ရွှေဘိုမြို့ကို ငါးမည်ရပြည်ရွှေဘို ဟု ခေါ်လေ့ရှိကြသည်။
ရွှေဘိုမြို့၏ ငါးမည်ငါးဘွဲ့ကား မုဆိုးပို၊ ရတနာသိင်္ဃ၊ကုန်းဘောင်၊ရန်ကြီးအောင်၊ ရွှေဘို တို့ဖြစ်သည်။
စင်စစ်သော်ကား ကျန် လေးမည်မှာ မုဆိုးပို တွင် တတိယမြန်မာနိုင်ငံတော်ကို
တည်ထောင်ခဲ့သော ကုန်းဘောင်မင်းဆက်၏ အဓိပတိ အလောင်းမင်းတရားကြီး
ဦးအောင်ဇေယျ မင်းအဖြစ်သို့ ရောက်ရှိပြီး
( ၁၁၁၅) ခုနှစ်တွင် မြို့နန်းတည်ထောင်သောအခါ တွင်မှစပြီး ပေါ်ထွန်းလာသော အမည်နာမများဖြစ်ပါသည်။
မှတ်ချက်။ ။ မုဆိုးပိုမြို့သည် ပုဂံ နရပတိစည်သူမင်း (
ဒုတိယစည်သူဟုလည်းခေါ်ဆိုကြသည်) ၏ လက်ထက်တွင် မုဆိုးငပိုကို အပိုင်စားပေးရာမှ
ပေါ်ထွန်းလာသည်ဟု လေ့လာဖူးပါသည်။
ရွှေဘိုမြို့သည် 22°34’13.84″N နှင့် 95°41’54.82″E တွင်တည်ရှိပါသည်။
မန္တလေး-မြစ်ကြီးနားကားလမ်းနှင့် မီးရထားလမ်း နှစ်ခုဆုံရာနေရာ မန္တလေးမြို့၏
အနောက်မြောက်ဘက် ၆၄ မိုင် အကွာတွင် တည်ရှိပါသည်။ မန္တလေးမြို့မှ ၄နာရီ
အတွင်း ရွှေဘိုမြို့သို့ ကားဖြင့် သွားရောက်နိုင်သည်။
ဧရာဝတီမြစ်ကမ်းနဘေးရှိ ကျောက်မြောင်းမြို့၏ အနောက်ဘက် ၁၇ မိုင် အကွာတွင် တည်ရှိပါသည်။
ပျူယဉ်ကျေးမှု မြို့ဟောင်း ဟံလင်း သည် ရွှေဘိုမြို့၏ အရှေ့တောင်ဘက်
၁၀မိုင် အကွာတွင်တည်ရှိပြီး ရွှေဘိုမြို့မှ ကား ဖြင့် နှစ်နာရီ အတွင်း
အရောက်သွား၍လေ့လာနိုင်ပါသည်။
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ
ရွှေဘိုမြို့ အဝင်
ရွှေဘိုမြို့အဝင်
ရွှေဘုံရတနာ နန်းတော်
ဝေဘူဆရာတော်ဘုရားကြီး
သီတင်းသုံးနေထိုင်ခဲ့သော အောင်မြေကျောင်းတိုက်
အောင်မြေကျောင်းတိုက် တစ်နေရာ
No comments:
Post a Comment