- ဒေါသနဲ့ ဝေးဝေးနေပါ .. သင့်ရဲ့ ဒေါသက သင့်ကိုပဲ နာကျင်စေပါလိမ့်မယ်...။
- သင်မှန်နေတယ်ဆိုရင် ဘာလို့စိတ်ဆိုးနေစရာလိုမလဲ..။ တကယ်လို့ သင်မှားနေတယ်ဆိုရင်တော့ သင်မှာ ဘာမှစိတ်ဆိုးပိုင်ခွင့်မှ မရှိပါဘူး...။
- မိသားဝင်တွေကို သည်းခံခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖော်ညွန်းတယ်။ တခြားသူတွေကို သည်းခံခြင်းဟာ လေးစားမှုကို ဖော်ညွန်းတယ်။ ကိုယ့်ကိုယ်ကိုသည်းခံခြင်းဟာ ပိုင်နိုင်စိတ်ချမှု မိမိကိုယ်ကို ယုံကြည်မှုတို့ကို ဖော်ညွန်းတယ်။ ကံကြမ္မာအပေါ်သည်းခံခြင်းဟာ ယုံကြည်သက်ဝင်မှုကို ဖော်ညွန်းပါတယ်...။
- အတိတ်အကြောင်းကို သိပ်မတွေးပါနဲ့ မျက်ရည်တွေပဲ ကျလာမယ်။ အနာဂတ်အကြောင်းကို သိပ်မတွေးပါနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေပဲ ရလာမယ်။ ပစ္စုပ္ပန်တည့်တည့်မှာ အပြုံးလေးနဲ့ နေထိုင်ပါ . ကောင်းချီးသြဘာတွေ ဆိုက်ရောက်လာပါလိမ့်မယ်...။
- ဘဝရဲ့ စမ်းသပ်ချက်တိုင်းက ကျွန်တော်တို့ကို ပိုကောင်းစေသလို ပိုပြီးတော့လည်း ခါးသီးသွားစေနိုင်ပါတယ် ... ကြုံတွေနေရတဲ့ ပြဿနာတိုင်းဟာ ကျွန်တော်တို့ကို တည်ဆောက်နိုင်စေသလို ချိုးဖျက်နိုင်စေပါတယ်။ သားကောင်ဖြစ်မလား မုဆိုးဖြစ်မလားဆိုတာကတော့ သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေပါတယ်..။
- လှပတဲ့အရာတိုင်းဟာ အမြဲတမ်းမကောင်းမွန်နိုင်ပါဘူး.။ ဒါပေမဲ့ ကောင်းမွန်တဲ့ အရာတိုင်းကတော့ အမြဲတမ်းလှပနေပါတယ်..။
- လက်ချောင်းလေးတွေကြားမှာ ဘာလို့ ဟ နေတာလဲသိလား ။ အဲဒီ ဟ နေတဲ့ နေရာလေးတွေဟာ သင့်အတွက် အရေးပါဆုံးသူက သင့်လက်ကို ထာဝရဆွဲကိုင်ပြီးဖြည့်ဆည်းပေးမယ့် နေရာလေးတွေဖြစ်ပါတယ်..။
- ပျော်ရွှင်မှုဟာ သင့်ကိုချစ်စဖွယ်ဖြစ်စေတယ်..။ ဒါကြောင့်အမြဲပျော်ရွှင်နေရအောင် တက်နိုင်သမျှ ကြိုးစားသင့်တယ်...။
- အရာအားလုံးမှာ သက်ဆိုင်ရာတွဲဖက်မှုတွေရှိကြတယ်..။ တစ်နေရာရာမှာ တစ်စုံတစ်ယောက်က သင့်အတွက် ရှိနေလိမ့်မယ် ဒါကြောင့် နေရာမှန်ဖြစ်မယ့် အချိန်ကို စောင့်နေလိုက်ပါ...။ အားလုံးကိုလေးစားလျှက်..........................
Friday, February 7, 2014
မှတ်သားစရာများ......
Subscribe to:
Post Comments (Atom)
No comments:
Post a Comment