အားလုံးပဲ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါရစေ....
ခုနောက်ပိုင်း FB ဖွင့်ရတာ အဆင်မပြေဖြစ်နေတာတွေ တွေ့နေရပါတယ်...
အကောင့် lock ကျရတာနဲ့ code တောင်းရတာနဲ့ ဖုန်းနံပါတ်တောင်းရတာနဲ့ အမျိုးမျိုးဖြစ်နေကြတာတွေ့ရပါတယ်...။
ခုကျနော်တင်ပြမယ်နည်းလေးကတော့ လူတော်တော်များများကိုလက်ခံထားကြပါတယ်..
ကျနော်ဖွင့်တဲ့အကောင့်တွေလည်းမနည်းတော့ပါဘူး..
အကောင့်သစ်ဖွင့်တိုင်း ၉၀%လောက် ဖွင့်လို့ရပါတယ်.. ဖုန်းနံပါတ်လည်းမတောင်းပါဘူး.. အကောင့် လော့ကျမှုအပိုင်းမှာလည်း ကျနော်ဖွင့်ထားတဲ့ အကောင့်တွေကတော့ တစ်ခုမှကိုလော့ ကျတာမတွေ့ရသေးပါဘူး...
ခင်ဗျားတို့ကျမှ လော့ကျရင်တော့ ကျနော်လည်းမတက်နိုင်ပါဘူး.. ဟီးးးးးး...
ပြောနေတာကြာပါတယ် စကြအောင်ဗျာ.....
ပထမဆုံး အောက်ကလင့်လေးကိုသွားလိုက်ပါ....
http://www.mail.com/int/
ပေါ်လာပါပြီ..
ပုံထဲမှာပြထားတဲ့ အနီဝိုင်းလေးကိုထဲက Get your free email account ဆိုတာလေးကို နှိပ်လိုက်ပါ..
အောက်ပုံအတိုင်းပေါ်လာပါမယ်...
ပုံထဲမှာ ကျနော်ရှင်းပြထားပါတယ်...ရှင်းပြထားသလိုလေးသာ
ကလိလိုက်ပေါ့.......
Thursday, February 27, 2014
Wednesday, February 26, 2014
သင်တို့နှစ်ယောက်အတွက်...
သင့်ကို အရမ်းချစ်တဲ့သူကတော့
သင့်အပေါ် အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်မှုလေး
တွေပေးနေတတ်မှာပါ
သင့်ကို အရမ်းချစ်တဲ့သူကတော့
သင်နဲ့ ဝေးနေရတဲ့ခဏလေးမှာတောင် စိုးရိမ်စိတ်
တွေနဲ့ သင့်ကို လွမ်းနေပေးမှာပါ
သင့်ကို အရမ်းချစ်တဲ့သူကတော့
သင့်အနား နားလည်မှုလေးတွေနဲ့ ခွင့်လွှတ်ပေးနိုင်
အောင် ကြိုးစားနေပေးတတ်တာပါ
သင့်ကို အရမ်းချစ်တဲ့သူကတော့
သင့်ရဲ့ အားနည်းချက်လေးတွေ လျှစ်လျူရှု့ပေး
နေရင်း သင့်အတွက် သစ္စာရှိတဲ့ချစ်ခြင်းတွေကိုသာ
ပေးအပ်နေတတ်တာပါ
သင့်ဘက်က သူ့အပေါ် သစ္စာရှိတဲ့ချစ်ခြင်းတွေနဲ့
သူ့ ခံစားချက်လေးတွေကို နားလည်ပေးရင်း
တန်ဖိုးထားနေပေးတတ်မယ်ဆိုရင် သင်က
အပျော်ရွှင်ရဆုံးသူတစ်ယောက်အဖြစ် ခံစားနေရမှာပါ
သင့်အပေါ် အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်မှုလေး
တွေပေးနေတတ်မှာပါ
သင့်ကို အရမ်းချစ်တဲ့သူကတော့
သင်နဲ့ ဝေးနေရတဲ့ခဏလေးမှာတောင် စိုးရိမ်စိတ်
တွေနဲ့ သင့်ကို လွမ်းနေပေးမှာပါ
သင့်ကို အရမ်းချစ်တဲ့သူကတော့
သင့်အနား နားလည်မှုလေးတွေနဲ့ ခွင့်လွှတ်ပေးနိုင်
အောင် ကြိုးစားနေပေးတတ်တာပါ
သင့်ကို အရမ်းချစ်တဲ့သူကတော့
သင့်ရဲ့ အားနည်းချက်လေးတွေ လျှစ်လျူရှု့ပေး
နေရင်း သင့်အတွက် သစ္စာရှိတဲ့ချစ်ခြင်းတွေကိုသာ
ပေးအပ်နေတတ်တာပါ
သင့်ဘက်က သူ့အပေါ် သစ္စာရှိတဲ့ချစ်ခြင်းတွေနဲ့
သူ့ ခံစားချက်လေးတွေကို နားလည်ပေးရင်း
တန်ဖိုးထားနေပေးတတ်မယ်ဆိုရင် သင်က
အပျော်ရွှင်ရဆုံးသူတစ်ယောက်အဖြစ် ခံစားနေရမှာပါ
Monday, February 10, 2014
Friday, February 7, 2014
တကယ်ချစ်တဲ့သူတွေဆိုတာ......
