ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။

Wednesday, March 6, 2013

ငါ့ရဲ့ အတွေး...

တခါတလေ ငါတွေးမိတယ်ချစ်သူ ~~~ ငါဘာကြောင့်များ
နင်ကို အရမ်းချစ်နေရလဲ ဆိုတာပေါ့ .........ဒီမေးခွန်းငါအတွက် အဖြေမရှိတဲ့မေးခွန်းဘဲ ချစ်တာကို ချစ်တာလို့ဘဲ ရိုးရိုးရှင်းရှင်း ငါတွေးနေမိတယ်။

တခါတလေ ငါတွေးမိတယ်ချစ်သူ ~~~ငါဘာကြောင့်များ နင်ကို ဒီလောက် သ၀န်တိုတတ်တာလဲ ဆိုတာကိုပေါ့ ........ငါချစ်တဲ့သူကို သ၀န်တိုဆိုတာ အကြောင်းပြချက်မရှိ အရမ်းချစ်လို့ပါ။

တခါတလေ ငါတွေးကြောက်မိတယ်ချစ်သူ ~~~ ငါအနားက နင်သာထွက်သွားရင်ဆိုတဲ့ အတွေးနဲ့ ငါကိုယ်ငါ ခြောက်လန့်နေတတ်တယ် ....ဘာကြောင့်လဲဆိုတော့ နင်ကလွဲရင် တခြားတစ်ယောက်ကို ငါအချစ်တွေ မပေးနိုင်လောက်အောင် ငါတနေ့ထက်တနေ့ နင်ကို ပိုချစ်လာလို့ဘဲ။
==================================
==========================
==============








 


အချစ်ရဲ့ ဒဿနလေးများ

မြင်မြင်ချင်းချစ်ခဲ့တာလည်း မဟုတ်ဘူး..
အနေနီးလို့ချစ်သွားတာလည်း မဟုတ်ဘူး..
အပြောကောင်းလို့ခိုက်သွားတာလည်း မဟုတ်ဘူး..
နှလုံးသားကချစ်လိုက်ဆိုလို့.. ချစ်ခဲ့မိတာ.....။
=============
 ငှက်ကလေးတွေကမေးတယ်… မင်းမှာ ချစ်သူအများကြီးရှိလားတဲ့… ငါကလည်းပြန်ပြောလိုက်တယ်… ချစ်သူအများကြီးမရှိပါဘူး… ဒါပေမယ့်…ရှိတဲ့တစ်ယောက်ကို အများကြီးချစ်ပါတယ်လို့......။
===========================
အနားမှာရှိတဲ့သူတိုင်းကို မချစ်ချင်ပါဘူး…..
ချစ်တဲ့သူကိုပဲ အနားမှာရှိစေချင်တာပါ….။
==========
ကို တို့ နှစ်ယောက် မတွေ့ ရသေးပေမဲ့…
အမြဲတမ်း မင်းလေးရဲ့ အရိပ်ထက် ပိုတဲ့
ကို ရဲ့စိတ်က မင်းလေး နားမှာ
အမြဲတမ်းရှိနေမှာပါ …….
ချစ်သူလေး ပျော်ရွှင်ပါစေ …………..။
============================
နောင်တတော့ မရချင်ပါဘူး….
ငါလိုချင်တာက ……
စိုးရိမ်ကြောင့်ကြမှုတွေကင်းတဲ့ အချစ်ပါဟာ…
မိုးရွာသလို အားလုံးအတွက် မဟုတ်ပေမယ့် …..
နင့်အတွက်တော့ ငါက အေးချမ်းစေမှာပါ …....။
===========
ငါသည် သူ့ကိုချစ်၏။ ထိုသို့ချစ်သောကြောင့်
ခံစားရသော ဒုက္ခသည် ကြီးစွ၊ ထိုဒုက္ခသည်
ကြီးစွာသော ပီတိကိုဖြစ်စေ၏။ ဟိသစ္စံ ဤစကားမှန်၏၊
ဤမှန်သော သစ္စာစကားကြောင့် ငါသည် ဘ၀ဆက်တိုင်း
“ချစ်တတ်သောကိုပိုင်ဆိုင်ရလို့၏......။
==========================================
အကောင်းဆုံးကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲရှိတယ်။ လုံးဝပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲရှိတယ်။ လုံးဝအပြစ်ကင်းတဲ့အချစ်က ဝတ္ထုထဲမှာပဲရှိတယ်။
============
 မှားတယ် နောင်တတော့ရဘူး ငိုတယ် မျက်ရည်တော့ကျဘူး ခံစားတယ် မပေါက်ကွဲဘူး ကျေကွဲတယ် ၀မ်းမနည်းဘူး လွမ်းနေတယ် ထုတ်မပြဘူး ..!!
=================
ယှက်နွယ်ခဲ့တာ သံယောဇဉ်တွေပါ မင်းသုံးနေကျ အရက်ပျံမဟုတ်ဘူး စိတ်ထဲမပါပဲ ငါ့ဆီမလာနဲ့ ဒဏ်ရာတွေ ကုပေးမယ့်သမားတော်လည်းမဟုတ်ပါဘူး..........။
========================
 ငှက်တစ်ကောင်ကိုချစ်မိမှတော့ လွတ်လပ်ခြင်းကိုပါ ငါနားလည်ပေးရတော့မှာပေါ့ … ♥ ငါမချုပ်ချယ်ပါဘူး မင်းအတောင်ညောင်းရင် နားခိုအိပ်စက်တတ်တဲ့ သစ်ပင်တိုင်းပဲ ငါဖြစ်ချင်ခဲ့တာပါ…♥♥♥
===============================
.ပုံပြောခဲ့တာလား..ချစ်သူရယ်… စဥ်းစားတိုင်း ငါထိတ်လန့်နေခဲ့.မမြင်နိုင်တဲ့ ငါနောက်ကွယ်မှာ နင်ဘယ်လိုရှိမယ်. ငါမသိခဲ့.. တွေးမိတိုင်းငါ.. ရင်မောတယ်. သတိရသေးလား ကိုယ့်ချစ်သူလေးရယ်.. ညစဉ်တိုင်းငါ.. ငိုမိတယ်.. ဒီမျက်ရည်များစွာ ခမ်းကုန်သွားလိမ့်.. မငိုနိုင်တော့ဘူး. ကြာ၇င် ငါရူးလိမ့်မယ်
======
အိပ်မက်တိုင်း အကောင်အထည် ဖော်နိုင်တာ မဟုတ်ဘူး။ စကားလုံးတိုင်း အချိန်မှီပြောခွင့်ရတာ မဟုတ်ဘူး။ အချစ်တိုင်း ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ကြတာ မဟုတ်ပါဘူး။
=============

 BY ..လက်တွဲဖေါ်ချစ်သူ

ချစ်သူအတွက်


ချစ်သူအတွက်
ကိုယ်ကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ
မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်
မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်းလေးတော့ဖြစ်ပါရစေ
မင်းဘ၀ရဲ့လမင်းကြီမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ
မင်းဘေး အချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ
မင်းအတွက် တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ
မင်းအတွက်ဖရောင်းတိုင်လေးတော့ဖြစ်ပါရစေ
မင်းရဲ့အချစ်ဦးမဟုတ်ခဲ့ရင်တောင်
မင်းရဲအချစ်ဆုံးတော့ဖြစ်ပါရစေ
ချစ်သူ….မင်း  ကို့ကို
ချစ်ရင်ချစ်မယ် မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
မခန့်မှန်းနိုင်ပေမယ့်
ကို ကတော့
သစ္စာဆိုရဲပါတယ်
ကို မင်းကို သိပ်ချစ်တယ်.......။

