ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။

Thursday, February 27, 2014

Facebook acc ( အကောင့် ) ဖွင့်နည်း.. ဖုန်းနံပါတ်မလို ၉၉% အဆင်ပြေပါတယ်..

အားလုံးပဲ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါရစေ....
ခုနောက်ပိုင်း FB ဖွင့်ရတာ အဆင်မပြေဖြစ်နေတာတွေ တွေ့နေရပါတယ်...
အကောင့် lock ကျရတာနဲ့ code တောင်းရတာနဲ့ ဖုန်းနံပါတ်တောင်းရတာနဲ့ အမျိုးမျိုးဖြစ်နေကြတာတွေ့ရပါတယ်...။
ခုကျနော်တင်ပြမယ်နည်းလေးကတော့ လူတော်တော်များများကိုလက်ခံထားကြပါတယ်..
 ကျနော်ဖွင့်တဲ့အကောင့်တွေလည်းမနည်းတော့ပါဘူး..
အကောင့်သစ်ဖွင့်တိုင်း ၉၀%လောက် ဖွင့်လို့ရပါတယ်.. ဖုန်းနံပါတ်လည်းမတောင်းပါဘူး.. အကောင့် လော့ကျမှုအပိုင်းမှာလည်း ကျနော်ဖွင့်ထားတဲ့ အကောင့်တွေကတော့ တစ်ခုမှကိုလော့ ကျတာမတွေ့ရသေးပါဘူး...
ခင်ဗျားတို့ကျမှ လော့ကျရင်တော့ ကျနော်လည်းမတက်နိုင်ပါဘူး.. ဟီးးးးးး...
ပြောနေတာကြာပါတယ် စကြအောင်ဗျာ.....
ပထမဆုံး အောက်ကလင့်လေးကိုသွားလိုက်ပါ....
http://www.mail.com/int/
ပေါ်လာပါပြီ..
ပုံထဲမှာပြထားတဲ့ အနီဝိုင်းလေးကိုထဲက Get your free email account ဆိုတာလေးကို နှိပ်လိုက်ပါ..
အောက်ပုံအတိုင်းပေါ်လာပါမယ်...
ပုံထဲမှာ ကျနော်ရှင်းပြထားပါတယ်...ရှင်းပြထားသလိုလေးသာ
ကလိလိုက်ပေါ့.......


ဖြည့်စရာရှိတာလေးတွေကိုလိုက်ဖြည့်လိုက်ပါ..
နောက် အောက်ကပုံထဲကအတိုင်း အနီရောင်ဝိုင်းထားတဲ့ I Accept. create my account ဆိုတဲ့ အစိမ်းရောင်စာတန်းလေးကို နှိပ်လိုက်ပါ..
ခနလောက်စောင့်လိုက်ပါ..
ပြီးရင်တော့ အောက်ကပုံလေးအတိုင်းပေါ်လာပါပြီ.. 
အဲမှာလည်းထုံးစံအတိုင်း Continue to inbox ဆိုတဲ့ အစိမ်းရောင်စာတန်းကို နှိပ်လိုက်ပါ...
အဲဒီမှာပဲ သင့်ရဲ့ email inbox ကျလာပါပြီ......
သင့်အတွက် mail တစ်ခုပိုင်ဆိုင်လိုက်ပြီဆိုပါတော့.. အောက်ကပုံထဲအတိုင်း အနီဝိုင်းတာလေးကို နှိပ်ပြီး သင့်ရဲ့ Mail box ကိုကြည့်လို့ရပါပြီ...