ကိုယ့်ချစ်သူအတွက်အချိန်တိုင်းရိုးသားနေချင်တတ်ကြတယ်...
ဘယ်လောက်ဝေးဝေး သစ္စာဆိုတာသူတို့တွေအတွက်ခိုင်မာနေ
တတ်ကြတယ်...
ကိုယ့်ချစ်သူရဲ့လိုအပ်ချက်မှန်သမျှကိုအမြဲတမ်းဖြည့်ဆည်းပေး
ချင်တဲ့ လူတစ်ယောက်ပဲဖြစ်ချင်နေတတ်တယ်...
တစ်ယောက်နဲ့တစ်ယောက်အနိုင်ရူံးတွေဆိုတာမသတ်မှတ်တတ်
ကြတော့ဘူး ထပ်တူဖြစ်အောင်အမြဲကြိုးစားနေတတ်ပါတယ်...
တစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုးစိတ်ကောက်ကြရင်တော့
ပြန်ချော့ရလွယ်တတ်တယ် ဘာဖြစ်လို့လဲဆိုတော့တစ်ယောက်
နဲ့တစ်ယောက်ဟာ အချိန်တွေအကြာကြီးခွဲနေလို့မရလို့ပဲ...
ကိုယ့်ချစ်သူကိုဆုံးရူံးရမှာကြောက်တဲ့စိတ်လေးတွေနဲ့ ပိုင်ဆိုင်ဖို့
အတွက်အမြဲကြိုးစားနေတတ်ကြတယ်...
တကယ်ချစ်ကြတဲ့ချစ်သူတွေဟာ ဘယ်လိုမျိုးသောအကြောင်း
ကိစ္စနဲ့မှခွဲခွါကွဲကွာလို့မရတဲ့သံယောဇဉ်တွေနဲ့ချည်နှောင်ထားတတ်
ကြတယ်...
ဘယ်လောက်ဝေးဝေး သစ္စာဆိုတာသူတို့တွေအတွက်ခို
တတ်ကြတယ်...
ကိုယ့်ချစ်သူရဲ့လိုအပ်ချက်မ
ချင်တဲ့ လူတစ်ယောက်ပဲဖြစ်ချင်နေတတ်တ
တစ်ယောက်နဲ့တစ်ယောက်အနိုင်ရ
ကြတော့ဘူး ထပ်တူဖြစ်အောင်အမြဲကြိုးစား
တစ်ယောက်နဲ့တစ်ယောက်စိတ်ဆို
ပြန်ချော့ရလွယ်တတ်တယ် ဘာဖြစ်လို့လဲဆိုတော့တစ်ယောက
နဲ့တစ်ယောက်ဟာ အချိန်တွေအကြာကြီးခွဲနေလို့
ကိုယ့်ချစ်သူကိုဆုံးရူံးရမှ
အတွက်အမြဲကြိုးစားနေတတ်ကြတယ
တကယ်ချစ်ကြတဲ့ချစ်သူတွေဟာ ဘယ်လိုမျိုးသောအကြောင်း
ကိစ္စနဲ့မှခွဲခွါကွဲကွာလို့မ
ကြတယ်...
မှတ်သားစရာများ......
