ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။

Wednesday, May 29, 2013

Screenshot ကွန်ပြူတာ screen ကို မိမိစိတ်ကြိုက် ဓါတ်ပုံရိုက်မယ်

 window 8မှာတော့ search ကိုအရင်ဆုံး
ဖွင့်လိုက်တာနဲ့အောက်ကပုံတိုင်းပေါ်လာပါမယ်
w
 အဲလိုပေါ်လာရင် အဲထဲမှာ ပြာဝိုင်းလေးပြထားတဲ့ 
snipping tool ဆိုတာလေးကိုဖွင့်လိုက်ပါ
အောက်ကပုံတိုင်းဘောက်လေးတစ်ခုကျလာပါမယ်
 အဲဘောက်လေးထဲမျှားအောက်ပြထားတာလေးကို
နှိပ်လိုက်တာနဲ့ ကိုလိုချင်တဲ့ အတိုင်းရွေးပြီး 
ဓါတ်ပုံရိုက်လို့ရပါတယ်..
 Rectangular Snip ဆိုတာလေးကိုနှိပ်လိုက်ရင် 
ကိုယ်လိုချင်တဲ့အပိုင်းလေးကို မောက်ကလေးဖိကလစ်ပြီး
ယူလိုက်ရုံပါပဲအထပ်ပုံတိုင်းလေးပေါ့.
window8 window7 .. allprogram ကို ဝင်လိုက်တာနဲ့
system tools ဆိုတဲ့ ဖိုင်ကိုရှာပြီး ဖွင့်လိုက်ပါ.. အထပ်ပုံပါအတိုင်း
snipping tool ဆိုတာတွေပါလိမ့်မယ်..
 ကျနော်ဥပမာရိုက်ပြထားတာပါ..
ဒီ post လေးကို မသိသေးသောသူတွေအတွက် 
ကျနော်သိသလောက်လေးတင်ပြလိုက်တာပါ.
အားလုံးအဆင်ပြေပါစေ..


Saturday, May 25, 2013

ရွှေဘိုမြို့

ရွှေဘိုမြို့ကို ငါးမည်ရပြည်ရွှေဘို ဟု ခေါ်လေ့ရှိကြသည်။
ရွှေဘိုမြို့၏ ငါးမည်ငါးဘွဲ့ကား မုဆိုးပို၊ ရတနာသိင်္ဃ၊ကုန်းဘောင်၊ရန်ကြီးအောင်၊ ရွှေဘို တို့ဖြစ်သည်။
စင်စစ်သော်ကား ကျန် လေးမည်မှာ မုဆိုးပို တွင် တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သော ကုန်းဘောင်မင်းဆက်၏ အဓိပတိ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ မင်းအဖြစ်သို့ ရောက်ရှိပြီး
( ၁၁၁၅) ခုနှစ်တွင် မြို့နန်းတည်ထောင်သောအခါ တွင်မှစပြီး ပေါ်ထွန်းလာသော အမည်နာမများဖြစ်ပါသည်။
မှတ်ချက်။        ။ မုဆိုးပိုမြို့သည် ပုဂံ နရပတိစည်သူမင်း ( ဒုတိယစည်သူဟုလည်းခေါ်ဆိုကြသည်) ၏ လက်ထက်တွင် မုဆိုးငပိုကို အပိုင်စားပေးရာမှ ပေါ်ထွန်းလာသည်ဟု လေ့လာဖူးပါသည်။
ရွှေဘိုမြို့သည် 22°34’13.84″N နှင့် 95°41’54.82″E တွင်တည်ရှိပါသည်။ မန္တလေး-မြစ်ကြီးနားကားလမ်းနှင့် မီးရထားလမ်း နှစ်ခုဆုံရာနေရာ မန္တလေးမြို့၏ အနောက်မြောက်ဘက် ၆၄ မိုင် အကွာတွင် တည်ရှိပါသည်။ မန္တလေးမြို့မှ ၄နာရီ အတွင်း ရွှေဘိုမြို့သို့ ကားဖြင့် သွားရောက်နိုင်သည်။
ဧရာဝတီမြစ်ကမ်းနဘေးရှိ ကျောက်မြောင်းမြို့၏ အနောက်ဘက် ၁၇ မိုင် အကွာတွင် တည်ရှိပါသည်။
ပျူယဉ်ကျေးမှု မြို့ဟောင်း ဟံလင်း သည် ရွှေဘိုမြို့၏ အရှေ့တောင်ဘက် ၁၀မိုင် အကွာတွင်တည်ရှိပြီး ရွှေဘိုမြို့မှ ကား ဖြင့် နှစ်နာရီ အတွင်း အရောက်သွား၍လေ့လာနိုင်ပါသည်။
                                      အလောင်းမင်းတရားကြီး  ဦးအောင်ဇေယျ
                                                     ရွှေဘိုမြို့ အဝင်
                                                     ရွှေဘိုမြို့အဝင်
                                                     ရွှေဘုံရတနာ နန်းတော်
                                             ဝေဘူဆရာတော်ဘုရားကြီး   
                                  သီတင်းသုံးနေထိုင်ခဲ့သော  အောင်မြေကျောင်းတိုက်
     