မှတ်သားဖွယ်ရာစကားလေးများ

• ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့ ။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကား လိုက်တာပါပဲ ။
• ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး ။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး ။
• သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ် ။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ် ။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ် ။
• အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ် ။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ ဇာတ်သိမ်းတစ်ခု ရှိပါတယ် ။
• လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ ။
• ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး ။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခု ချက်ချင်း စတင် လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ် ။
• ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး ။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများ ထူးမှာ မို့လို့လဲ ။
• အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့ ။ မျက်ရည်တွေက သင့်ရှေ့က ပို ကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ် ။
• မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်
• သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့ ။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ ။
• အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ် ။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် “အတွေ့အကြုံ” ဆိုတာ ဖြစ်လာပါတယ် ။
• ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ ။
• အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ် ။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေ ဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ် ။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ် ။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ
သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ ။ by kothu1987

Tuesday, February 5, 2013

မိဘဂုဏ် (၁၂) ပါး


မိဘဂုဏ်(၁၂)ပါး
*************
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော
သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။

၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။

၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။

၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။

၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။

၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။

၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။

၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။

၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။

၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။

၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။

၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။

၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို
ထင်ရှားစေသော စာသားများဖြစ်သည်။
အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍
ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။အချို့ သော သားသမီးများက
မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက
မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။
ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး
လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။

အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ......

၁။ သားသမီးအပေါ်တွင် ထာဝစဉ်
မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်....

၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ
ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။
သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော
အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။

၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင်
တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

၅။ သားသမီးမမွေးခင် ကတည်းက
ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။

၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော
မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။

၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။

၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော
မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။

၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့
အာပါဒက ဟုမည်သည်။

၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ
သိသမျှ သားသမီးများသိရအောင်
ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။

၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင်
ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။

၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို
ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက်
ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

စကားချပ်။ ။ ပါဠိစာပေကို များစွာ ကျွမ်းကျင်မှု မရှိသောကြောင့်
အချို့ သော ပါဠိစာသားများမှားယွင်းမှု ရှိခဲ့သော် ကျွန်ုပ်၏
အမှားပင်ဖြစ်ကြောင်းဝန်ခံအပ်ပါသည်။
ဘာသာရေးစာအုပ်တစ်အုပ်မှ ပြန်လည်
ကောက်နှုတ် ဖော်ပြ ခြင်း ဖြစ်ပါသည်။။

Credit to :အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ
https://www.facebook.com/excellencemedia 
ပြန်လည်ဖေါ်ပြပါသည်..။

နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓ၀င်များအကြောင်း

နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်များနှင့် ထိုဘုရားရှင်တို့ ပွင့်တော်မူရာ ဗော
ဓိပင်များကိုလည်းကောင်း၊ ဂေါတမဘုရားအလောင်းတော်သည် တဏှင်္ကရာ၊ မေဓင်္ကရာ၊ သရဏင်္ကရာဘုရားများထံမှ အနိယတဗျာ ဒိတ်တော် ခံယူခဲ့ပုံများနှင့် ဒီပင်္ကရာမြတ်စွာဘုရားမှ အစပြု၍ ကဿ ပမြတ်စွာဘုရားတိုင်အောင် နိယတဗျာဒိတ်တော် ခံယူပုံများကို ဖော်ပြပေး ထားပါသည်။

၁။ တဏှင်္ကရာမြတ်စွာဘုရား ပွင့်ရာ ဗောဓိ-စရည်းပင်

သာရမဏ္ဍကမ္ဘာဝယ် ပုပ္ပ၀တီပြည်၌ ခမည်းတော် နန္ဒ၊ မယ်တော် သုနန္ဒလတို့မှ ဖွားမြင်တော်မူပြီး၊ ဆင်ယာဉ်နှင့် တောထွက်တော်မူကာ (၇)ရက်ကြာ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် စရည်းဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူလေသည်။

၂။ မေဓင်္ကရာ မြတ်စွာဘုရား ပွင့်ရာ ဗောဓိ-သခွတ်ပင်

သာရမဏ္ဍကမ္ဘာဝယ် ၀ိပူလပြည်၌ ခမည်းတော် သုမင်္ဂလ၊ မယ်တော် ယသ၀တီတို့မှ ဖွားမြင်တော်မူပြီး၊ မြင်းယာဉ်နှင့် တောထွက်တော်မူကာ၊ လခွဲကြာ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် သခွတ်ဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူလေသည်။

၃။ သရဏင်္ကရာ မြတ်စွာဘုရားပွင့်ရာ ဗောဓိ-ပေါက်ပင်

သာရမဏ္ဍကမ္ဘာဝယ် မေဃလပြည်၌ ခမည်းတော် သုဒေ၀၊ မယ်တော် ယသောဓရာတို့မှ ဖွားမြင်တော်မူပြီး၊ ဆင်ယာဉ်နှင့် တောထွက်တော်မူကာ (၁၅)ရက်ကြာ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ပေါက်ဗောဓိပင်ရင်း၌ ဘုရား ဖြစ်တော်မူလေသည်။

၎။ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်ရာ ဗောဓိ-ညောင်ကြတ်ပင်

အလောင်းတော် သုမေဓာရှင်ရသေ့သည် မြတ်စွာဘုရား ကြွရာလမ်းပြုပြင် ရာဝယ် ကိုယ်ကို တံတားခင်း၍လှူဒါန်း၏။ ဒီပင်္ကရာ မြတ်စွာဘုရားသည် သုမေဓာရှင်ရသေ့ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၅။ ကောဏ္ဍညမြတ်စွာဘုရားပွင့်ရာ ဗောဓိ-နပဲပင်

အလောင်းတော် ၀ိဇီတာဝီစကြာမင်းသည် ကောဏ္ဍည မြတ်စွာဘုရား သီတင်းသုံးရန် ကျောင်းတော်ကို စီမံ၍ ဆွမ်းအစရှိသော အလှူကြီးပေး ၏။ ကောဏ္ဍညမြတ်စွာဘုရားသည် အလောင်းတော် ၀ိဇိတာဝီစကြာမင်း ကို နောင်သောအခါ၌ ဂေါတမဘုရား ဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၆။ မင်္ဂလမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကံ့ကော်ပင်

အလောင်းတော် သုရုစိပုဏ္ဏားသည် ရတနာအတိပြီးသော မဏ္ဍပ်ကြီးေ ဆာက်လုပ်၍ မင်္ဂလမြတ်စွာဘုရား အမှူးရှိသော သာဝကများကို (၇)ရက် ပတ်လုံး အလှူကြီးပေး၏။ မင်္ဂလမြတ်စွာဘုရားသည် အလောင်းတော် သုရုစိပုဏ္ဏားကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ေ
ပးေ တ်ာမူသည်။

၇။ သုမနမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကံ့ကော်ပင်

အလောင်းတော် အတုလနဂါးမင်းကြီးသည် သုမန မြတ်စွာဘုရားကို နတ်၌ဖြစ်သော တူရိယာများဖြင့် ပူဇော်၍ ဆွမ်း အဖျော်တို့ကို လှူတော်
မူ၏။ သုမန မြတ်စွာဘုရားသည် အလောင်းတော် အတုလနဂါး မင်းကြီး ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၈။ ရေ၀တမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကံ့ကော်ပင်

အလောင်းတော် အတိဒေ၀ပုဏ္ဏားသည် ရေ၀တ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်များကို ဂါထာတစ်ထောင်ဖြင့် ချီးကျူးပူဇော်ပြီး အဖိုး တစ်ထောင်ထိုက်သော အပေါ်ဝတ်ရုံကို လှူဒါန်း၏။ ရေ၀တ မြတ်စွာ ဘုရားသည် အတိဒေ၀ပုဏ္ဏားကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ် မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၉။ သောဘိတမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကံ့ကော်ပင်

အလောင်းတော်သုဇာတပုဏ္ဏားသည် သောဘိတမြတ်စွာဘုရားအမှူး
ရှိသော ရဟန်းသံဃာတော်များကို ၀ါတွင်းသုံးလပတ်လုံး ကြီးစွာသော အလှူကြီးပေး၏။ သောဘိတမြတ်စွာဘုရားသည် သုဇာတပုဏ္ဏား ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၀။ အနောမဒဿီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ထောက်ကြံ့ပင်

အလောင်းတော်ဘီလူးစစ်သူကြီးသည် အနောမဒဿီမြတ်စွာဘုရား အမှူးရှိသော သံဃာတော်များကို ရတနာခုနှစ်ပါးအတိပြီးသော မဏ္ဍပ် အတွင်း၌ (၇)ရက်ပတ်လုံး ဆွမ်းစသော အလှူကြီးပေး၏။ အနောမ ဒဿီမြတ်စွာဘုရားသည် အလောင်းတော်ဘီလူးစစ်သူကြီးကို နောင်သော အခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၁။ ပဒုမမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကြောင်လျှာပင်

အလောင်းတော် ခြင်္သေ့မင်းသည် (၇)ရက်ပတ်လုံး နိရောဓသမာပတ် ၀င်စားတော်မူသော ပဒုမမြတ်စွာဘုရားကို အလွန်ကြည်ညိုပြီး ဆည်း ကပ်နေ၏။ ရဟန်းသံဃာများကိုလည်း ကြည်ညိုဆည်းကပ်၏။ ပဒုမမြတ်စွာဘုရားသည် အလောင်းတော်ခြင်္သေ့မင်းကို နောင်သော အခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၂။ နရဒမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကြောင်လျှာပင်

အလောင်းတော်ရသေ့သည် နာရဒမြတ်စွာဘုရားအမှူးပြုသော သံဃာတော်များကို ဆွမ်းအလှူကြီးပေး၏။ ဟိမ၀န္တာမှ စန္ဒကူးနံ့ သာနီကိုဆောင်ယူကာ လှူဒါန်း၏။ နာရဒမြတ်စွာဘုရားသည် အလောင်းတော်ရသေ့ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၃။ ပဒုမုတ္တရမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ထင်းရှူးပင်

အလောင်းတော် ဇဋိလသူဌေးကြီးသည် ပဒုမုတ္တရမြတ်စွာဘုရား အမှူးပြုသော သံဃာတော်များကို ဆွမ်းခဲဖွယ်ဘောဇဉ်နှင့် သင်္ကန်းလျှာ အ၀တ်အထည်ကြီးများ ပေးလှူ၏။ ပဒုမုတ္တရမြတ်စွာဘုရားသည် အလောင်းတော်ဇဋိလသူဌေးကြီးကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်
မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၄။ သုမေဓမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကမာကြီးပင်

အလောင်းတော် ဥတ္တရမည်သောလုလင်သည် မိမိစုဆောင်းထားသော ပစ္စည်းတို့ကို သုမေဓမြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကို လှူဒါန်းပြီး သာသနာတော်၌ ရဟန်းပြု၏။ သုမေဓမြတ်စွာဘုရားသည် အလောင်းတော် ဥတ္တရလုလင်ကို နောင်သော အခါ၌ ဂေါတမဘုရားဖြစ် မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၅။ သုဇာတမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကြခတ်ဝါးပင်

အလောင်းတော် စကြာမင်းသည် သုဇာတမြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကို ရတနာခုနှစ်ပါးနှင့် ထီးနန်းစည်းစိမ်တို့ကို လှူဒါန်း၍ ရဟန်းပြု၏။ သုဇာတမြတ်စွာဘုရားသည် အလောင်းတော်စကြာမင်း ရဟန်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော် မူသည်။

၁၆။ ပီယဒဿီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ရေခံတက်ပင်

အလောင်းတော် ကဿပပုဏ္ဏားလုလင်သည် အလွန်ကောင်းမြတ်သော သံဃာ့အာရာမ်ကြီး ဆောက်လုပ်လှူဒါန်း၏။ ရတနာသုံးပါးနှင့်တကွ ငါးပါးသီလ ဆောက်တည်ကျင့်သုံး၏။ ပီယဒဿီမြတ်စွာဘုရားသည် အလောင်းတော် ကဿပလုလင်ကို နောင်သော အခါ၌ ဂေါတမ ဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၇။ အတ္ထဒဿီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-စကားပင်