- ဒေါသနဲ့ ဝေးဝေးနေပါ .. သင့်ရဲ့ ဒေါသက သင့်ကိုပဲ နာကျင်စေပါလိမ့်မယ်...။
- သင်မှန်နေတယ်ဆိုရင် ဘာလို့စိတ်ဆိုးနေစရာလိုမလဲ..။ တကယ်လို့ သင်မှားနေတယ်ဆိုရင်တော့ သင်မှာ ဘာမှစိတ်ဆိုးပိုင်ခွင့်မှ မရှိပါဘူး...။
- မိသားဝင်တွေကို သည်းခံခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖော်ညွန်းတယ်။ တခြားသူတွေကို သည်းခံခြင်းဟာ လေးစားမှုကို ဖော်ညွန်းတယ်။ ကိုယ့်ကိုယ်ကိုသည်းခံခြင်းဟာ ပိုင်နိုင်စိတ်ချမှု မိမိကိုယ်ကို ယုံကြည်မှုတို့ကို ဖော်ညွန်းတယ်။ ကံကြမ္မာအပေါ်သည်းခံခြင်းဟာ ယုံကြည်သက်ဝင်မှုကို ဖော်ညွန်းပါတယ်...။
- အတိတ်အကြောင်းကို သိပ်မတွေးပါနဲ့ မျက်ရည်တွေပဲ ကျလာမယ်။ အနာဂတ်အကြောင်းကို သိပ်မတွေးပါနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေပဲ ရလာမယ်။ ပစ္စုပ္ပန်တည့်တည့်မှာ အပြုံးလေးနဲ့ နေထိုင်ပါ . ကောင်းချီးသြဘာတွေ ဆိုက်ရောက်လာပါလိမ့်မယ်...။
- ဘဝရဲ့ စမ်းသပ်ချက်တိုင်းက ကျွန်တော်တို့ကို ပိုကောင်းစေသလို ပိုပြီးတော့လည်း ခါးသီးသွားစေနိုင်ပါတယ် ... ကြုံတွေနေရတဲ့ ပြဿနာတိုင်းဟာ ကျွန်တော်တို့ကို တည်ဆောက်နိုင်စေသလို ချိုးဖျက်နိုင်စေပါတယ်။ သားကောင်ဖြစ်မလား မုဆိုးဖြစ်မလားဆိုတာကတော့ သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေပါတယ်..။
- လှပတဲ့အရာတိုင်းဟာ အမြဲတမ်းမကောင်းမွန်နိုင်ပါဘူး.။ ဒါပေမဲ့ ကောင်းမွန်တဲ့ အရာတိုင်းကတော့ အမြဲတမ်းလှပနေပါတယ်..။
- လက်ချောင်းလေးတွေကြားမှာ ဘာလို့ ဟ နေတာလဲသိလား ။ အဲဒီ ဟ နေတဲ့ နေရာလေးတွေဟာ သင့်အတွက် အရေးပါဆုံးသူက သင့်လက်ကို ထာဝရဆွဲကိုင်ပြီးဖြည့်ဆည်းပေးမယ့် နေရာလေးတွေဖြစ်ပါတယ်..။
- ပျော်ရွှင်မှုဟာ သင့်ကိုချစ်စဖွယ်ဖြစ်စေတယ်..။ ဒါကြောင့်အမြဲပျော်ရွှင်နေရအောင် တက်နိုင်သမျှ ကြိုးစားသင့်တယ်...။
- အရာအားလုံးမှာ သက်ဆိုင်ရာတွဲဖက်မှုတွေရှိကြတယ်..။ တစ်နေရာရာမှာ တစ်စုံတစ်ယောက်က သင့်အတွက် ရှိနေလိမ့်မယ် ဒါကြောင့် နေရာမှန်ဖြစ်မယ့် အချိန်ကို စောင့်နေလိုက်ပါ...။ အားလုံးကိုလေးစားလျှက်..........................
Monday, January 27, 2014
ဘဝအတွက်အကြံပြုချက်များ....
သင့်အနေနဲ့ ယုံချင်မှလည်းယုံမယ်..