                                         အောင်မြေကျောင်းတိုက် တစ်နေရာ

Thursday, April 4, 2013

အမှတ်တရပုံလေးများ..။။







အချစ်ရဲ့ ဒဿနလေးများ...။။။

ယောင်္ကျာလေးတစ်ယောက်ဟာ..
တကယ်ချစ်တက်လာပြီဆိုရင်...

ဘာကိုမှ မတွေးတော့ပဲ..
မိန်းခလေးတစ်ယောက်ကိုလွမ်းနေဖို့ဆိုတာ...
သူရဲ့ ၀ါသနာကြီးတခုလိုဖြစ်လာခဲ့တယ်...။


ဘာကိုမှ မကြည့်တော့ပဲ...
မိန်းခလေးတစ်ယောက်ကိုဂရုစိုက်ဖို့ဆိုတာ...
သူရဲ့ အဓိကထားရတဲ့ အလုပ်ကြီးတခုလိုဖြစ်လာခဲ့တယ်...။


ဘာကိုမှ မမျှော်လင့်တော့ပဲ..
မိန်းခလေးတစ်ယောက်ကိုပျော်ရွင်အောင်ထားဖို့ဆိုတာ...
သူရဲ့ အဓိကထားရတဲ့ တာဝန်ကြီးတရပ်ကိုဖြစ်လာခဲ့တယ်...။


ဘာကိုမှ မပြောင်းလဲတော့ပဲ...
မိန်းခလေးတစ်ယောက်တည်းကို ထာဝရချစ်နေဖို့ဆိုတာ...
သူ့ရဲ့ ကိုယ်ပိုင် ဘ၀လေးတခုဖြစ်လာခဲ့တယ်......



◘မင်းအလင်္ကာ(အမုန်းမရှိသော အချစ်မရှိသောသူဖြစ်ရပါစေ)

====================================
=================

ချစ်သူ
ဝေးတိုင်းလည်း အားမငယ်နဲ့ 
လွမ်းတိုင်းလည်း မငိုနဲ့ 

ဘယ်သူကကော ကိုယ့်ချစ်သူရဲ့ အဝေးမှာ နေချင်ပါ့မလဲ

လူချင်းသာ ဝေးပါစေ ချစ်သူ
နှလုံးသားချင်း ဆုပ်ကိုင်ထားမှတော့ ဘယ်သူမှ ကြားဝင်လို့ မရဘူး

မင်းရဲ့ ဓာတ်ပုံကို ငါ့ရဲ့ နှလုံးသားမှာ Scan ဖတ်ထားတယ်
မင်းရဲ့  လှုပ်ရှားပုံကို ငါ့ရဲ့  မျက်စိ မှာ Install လုပ်ထားတယ်
မင်းရဲ့ စကားသံတွေကို ငါ့ရဲ့  နားမှာ record လုပ်ထားတယ်
မင်းရဲ့  အချစ်တွေကို ငါ့တကိုယ်လုံး DownLoad ဆွဲထားတယ်

ကဲ ဘာ လို သေး လဲ ချစ် သူ ရယ်~~~



♥ ♥ ♥


( ဇင် နှင်း )============

=================================

တကယ်ချစ်တက်သွားရင် မမျှော်လင့်တက်အောင်ကြိုးစားဖို့တော့လိုမယ်
အရာရာ ကိုယ်ထင်တိုင်းဖြစ်မလာတဲ့အခါ ခံနိုင်ရည်ရှိအောင်လို့ပါ..

