ့်အိပ်ရာဝင် ဆိတ်ငြိမ်သောအခါတို့၌ အောက်အတိုင်းဆင်ခြင်ပါလေ။
ဆင်းရဲဆုံးရှုံးခြင်းမရှိဟု ယုံကြည်သောသူသည် အဘယ်အခါမျှ ဆုံးရှုံးခြင်းအဖြစ်သို့ မရောက်နိုင်။
ငါ၏အတွင်း၌ ဆင်းရဲခြင်းကို တားမြစ်နိုင်သော တန်ခိုးသတ္တိသည် ရှိ၏။
ထိုတန်ခိုးသတ္တိသည် ငါ့ကို ချမ်းသာအောင်ပြုနိုင်၏။ ငါ၏ အလုပ်များကို ထိုတန်ခိုးသတ္တိသည် အောင်မြင်အောင်ပြုလိမ့်မည်။ ငါသည် အောင်မြင်ချမ်းသာ၏ဟု အောင်မြင်ချမ်းသာခြင်း သဏ္ဍာန်အခြေအမေ မိမိ၌ ဖြစ်ပေါ်၍ နေသည်။
သုံးကြိမ် - လေးကြိမ် ဆင်ချင်ရမည်။ နေ့အခါအလုပ်တစ်ခုအောင်မြင်မှ အောင်မြင်ပါမည်လားဟု ကြောင်းကြသောစိတ်ပေါ်ပေါက်၍ လာသည့်အခါ အကြောင်းကြသောစိတ်ကို ဖျောက်ဖျက်ကာ အထမြောက်မှာပဲဟု စိတ်ချပြီး အဆိုပါမည်းအတိုင်းဆင်ခြင်ပါလေ။
ဤလောကကြီးသည် ကြွယ်ဝပြည့်စုံသော လောက်ကြီးဖြစ်၏။ ရေ၌ လည်းကောင်း၊ မြေ၌လည်းကောင်း အဖိုးထိုက်ရတနာတို့သည် မကုန်မခန်းနိုင်အောင်များပြား၏ ။ သို့ပါချက် ဆင်းရဲသောသူတိုမျာားကသည်မှာ ဆင်းရဲသဏ္ဍာန်ကို မိမိတို့၏စိတ်၌ ဖန်ဆင်းကာ ကြောက်ရွံ့ပူပန်၍ နေကြသောကြောင့်ဖြစ်လေသည်။
ကြောက်ရွံ့ပူပန်သောစိတ်သည် ပပျောက်၍ ချမ်းသာမည်ဟု မျှော်လင့်ယုံကြည်ကိုးစားကာ ချမ်းသာခြင်း၏ သဏ္ဍာန်ကို ဖန်ဆင်းလျက် ရှာကြံကြချေက ဧကန်ပင် ချန်းသာကြရမည်ဖြစ်လေသည်။မျှော်လင့်ခြင်းသည် စမ်းရေနှင့်တူ၏။ ထိုစမ်းရေသည် ပထဝီမြေကြီးကို ဆူဖြိုးစေသည့်အလား မျှော်လင်ခြင်းရှိသော သူတို့အား ဆူဖြိုးခြင်းကို ဖြစ်စေနိုင်၏။ ကြောင့်ကြပူပင်သောစိတ်ကို ကင်းစေ၍ ချမ်းသာမည်ဟု ယုံကြည်ခြင်းသည် ချမ်းသာခြင်းသဏ္ဍာန်ဖြစ်လေသည်။
ယုံကြည်ခြင်းသည် နေမင်းနှင့်တူ၏။ နေမင်းသည်လောကဓါတ်ကို နုးနပ်ကျေညက်စေလျက် လူသတ္တဝါတောတောင်ရေမြေတို့ကို သန်စွမ်းခြင်းဖြစ်သည့်အလား ယုံကြည်ကိုးစားသူ၌ အောင်မြင်ခြင်း၏ အင်အသီးတို့ကို တိုးပွားစေနိုင်လေသည်..............................။။ ပိမိုးနှင်း..
အားလုံးကျန်းမာချမ်းသာကြပါစေ..ဘဝ၌ အောင်မြင်သော လူတော်လူကောင်းတစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ....... (လက်ကိုအတော်ညောင်းသွားတာပဲ တစ်ခါမှဒိလို့မတင်ဖူးဘူး ဟူးးးးးးးးးးးးးးးးး)

Monday, March 19, 2012
Gyalk က Offline Chat (သူခိုးချက်) တွေကို ဖမ်းပုံ ဖမ်းနည်းပါနော်
ကိုယ့်ရဲ့ Gtalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ်
ဆိုပါတော့။ အဲ့ဒီ့လူ ကတကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို
စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင်
ဒီလိုလေးလုပ်ပါ။
(၁) Gtalk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက
အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။
ပြီးရင်.. Go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။
ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။
(၄)..............@gmail.com is offline and can’t receive messages right now.
လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။
တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။
ဒါမှ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail က Chat section မှာ Chat history
ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
စမ်းကြည့်လိုက်ပါ.....ပြီးရင်..ဟေ့..ငါသိတယ်နော် ဆိုပြီးဖမ်းလိုက်ပေါ့...ဟဲဟဲ..။

Gtalk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလည်းလို့ကြည့်ရအောင်ပါ
G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ
ဘယ်နိုင်ငံကလဲဆိုတာရယ်နောက် location ကို
ညာပြောထားတာလား အမှန်ပြောတာလားဆိုတာကို ဖမ်းရအောင်ဗျာ..