ယုံရင်လည်း ယုံရလိမ့်မယ်...။ဒါပေမဲ့ ဒီအကြံပြုချက်လေးတွေကတော့ တကယ်ပဲ ကောင်းမွန်သင့်တော်ပါတယ်။ အဆုံးထိဖက်ကြည့်လိုက်မယ်ဆိုရင် သင့်အတွက် တစ်ခုခုကျန်ပါလိမ့်မယ်။
ယုံရင်လည်း ယုံရလိမ့်မယ်...။ဒါပေမဲ့ ဒီအကြံပြုချက်လေးတွေကတော့ တကယ်ပဲ ကောင်းမွန်သင့်တော်ပါတယ်။ အဆုံးထိဖက်ကြည့်လိုက်မယ်ဆိုရင် သင့်အတွက် တစ်ခုခုကျန်ပါလိမ့်မယ်။
- လူတွေကို သူတို့မျှော်လင့်ထားတာထက်ပိုပေးပါ ဝမ်းမြှောက်ဝမ်းသာနဲ့ ရက်ရက်ရောရောပေးပါ။
- သင်နဲ့စကားပြောရတာအဆင်ပြေတဲ့ လူမျိုးကို လက်ထပ်ယူပါ။ အသက်ကြီးလာတာနဲ့အမျှ စကားပြောဆိုဖို့အဆင်ပြေခြင်းဟာ တခြားအရာတွေထက် ပိုအရေးပါလာပါလိမ့်မယ်။
- ကြားသမျှကို အကုန်မယုံပါနဲ့ .. ရှိသမျှအကုန်မသုံးပါနဲ့... အိပ်ချင်သလောက် အကုန်မအိပ်ပါနဲ့...။
- ချစ်တယ်..... ဆိုတဲ့စကားကို နားလည်ခံစားပြီးမှ ပြောပါ..။
- တောင်းပန်ပါတယ် ... ဆိုတဲ့စကားကို ဆိုတဲ့အခါ မျက်လုံးချင်းဆုံပြီးတော့ ပြောပါ။
- လက်မထပ်ခင် အနည်းဆုံး ခြောက်လလောက် အချိန်ယူလေ့လာပါ..။
- အမှားလုပ်မိပြီဆိုတာ သိလိုက်တာနဲ့ ချက်ခြင်းပြန်ပြင်ပါ။
- တခြားသူရဲ့ အိပ်မက်တွေကို ဘယ်တော့မှ ပျက်ရယ်မပြုမိပါစေနဲ့..စိတ်ကူးအိပ်မက်မရှိသူများက သိပ်များများစားစားမရှိပါဘူး..။
- နက်နက်ရှိုင်းရှိုင်း နှစ်နှစ်ကာကာချစ်ပါ... ဒီလိုချစ်လို့ သင် နာကျင်ခံစားရကောင်း ခံစားရပါလိမ့်မယ်.. ဒါပေမဲ့ ဘဝကိုပြည့်ပြည့်စုံစုံဖြတ်သန်းဖို့ တစ်ခုတည်းသောနည်းလမ်းက ချစ်ခြင်းမေတ္တာပဲရှိပါတယ်..။
- အငြင်းပွားစရာရှိတဲ့အခါ မျှမျှတတဆွေးနွေးငြင်းခုန်ပါ.. နာမည်တွေခေါ်ပြီးပြောဆိုတဲ့ အခြေနေမျိုးမရောက်ပါစေနဲ့...။
- ဆွေမျိုးအသိုင်းအဝိုင်းတွေကိုကြည့်ပြီး လူတွေကိုမဆုံးဖြတ်ပါနဲ့...။
- မြန်မြန်စဉ်းစားပြီး ဖြေးဖြေးချင်းပြောပါ..။
- သင်မဖြေချင်တဲ့ မေးခွန်းမျိုးကို တစ်ယောက်ယောက်က မေးလာခဲ့ရင် " ဘာကြောင့် ဒါကိုသိချင်ရတာလဲ " လို့ပြုံးပြီးပြန်မေးလိုက်ပါ..။
- ကြီးမားတဲ့ချစ်ခြင်းနဲ့ ကြီးမြတ်တဲ့အောင်မြင်မူတွေမှာ ကြီးမားတဲ့ စွန့်လွှတ်စွန့်စားမှုတွေ ပါဝင်နေတယ်ဆိုတာ သတိရပါ...။
- တစ်ခုခုကို လက်လွှတ်ဆုံးရှုံးရတဲ့အခါ သင်ခန်းစာယူဖို့ လက်မလွှတ်ပါစေနဲ့...။
- ကိုယ့်ကိုယ်ကို လေးစားပါ...တခြားသူတွေ့ကို လေးစားပါ.... ကိုယ်လုပ်ခဲ့သမျှ ကိုယ့်တာဝန် ကိုယ်ယူတတ်ပါစေ..။
- ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေကြောင့် အထိအခိုက်မခံပါနဲ့..။
- ဖုန်းကိုင်လိုက်တာနဲ့ ပြုံးလိုက်ပါ.. သင့်အပြုံးကို တစ်ဖက်လူက ကြားပါလိမ့်မယ်..။
- တစ်ခါတစ်လေ တစ်ယောက်ထဲနေပါ..။ အားလုံးကို လေးစားလျှက်ပါ..။
Sunday, January 26, 2014
ဆေးဖက်ဝင် မီးကွင်းဂမုန်း
ဝမ်းကိုက်ပျောက်စေရန်..