အောင်မြင်သွားပါပြီ သင့်အတွက် email အကောင့်တစ်ခုပေါ့............
နောက်တစ်ခုကတော့ Fb အကောင့်ပဲကျန်ပါတော့တော့တယ်..
သူကလည်းထုံးအတိုင်း fB ဖွင့်သလိုပါပဲ.. 
အနေရာမှာတော့... fb email ထည့်တဲ့နေရာမှာတော့..အစောက ဖွင့်ထားတဲ့ Free acc ထဲက email လေးကိုထည့်ပေးရမှာဖြစ်ပါတယ်...
အားလုံးဖြည့်ပြီးတာနဲ့ Sign Up ကို နှိပ်လိုက်ပါ..
step 1 အဆင့်မှာတော့ Skip ပေးလိုက်ပါ..
step 2 အဆင့်မှာတော့ ပုံထဲကပြထားတဲ့အတိုင်း ဟုတ်ဟုတ် မဟုတ်ဟုတ် လိုက်ဖြည့်ပေးလိုက်ပေါ့ဗျာ.. ခ်ခ်... ဖြည့်ပြီးတာနဲ့
Save & continue ကို နှိပ်ပေးပါ ပြီးတာနဲ့ Skip ပေးပါလိုက်ပါနောက်တစ်ဆင့်ရောက်သွားပါမယ်..
အောက်ပုံတိုင်းလေးပေါ်လာမှာပါ  Step 3 အဆင့်ပေါ့ အဲဒီမှာတော့ Add Friend မအပ်ပါနဲ့ မအပ် ပဲနဲ့ save & continue ကို ကလစ်ပြီးနောက်တစ်ဆင်တက်သွားတယ်ဆိုရင် Save & continue ကို ကလစ်ပြီး skip ပေးလိုက်ပါ.. တကယ်လို့ Save & continue လုပ်လို့နောက်တစ်ဆင်ရောက်မသွားဘူးဆိုရင်.. တစ်ယောက်လောက်တော့ Add Friend ကို ကလစ်လိုက်ပါ ပြီးရင်တော့ Save & continue ကို ကလစ်ဖို့မမေ့ပါနဲ့ အဲဒါလည်းအရေးကြီးပါတယ်..
ဒီနေမှာတော့အရေးမကြီးသေးပါဘူး..
တကယ်လို့ FB အကောင့်ရသွားခဲ့ပြီဆိုရင်တော့ ကိုယ့်ကို အမြန်ဆုံးနီးနဲ့ လက်ခံနိုင်မယ်သူတစ်ယောက်ကို Add Friend အပ်လိုက်ပါ..အဲဒါလေးကတော့ အကူညီတောင်းပေါ့ဗျာ..  ဒါမှဟိုကပြန်လက်ခံမှ သင့်အတွက်အဆင်ပြေမှာပဲလေ..
နောက်တစ်ဆင့် step 4 အောက်ကပုံအတိုင်းပေါ်လာပါမယ်.. အဲထဲမှာရှိတဲ့ Like Page လေးတွေကို ၁၀ ခုလောက် Like နှိပ်ပေးပြီး  save & continue ကို နှိပ်လိုက်ပါ.

step 5 အဆင့်မှာတော့ ပုံကလေ screen shot ရိုက်ဖို့မေ့တွားတယ်.. ဒါကလည်းတိပြီးသားဖြစ်မှာဆိုတော့လေ..  ပုံတင်မယ့်အဆင့်ပေါ့ သူကတော့..
ပုံတင်လိုက်ပေါ့ဗျာကြာပါတယ် ဟုတ်ဘူးလား..
ပုံတင်ပြီးတာနဲ့ save & continue ကို ကလစ်လိုက်ပါ..
ကဲပြီးသွားပါပြီး.. fb အကောင့်တစ်ခုရပြီလို့သတ်မှတ်လိုက်တော့..
ကျန်သေးတယ်. ဟီးးးးးးးးးးး
ဒီနေရာမှာနည်းနည်းလောက်တော့ နားထောင်ကြည့်ပါ.. သီချင်းဆိုကြည့်တာ စိုင်းစိုင်းလေ.. ဟဲဟဲ...
fb အကောင့်ကတော့ရသွားပြီ confirm မဖြစ်သေးဘူးပေါ့ဗျာ... ကျနော့
တို့အစောကဖွင့်ထားတဲ့  email ထဲမှာ Fbအကောင့်သစ်ဖွင့်လိုက်တဲ့ fb ရဲ့  email တွေရောက်လာပါလိမ့်မယ်..  အဲ email ထဲကိုသွားပြီးတော့ fb ကို confirm လုပ်ရပါမယ်...
အောက်မှာပြထားတဲ့ ပုံထဲအတိုင်း Confiem Your Account ဆိုတာကြီးကို ရဲရဲကြီး နှိပ်လိုက်ပါ နောက် window တစ်ခုပေါ်လာပြီး သင့်ရဲ့ facebook အကောင့် အောင်မြင်စွာ ဖွင့်လို့ရသွားပါပြီ...
တကယ်လို့ FB ဖွင့်ရတာအဆင့်တွေမတူရင်ဘူးဆိုရင်တော့  ကျနော်ပြောထားတဲ့အတိုင်း အဆင့်လေးတွေကို ကျော်သွားလို့ရပါတယ်..။
အားလုံးအဆင်ပြေမယ်လို့တော့ထင်ပါတယ်...
အဆင်ပြေပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်..
တခါမှလည်း ဒီလိုမတင်ဖူးတော့ ပြောတာဆိုတာ မှားတာတွေပါရင်တွေ့ခွင့်လွှတ်ပေးကြပါလို့ ဆန္ဒပြုရင်း.....
မူရင်းပိုင်ရှင်အား credit ပေးပါတယ်.. ebook နဲ့တင်ထားတာပါ.. အဲဒါတွေထည့်ထားတဲ့ မက်မိုရီစတစ်ကပျောက်သွားလို့ ဘယ်သူမှန်းဘယ်ဝါမှန်းမသိတော့ပါဘူး...
YYT



No comments:

Post a Comment