ဟီးးးးးးးးးးးးးး Gtalk မှာ ညာထားတဲ့သူတွေက်တော့ မုန်းပြီထင်တာပဲ..
ကဲစပြီးစမ်းကြည့်ရအောင်
ပထမဆုံးကတော့ မိမိရဲ့ မေးလ်ထဲကို ၀င်လိုက်ပါ..
ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးလ်ကို ဖွင့်လိုက်ပါ
ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ
show original ကိုဆက်လက် click ပါ
Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ
Received by ဆိုတဲ့နောက်က တော့ သူ့ရဲ့ IP address ပေါ့
သူ့ရဲ့ location ကိုသိချင်ရင်တော့ http://www.whatismyipaddress.com မှာ
သူ့ရဲ့ IP addressကိုထည့်ပြီးရှာကြည့်ရင်တော့သူဘယ်နိုင်ငံကလည်းဆိုတာကို
မိတ်ဆွေတို့ သိရပြီပေါ့ဗျာ
အဆင်ပြေကြပါစေ..

အားလုံးကိုကျေးဇူးတင်လျှက်ပါ.... ကိုမြက်.
Saturday, March 17, 2012
တုံးအတဲ့ ယောက်ျားနဲ့ ထက်မြက်တဲ့ယောက်ျား
(၁) တုံးအတဲ့ယောက်ျားက
မိန်းမကိုဘယ်တော့မှ မချီးကျူးဘူး။ ကောင်းတာတွေလုပ်ရင် ဆိတ်ဆိတ်နေတယ်
မကောင်းတာတွေလုပ်ရင် ကဲ့ရဲ့တယ်။
ထက်မြက်တဲ့ယောက်ျားက မိန...်းမရဲ့အားသာချက်လေးတွေကို
ရှာကြံချီးကျူးပြီ: ရှေ့ဆက်လုပ်ချင်အောင် အားပေးတယ်။
(၂)
တုံးအတဲ့ယောက်ျားက ကိုယ့်မိန်းမကလွဲရင် မိန်းမအားလုံး လှတယ်ထင်တယ်။
ထက်မြက်တဲ့ယောက်ျားက ကိုယ့်မိန်းမကို ဘယ်လိုလှအောင်လုပ်ပေးရမလဲ စဉ်းစားတယ်။
(၃) တုံးအတဲ့ယောက်ျားက ကိုယ့်မိန်းမကို အလုပ်တွေ
အများကြီးပြီးမြောက်စေချင်တယ်။ (နူးညံ့ပြီး ယောကျာ်းကို
နာခံပြုစုတတ်စေချင်တယ်။ တချိန်ထဲမှာပဲ လှပပြီး ထက်မြက်
ဝင်ငွေကောင်းစေချင်တယ်။ ဒါတွေ တပြိုင်နက်မဖြစ်နိုင်ဘူးဆိုတာ သူမေ့ထားတယ်)
ထက်မြက်တဲ့ယောက်ျားက Nobody is Perfect ဆိုတာကို ယုံကြည်လက်ခံတယ်။
ကိုယ်ရတဲ့မိန်းမဟာ အကောင်းဆုံးလို့ မှတ်ယူတယ်။
(၄)
တုံးအတဲ့ယောက်ျားက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး မနာလိုဖြစ်တယ်။
ထက်မြက်တဲ့ယောက်ျားက လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။
(၅)
တုံးအတဲ့ယောက်ျားက မိန်းမကို တဗျစ်တောက်တောက် ပြောတယ်လို့
အပြစ်တင်စိတ်ပျက်တယ်။
ထက်မြက်တဲ့ယောက်ျားက အနမ်းပြင်းပြင်း
တစ်ချက်နဲ့ နှုတ်ဆိတ်စေဖို့ သတိရတယ်။
(၆) တုံးအတဲ့ယောက်ျားက
"နင်မရှိလဲ လှေကား၃ထစ်ဆင်း လူပျိုပဲ" လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့ယောက်ျားက "နင်ဟာ ငါ့ဘဝရဲ့မရှိမဖြစ်သူပါ"လို့ဆိုတ ယ်။
(၇) တုံးအတဲ့ယောက်ျားက မိန်းမကို
တာဝန်အရ အရာရာ ပေးဆပ်စေတယ်။
ထက်မြက်တဲ့ယောက်ျားက မိန်းမကို စိတ်လိုလက်ရ
ပြုစုအောင် စွမ်းဆောင်နိုင်တယ်။
(၈) တုံးအတဲ့ယောက်ျားက
ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။ ကိုယ့်မာန
ကိုယ့်အတ္တထိခိုက်မခံဘူး။
ထက်မြက်တဲ့ယောက်ျားက
နှစ်ဦးအတူကြိုးစားမှ ခရီးရောက်တယ်ဆိုတာ လက်ခံတယ်။
(၉)
တုံးအတဲ့ယောက်ျားက မိန်းမကို စိတ်အားငယ်မှုနဲ့ ကိုယ့်ကိုယ်ကို
မယုံကြည်မှုတွေပေးတယ်။
ထက်မြက်တဲ့ယောက်ျားက မိန်းမကို
စိတ်လုံခြုံမှုနဲ့ အေးချမ်းမှုကို ပေးတယ်။
(၁ဝ) တုံးအတဲ့ယောက်ျားက
သူ့ဒေါသကြားမှာ မိန်းမကို ဦးတည်ရာပျောက်စေတယ်။
ထက်မြက်တဲ့ယောက်ျားကတော့ သူတည်ကြည်မှုနဲ့ အိမ်ထောင်ကိုသာယာစေတယ်။
ခရေဖြူ မှ ကူးယူတင်ပြပါသည်..
အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ......
Subscribe to:
Posts (Atom)