တကယ်မေ့ပြစ်လိုက်တော့မယ်ဆိုရင် လှည့်မကြည့်မိဖို့တော့လိုမယ
အရာရာဟာ ကိုယ်နဲ့မှ မသက်ဆိုင်တော့တာ..။

အချစ်ဆိုတာ တွေဝေလွန်းရင် ခံစားရသလို
မျှော်လင့်လွန်းရင်လည်း ကြေကွဲတက်တယ်..။။


မနောဖြူ။။။။။။။။။။။။။။============
=========================

Wednesday, March 6, 2013

ငါ့ရဲ့ အတွေး...

တခါတလေ ငါတွေးမိတယ်ချစ်သူ ~~~ ငါဘာကြောင့်များ
နင်ကို အရမ်းချစ်နေရလဲ ဆိုတာပေါ့ .........ဒီမေးခွန်းငါအတွက် အဖြေမရှိတဲ့မေးခွန်းဘဲ ချစ်တာကို ချစ်တာလို့ဘဲ ရိုးရိုးရှင်းရှင်း ငါတွေးနေမိတယ်။

တခါတလေ ငါတွေးမိတယ်ချစ်သူ ~~~ငါဘာကြောင့်များ နင်ကို ဒီလောက် သ၀န်တိုတတ်တာလဲ ဆိုတာကိုပေါ့ ........ငါချစ်တဲ့သူကို သ၀န်တိုဆိုတာ အကြောင်းပြချက်မရှိ အရမ်းချစ်လို့ပါ။

တခါတလေ ငါတွေးကြောက်မိတယ်ချစ်သူ ~~~ ငါအနားက နင်သာထွက်သွားရင်ဆိုတဲ့ အတွေးနဲ့ ငါကိုယ်ငါ ခြောက်လန့်နေတတ်တယ် ....ဘာကြောင့်လဲဆိုတော့ နင်ကလွဲရင် တခြားတစ်ယောက်ကို ငါအချစ်တွေ မပေးနိုင်လောက်အောင် ငါတနေ့ထက်တနေ့ နင်ကို ပိုချစ်လာလို့ဘဲ။
==================================
==========================
==============








 