အလောင်းတော်သုသီမပုဏ္ဏားသည် မိမိဥစ္စာတို့ကို ဆင်းရဲနွမ်းပါးသူတို့အား လှူဒါန်း၍ ရသေ့ပြုလေ၏။ သုသီမရှင်ရသေ့သည် အတ္ထဒဿီမြတ်စွာ ဘုရားကို နတ်၌ဖြစ်သော ပဒုမာကြာပန်း၊ ပင်လယ်ကသစ်ပန်းတို့ကို လှူဒါန်း၏။ အတ္ထဒဿီမြတ်စွာဘုရားသည် သုသီမရှင်ရသေ့ကို နောင်သော အခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၈။ ဓမ္မဒဿီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-သံသတ်ပင်

အလောင်းတော်သိကြားမင်းသည် နတ်အပေါင်းခြံရံလျက် နတ်၌ဖြစ်သော နံ့သာပန်း၊ တူရိယာမျိုးတို့ဖြင့် ဓမ္မဒဿီမြတ်စွာဘုရားကို ပူဇေဓာ်၏။ ဓမ္မဒဿီမြတ်စွာဘုရားသည် အလောင်းတော် သိကြားမင်းကို နောင်သော အခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၉။ သိဒ္ဓတ္ထမြတ်စွာဘုရားပွင့်ရာ ဗောဓိ-မဟာလှေကားပင်

အလောင်းတော် မင်္ဂလပုဏ္ဏားသည် မိမိပိုင်ဥစ္စာတို့ကို သူဆင်းရဲတို့အား စွန့်ကြဲပြီး၊ ရသေ့ပြု၍ဈာန်အဘိညာဉ်ရ၏။ သိဒ္ဓတ္ထမြတ်စွာဘုရားအမှူးပြုေ သာ သံဃာတော်များကို ဈာန်အဘိညာဉ်တန်ခိုးဖြင့် ဗဇမ္ဗုသပြေသီး ယူဆောင်လှူဒါန်း၏။ သိဒ္ဓတ္ထမြတ်စွာဘုရားသည် မင်္ဂလရသေ့ကိုေ နာင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၀။ တိဿမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ပိတောက်ပင်

အလောင်းတော်သုဇာတမင်းသည် ထီးနန်းစည်းစိမ်ကိုစွန့်၍ ရသေ့ပြု၏။ နတ်၌ဖြစ်သောပန်းတို့ကို တန်ခိုးဖြင့်ယူဆောင်ပြီး မြတ်စွာ ဘုရားကို ပူဓေဇာ်၏။ ပဒုမ္မာထီးတစ်လက်ဖြင့် မြတ်စွာဘုရားဦးခေါင်းတော် ၌ ဆောင်းမိုးပူဇော်၏။ တိဿမြတ်စွာဘုရားသည် သုဇာတရသေ့ ကို နောင်သောအခါ၌ ဂေါတမဘုရား ဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၁။ ဖုဿမြတ်စွာဘုရားပွင့်ရာ ဗောဓိ-သျှိသျှားပင်

အလောင်းတော် ၀ိဇိတာဝီမင်းကြီးသည် ကြီးစွာသောအလှူကြီး လှူဒါန်းကာ ထီးနန်းစည်းစိမ်စွန့်လျက် ရဟန်းပြု၏။ ဖုဿမြတ်စွာဘုရားသည် ၀ိဇိတာဝီရဟန်းတော်ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၂။ ၀ိပဿီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-သခွတ်ပင်

အလောင်းတော် အတုလနဂါးမင်းသည် ရတနာမဏ္ဍပ်တော်ကြီးေ ဆာက်လုပ်၍ ၀ိပဿီမြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကို သီတင်းသုံးစေပြီး (၇)ရက်ပတ်လုံး အလှူကြီးပေး၏။ ရတနာခုနှစ်ပါးဖြင့် စီခြယ်သော ရွှေဓအင်ပျဉ်ကိုလှူ၏။ ၀ိပဿီမြတ်စွာဘုရားသည် အလောင်းတော် အတုလနဂါးမင်းကို နောင်သော အခါ၌ ဂေါတမ ဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၃။ သိခီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-သရက်ဖြူပင်

