ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။

Monday, June 4, 2012

လွမ်းတယ်.....

 လွမ်းတယ်....။။။

လွမ်းတယ်ကွယ်...
ပြီးဆုံးခဲ့တာသေချာပေမဲ့
မမေ့နိုင်သေးတဲ့ ဒီရင်ဘတ်ကိုမုန်းတယ်။
အလွ...မ်းဆိုတာ..မျက်စိကြောင်စေတဲ့ကော်ဖီတစ်ခွက်မှန်း
ငါအခုမှသိခဲ့ရတယ်

အလွမ်းတဲ့...
မထူးဆန်းတဲ့စကားလုံးလေးနှစ်လုံးပါ
ဒါပေမဲ့..
လူတွေတော်တော်များများ အဆိပ်တက်နေကြတယ်
ကြိုးစားပြီးတွန်းလှန်နေကြရတယ်

ပြီးခဲ့တဲ့နေ့စွဲတွေမှာ
နောက်ပြန်ဆုတ်လို့မရနိုင်တာ
လူတိုင်းသိပေမဲ့
တသသလွမ်းခွင့်တော့ရှိသေးတယ်လေ

ဒါပေမဲ့လည်း
ငါ့ရဲ့အလွမ်းတွေဟာ
မပီပြင်ဘူးကွယ်.
ချစ်ခဲ့ဖူးသူက
မေ့ပျောက်လွယ်သူဖြစ်နေခဲ့တယ်

ဒါပေမဲ့..အခုချိန်မှာတော့
အလွမ်းဆိုတာ ငါ့အတွက်အရင်းနှီးဆုံးသူငယ်ချင်းပါ
ငါ့ရဲ့ ရင့်ကျက်မှုကသူ့ကို တိုက်စားခဲ့ပြီလေ...


ပျော်ရွှင်စရာအတိတ်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ..

1 comment: