တိပ်တဆိပ်ထွက်သွားပါ ချစ်သူ...
ငါ့အသည်းနှလုံးကိုတော့ အသိပေးလုပ်ဆွမထားခဲ့ပါနဲ့..။
မခံစားနိုင်တဲ့ ငါ့အဖြစ်တွေကို
မငိးကို မမြငိစေချင်ဘူး ချစ်သူ......။
ငါမင်း ကို အဖြူရောင်သက်သက်နဲ့
ချစ်ခဲ့တာပါ.................။
ငါ မင်းအတွက် ပေးဆက်သူသက်သက်
ချစ်ခြင်းများစွာနဲ့ ချစ်ခဲ့တဲ့သူ တစ်ယောက်ပါ..... ချစ်သူ..။
ငါ့ဘဝရဲ့ အချစ်သစ်တဖန်မွှေးဖွါးဖို့ဆိုတာ
နောက်ဘဝတွေကိုတော့ ငါ မပြောတက်ဘူး
လက်ရှိဘဝမှာတော့ အသေချာပါပဲ
မင်းတစ်ယောက်တည်းပဲ ချစ်သွားမှာပါ... ချစ်သူ.....။
လောကဒဏ်ရဲက ပဉ္စလက်ဆန်တဲ့
လှည့်ကွက်တွေကို ငါ မသိသလို သိသလိုနဲ့
ခံလိုက်ရတယ်...............။
ဒါဟာ ....
အဆန်းတော့ မဟုတ်ဘူးဆိုခဲ့ရင်တောင်မှ
ငါ့အတွက်တော့ ခက်ကြမ်းကြမ်းလေး
ခံလိုက်ရတယ် ချစ်သူ.............။
မင်းတော့မသိရှာပါဘူး.....။
ပြုံးမလိုနဲ့ မဲ့သွားတဲ့ ငါ့မျက်နှာမှာ
ငါနဲ့အတူတူရှိနေတဲ့ တိမ်ညိုတွေလိုပဲ
မျက်ရည်တောင် စို့ခဲ့ရတယ် ချစ်သူ..............
မင်းအတွက်ကျခဲ့တဲ့ ငါ့ရဲ့ မျက်ရည်စက်တွေကို
ငါ့လက်နဲ့ မသုတ်ဘူး ချစ်သူ.............။
ကျပါစေ မြေသို့ထိသာ.............. ။
ငါဟာ ကျဆုံးတဲ့ သူတစ်ယောက်ဆိုတာ
ငါ့ရဲ့မျက်ရည်စပ်တွေနဲ့ ဒီကမ္ဘာမြေကြီးကို
သက်သေပြုလိုက်တာပါ........ ။
ငါဟာ ကျဆုံးတဲ့သူတစ်ယောက်ဆိုတာ
သူသိသွားပြီလေ....။
ဒါပေမဲ့..............ဒီလောကကြီးမှာ ဘယ်အရာမှ
တည်မြဲခြင်း ၊ မပြောင်းလဲခြင်း မရှိပါဘူး ချစ်သူ....
အရာရာတိုင်းဟာ
မတည်မြဲခြင်း ၊ ပြောင်းလဲခြင်းဆိုတဲ့
သဘာဝတရားအောက်မှာ ဘယ်အရာမှလွန်ဆန်နိုင်မရှိဘူးဆိုတာ
လူတိုင်း ယုံကြည်ကြတယ် ၊ လူတိုင်းယူဆကြတယ်....................။
အဲဒီလူတိုင်းရဲ့ ယုံကြည်ချက်တွေ ၊ ယူဆချက်တွေအပေါ်
ဆန့်ကျင်စွာနဲ့ပဲ ငါမင်းအပေါ်မှာ
ထားရှိတဲ့ ချစ်ခြင်းတရားတွေဟာ
ပြောင်းလဲခြင်းမရှိဘဲ ထာဝရတည်ရှိနေမယ်ဆိုတာ
မင်းယုံကြည်လိုက်ပါ ချစ်သူ......................................။
ကောင်လေးငယ်..
အားလုံးကိုကျေးဇူးတင်လျှက်ပါ...
No comments:
Post a Comment