အလောင်းတော် အရိန္ဒမမင်းသည် သိခီမြတ်စွာဘုရား အမှူးပြုသော သံဃာတော်မြတ်များကို တန်ဆာဆင်အပ်သော မင်္ဂလာဆင်တော်နှင့် တကွ တန်ဖိုးညီမျှသော အပ္ပိယ၀တ္ထုပစ္စည်းတို့ကို လှူ၏။ သိခီမြတ်စွာဘုရားသည် အလောင်းတော် အရိန္ဒမမင်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၄။ ဝေဿဘူမြတ်စွာဘုရားပွင့်ရာ ဗောဓိ-အင်ကြင်းပင်

အလောင်းတော် သုဒဿနမင်းသည် ဝေဿဘူမြတ်စွာဘုရား သီတင်းသုံးရန် ဂန္ဓကုဋီကျောင်းတော်ကြီးနှင့် ရဟန်းသံဃာတော်များ သီတင်းသုံးရန် ကျောင်းပေါင်းတစ်ထောင် ၀န်းရံဆောက်လုပ်လှူဒါန်း၍ ရဟန်းပြု၏။ ဝေဿဘူမြတ်စွာဘုရားသည် သုဒဿနရဟန်မြတ် ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၅။ ကကုသန္ဓမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကုက္ကိုပင်

အလောင်းတော် ခေမမင်းသည် ကကုသန္ဓ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား သပိတ်သင်္ကန်းများနှင့် ဆေးဝါးတို့ကို လှူဒါန်း၍ ရဟန်းပြု၏။ ကကုသန္ဓမြတ်စွာဘုရားသည် ခေမမင်း ရဟန်းကို နောင်သော အခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၆။ ကောဏာဂမနမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ရေသဖန်းပင်

အလောင်းတော် ပဗ္ဗတမင်းသည် ၀ါတွင်းသုံးလပတ်လုံး ကောဏာ ဂနမမြတ်စွာဘုရားနှင့် တပည့်သံဃာတော်များကို ပြုစုလုပ်ကျွေးကာ ပိုးဖဲကမ္ဗလာစသော အဖိုးတန် အထည်များကို လှူ၏။ ကောဏာဂမ န မြတ်စွာဘုရားသည် အလောင်းတော် ပဗ္ဗတမင်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၇။ ကဿပမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ပညောင်ပင်

အလောင်းတော် ဇောတိပါလလုလင်သည် ကဿပမြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ ရဟန်းပြုလျက် ပရိယတ္တိသာသနာကို အလုံးစုံသင်ကြား၏။ ကဿပမြတ်စွာဘုရားသည် ဇောတိပါ လရဟန်း ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၈။ ဂေါတမမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ညောင်ဗုဒ္ဓဟေပင်

အလောင်းတော် သိဒ္ဓိမင်းသားသည် ကပိလ၀တ်နေပြည်တော်၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၊ မယ်တော် သီရိမဟာမာယာဒေ၀ီ မိဖုရားကြီးတို့မှ ဖွားမြင်တော်မူပြီး ကဏ္ဍိကမြင်းယာဉ်တော်စီး ကာ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ၆နှစ်ကြာကျင့်တော်မူပြီး မဟာဗောဓိ ညောင်ဗုဒ္ဓဟေပင်ရင်း၌ ဘုရားဖြစ်တော်မူသည်။


(တောသူမလေး)
You'realways Onmymind တွင်ဖော်ပြသောအကြောင်းအရာကိ
ပြန်လည်တင်ပြခြင်းသာဖြစ်သည်

လိမ္မာယဉ်ကျေးပညာပေးသင်တန်းကျောင်း Facebook မှ ပြန်လည်ဖေါ်ပြထားပါသည်။

အောင်ဆန်းဇာနည်





+ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။

+တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။

+ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။

+ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။

+တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။

+မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။

+ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။

+ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။

+ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ ခေါင်းဆောင်။

+ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

===============
၂၀၁၃ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကို ဂုဏ်ပြုကြိုဆိုပါသည်။
=================================