မီးကွင်းဂမုန်းကို သုတ်စားခြင်းဖြင့် ဝမ်းကိုက်ပျောက်စေသည်။ သုတ်နည်းမှာ အရွက်မျာကို သုတ်စားသည့်အတိုင်း ၊ ဥပမာ မန်ကျည်းရွက် သုတ်စားသလိုသုတ်စားပါ။ အမှန်တကယ်သက်သာပါလိမ့်မည်။
======
ဓါးရှ ၊ သံမှိုစူးသွားသလား
ဓါးရှသည်ဖြစ်စေ သံမှိုစူးသွားသည်ဖြစ်စေ ချက်ခြင်းဆိုသလိုပဲ မီးကွင်းဂမုန်း(တစ်ရွက်လောက်)ကို ခူး၍ရေဆေးပါ။ ရေဆေးပြီးနောက် ပါးစပ်ထဲထည့်၍ ဝါးပါ။ ရလာသော အရည်နှင့် ညက်နေသော မီးကွင်းဂမုန်းကိုယူ၍ ဒဏ်ရာပေါ် အုံးထားပေးပါ။သွေးတိတ်သွားမည်။ သံမှိုစူးပါက အထပ်ပါနည်းအတိုင်းပြုလုပ်ပေးပါ။ ကိုက်ခဲမှုသက်သာစေသည်။ အနာရင်းမှုကိုလည်း ကာကွယ်ပေးသည်။ ဤနည်းလမ်းများသည် ကိုယ်တိုင်စမ်းသပ်ခဲ့ သုံးစွဲခဲ့ဖူးသော နည်းလမ်းများဖြစ်သောကြောင့် ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါသည်။
မီးကွင်းဂမုန်းကို သုတ်စားခြင်းဖြင့် ဝမ်းကိုက်ပျောက်စေသည်။ သုတ်နည်းမှာ အရွက်မျာကို သုတ်စားသည့်အတိုင်း ၊ ဥပမာ မန်ကျည်းရွက် သုတ်စားသလိုသုတ်စားပါ။ အမှန်တကယ်သက်သာပါလိမ့်မည်။
======
ဓါးရှ ၊ သံမှိုစူးသွားသလား
ဓါးရှသည်ဖြစ်စေ သံမှိုစူးသွားသည်ဖြစ်စေ ချက်ခြင်းဆိုသလိုပဲ မီးကွင်းဂမုန်း(တစ်ရွက်လောက်)ကို ခူး၍ရေဆေးပါ။ ရေဆေးပြီးနောက် ပါးစပ်ထဲထည့်၍ ဝါးပါ။ ရလာသော အရည်နှင့် ညက်နေသော မီးကွင်းဂမုန်းကိုယူ၍ ဒဏ်ရာပေါ် အုံးထားပေးပါ။သွေးတိတ်သွားမည်။ သံမှိုစူးပါက အထပ်ပါနည်းအတိုင်းပြုလုပ်ပေးပါ။ ကိုက်ခဲမှုသက်သာစေသည်။ အနာရင်းမှုကိုလည်း ကာကွယ်ပေးသည်။ ဤနည်းလမ်းများသည် ကိုယ်တိုင်စမ်းသပ်ခဲ့ သုံးစွဲခဲ့ဖူးသော နည်းလမ်းများဖြစ်သောကြောင့် ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါသည်။
Subscribe to:
Posts (Atom)