အချစ်ရဲ့ ဒဿနလေးများ

မြင်မြင်ချင်းချစ်ခဲ့တာလည်း မဟုတ်ဘူး..
အနေနီးလို့ချစ်သွားတာလည်း မဟုတ်ဘူး..
အပြောကောင်းလို့ခိုက်သွားတာလည်း မဟုတ်ဘူး..
နှလုံးသားကချစ်လိုက်ဆိုလို့.. ချစ်ခဲ့မိတာ.....။
=============
 ငှက်ကလေးတွေကမေးတယ်… မင်းမှာ ချစ်သူအများကြီးရှိလားတဲ့… ငါကလည်းပြန်ပြောလိုက်တယ်… ချစ်သူအများကြီးမရှိပါဘူး… ဒါပေမယ့်…ရှိတဲ့တစ်ယောက်ကို အများကြီးချစ်ပါတယ်လို့......။
===========================
အနားမှာရှိတဲ့သူတိုင်းကို မချစ်ချင်ပါဘူး…..
ချစ်တဲ့သူကိုပဲ အနားမှာရှိစေချင်တာပါ….။
==========
ကို တို့ နှစ်ယောက် မတွေ့ ရသေးပေမဲ့…
အမြဲတမ်း မင်းလေးရဲ့ အရိပ်ထက် ပိုတဲ့
ကို ရဲ့စိတ်က မင်းလေး နားမှာ
အမြဲတမ်းရှိနေမှာပါ …….
ချစ်သူလေး ပျော်ရွှင်ပါစေ …………..။
============================
နောင်တတော့ မရချင်ပါဘူး….
ငါလိုချင်တာက ……
စိုးရိမ်ကြောင့်ကြမှုတွေကင်းတဲ့ အချစ်ပါဟာ…
မိုးရွာသလို အားလုံးအတွက် မဟုတ်ပေမယ့် …..
နင့်အတွက်တော့ ငါက အေးချမ်းစေမှာပါ …....။
===========
ငါသည် သူ့ကိုချစ်၏။ ထိုသို့ချစ်သောကြောင့်
ခံစားရသော ဒုက္ခသည် ကြီးစွ၊ ထိုဒုက္ခသည်
ကြီးစွာသော ပီတိကိုဖြစ်စေ၏။ ဟိသစ္စံ ဤစကားမှန်၏၊
ဤမှန်သော သစ္စာစကားကြောင့် ငါသည် ဘ၀ဆက်တိုင်း
“ချစ်တတ်သောကိုပိုင်ဆိုင်ရလို့၏......။
==========================================
အကောင်းဆုံးကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲရှိတယ်။ လုံးဝပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲရှိတယ်။ လုံးဝအပြစ်ကင်းတဲ့အချစ်က ဝတ္ထုထဲမှာပဲရှိတယ်။
============
 မှားတယ် နောင်တတော့ရဘူး ငိုတယ် မျက်ရည်တော့ကျဘူး ခံစားတယ် မပေါက်ကွဲဘူး ကျေကွဲတယ် ၀မ်းမနည်းဘူး လွမ်းနေတယ် ထုတ်မပြဘူး ..!!
=================
ယှက်နွယ်ခဲ့တာ သံယောဇဉ်တွေပါ မင်းသုံးနေကျ အရက်ပျံမဟုတ်ဘူး စိတ်ထဲမပါပဲ ငါ့ဆီမလာနဲ့ ဒဏ်ရာတွေ ကုပေးမယ့်သမားတော်လည်းမဟုတ်ပါဘူး..........။
========================
 ငှက်တစ်ကောင်ကိုချစ်မိမှတော့ လွတ်လပ်ခြင်းကိုပါ ငါနားလည်ပေးရတော့မှာပေါ့ … ♥ ငါမချုပ်ချယ်ပါဘူး မင်းအတောင်ညောင်းရင် နားခိုအိပ်စက်တတ်တဲ့ သစ်ပင်တိုင်းပဲ ငါဖြစ်ချင်ခဲ့တာပါ…♥♥♥
===============================
.ပုံပြောခဲ့တာလား..ချစ်သူရယ်… စဥ်းစားတိုင်း ငါထိတ်လန့်နေခဲ့.မမြင်နိုင်တဲ့ ငါနောက်ကွယ်မှာ နင်ဘယ်လိုရှိမယ်. ငါမသိခဲ့.. တွေးမိတိုင်းငါ.. ရင်မောတယ်. သတိရသေးလား ကိုယ့်ချစ်သူလေးရယ်.. ညစဉ်တိုင်းငါ.. ငိုမိတယ်.. ဒီမျက်ရည်များစွာ ခမ်းကုန်သွားလိမ့်.. မငိုနိုင်တော့ဘူး. ကြာ၇င် ငါရူးလိမ့်မယ်
======
အိပ်မက်တိုင်း အကောင်အထည် ဖော်နိုင်တာ မဟုတ်ဘူး။ စကားလုံးတိုင်း အချိန်မှီပြောခွင့်ရတာ မဟုတ်ဘူး။ အချစ်တိုင်း ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ကြတာ မဟုတ်ပါဘူး။
=============

 BY ..လက်တွဲဖေါ်ချစ်သူ

ချစ်သူအတွက်


ချစ်သူအတွက်
ကိုယ်ကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ
မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်
မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်းလေးတော့ဖြစ်ပါရစေ
မင်းဘ၀ရဲ့လမင်းကြီမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ
မင်းဘေး အချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ
မင်းအတွက် တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ
မင်းအတွက်ဖရောင်းတိုင်လေးတော့ဖြစ်ပါရစေ
မင်းရဲ့အချစ်ဦးမဟုတ်ခဲ့ရင်တောင်
မင်းရဲအချစ်ဆုံးတော့ဖြစ်ပါရစေ
ချစ်သူ….မင်း  ကို့ကို
ချစ်ရင်ချစ်မယ် မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
မခန့်မှန်းနိုင်ပေမယ့်
ကို ကတော့
သစ္စာဆိုရဲပါတယ်
ကို မင်းကို သိပ်ချစ်တယ်.......။