ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။

Tuesday, February 5, 2013

နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓ၀င်များအကြောင်း

နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်များနှင့် ထိုဘုရားရှင်တို့ ပွင့်တော်မူရာ ဗော
ဓိပင်များကိုလည်းကောင်း၊ ဂေါတမဘုရားအလောင်းတော်သည် တဏှင်္ကရာ၊ မေဓင်္ကရာ၊ သရဏင်္ကရာဘုရားများထံမှ အနိယတဗျာ ဒိတ်တော် ခံယူခဲ့ပုံများနှင့် ဒီပင်္ကရာမြတ်စွာဘုရားမှ အစပြု၍ ကဿ ပမြတ်စွာဘုရားတိုင်အောင် နိယတဗျာဒိတ်တော် ခံယူပုံများကို ဖော်ပြပေး ထားပါသည်။

၁။ တဏှင်္ကရာမြတ်စွာဘုရား ပွင့်ရာ ဗောဓိ-စရည်းပင်

သာရမဏ္ဍကမ္ဘာဝယ် ပုပ္ပ၀တီပြည်၌ ခမည်းတော် နန္ဒ၊ မယ်တော် သုနန္ဒလတို့မှ ဖွားမြင်တော်မူပြီး၊ ဆင်ယာဉ်နှင့် တောထွက်တော်မူကာ (၇)ရက်ကြာ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် စရည်းဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူလေသည်။

၂။ မေဓင်္ကရာ မြတ်စွာဘုရား ပွင့်ရာ ဗောဓိ-သခွတ်ပင်

သာရမဏ္ဍကမ္ဘာဝယ် ၀ိပူလပြည်၌ ခမည်းတော် သုမင်္ဂလ၊ မယ်တော် ယသ၀တီတို့မှ ဖွားမြင်တော်မူပြီး၊ မြင်းယာဉ်နှင့် တောထွက်တော်မူကာ၊ လခွဲကြာ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် သခွတ်ဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူလေသည်။

၃။ သရဏင်္ကရာ မြတ်စွာဘုရားပွင့်ရာ ဗောဓိ-ပေါက်ပင်

သာရမဏ္ဍကမ္ဘာဝယ် မေဃလပြည်၌ ခမည်းတော် သုဒေ၀၊ မယ်တော် ယသောဓရာတို့မှ ဖွားမြင်တော်မူပြီး၊ ဆင်ယာဉ်နှင့် တောထွက်တော်မူကာ (၁၅)ရက်ကြာ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ပေါက်ဗောဓိပင်ရင်း၌ ဘုရား ဖြစ်တော်မူလေသည်။

၎။ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်ရာ ဗောဓိ-ညောင်ကြတ်ပင်

အလောင်းတော် သုမေဓာရှင်ရသေ့သည် မြတ်စွာဘုရား ကြွရာလမ်းပြုပြင် ရာဝယ် ကိုယ်ကို တံတားခင်း၍လှူဒါန်း၏။ ဒီပင်္ကရာ မြတ်စွာဘုရားသည် သုမေဓာရှင်ရသေ့ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၅။ ကောဏ္ဍညမြတ်စွာဘုရားပွင့်ရာ ဗောဓိ-နပဲပင်

အလောင်းတော် ၀ိဇီတာဝီစကြာမင်းသည် ကောဏ္ဍည မြတ်စွာဘုရား သီတင်းသုံးရန် ကျောင်းတော်ကို စီမံ၍ ဆွမ်းအစရှိသော အလှူကြီးပေး ၏။ ကောဏ္ဍညမြတ်စွာဘုရားသည် အလောင်းတော် ၀ိဇိတာဝီစကြာမင်း ကို နောင်သောအခါ၌ ဂေါတမဘုရား ဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၆။ မင်္ဂလမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကံ့ကော်ပင်

အလောင်းတော် သုရုစိပုဏ္ဏားသည် ရတနာအတိပြီးသော မဏ္ဍပ်ကြီးေ ဆာက်လုပ်၍ မင်္ဂလမြတ်စွာဘုရား အမှူးရှိသော သာဝကများကို (၇)ရက် ပတ်လုံး အလှူကြီးပေး၏။ မင်္ဂလမြတ်စွာဘုရားသည် အလောင်းတော် သုရုစိပုဏ္ဏားကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ေ
ပးေ တ်ာမူသည်။

၇။ သုမနမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကံ့ကော်ပင်

အလောင်းတော် အတုလနဂါးမင်းကြီးသည် သုမန မြတ်စွာဘုရားကို နတ်၌ဖြစ်သော တူရိယာများဖြင့် ပူဇော်၍ ဆွမ်း အဖျော်တို့ကို လှူတော်
မူ၏။ သုမန မြတ်စွာဘုရားသည် အလောင်းတော် အတုလနဂါး မင်းကြီး ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၈။ ရေ၀တမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကံ့ကော်ပင်

အလောင်းတော် အတိဒေ၀ပုဏ္ဏားသည် ရေ၀တ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်များကို ဂါထာတစ်ထောင်ဖြင့် ချီးကျူးပူဇော်ပြီး အဖိုး တစ်ထောင်ထိုက်သော အပေါ်ဝတ်ရုံကို လှူဒါန်း၏။ ရေ၀တ မြတ်စွာ ဘုရားသည် အတိဒေ၀ပုဏ္ဏားကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ် မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၉။ သောဘိတမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကံ့ကော်ပင်

အလောင်းတော်သုဇာတပုဏ္ဏားသည် သောဘိတမြတ်စွာဘုရားအမှူး
ရှိသော ရဟန်းသံဃာတော်များကို ၀ါတွင်းသုံးလပတ်လုံး ကြီးစွာသော အလှူကြီးပေး၏။ သောဘိတမြတ်စွာဘုရားသည် သုဇာတပုဏ္ဏား ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၀။ အနောမဒဿီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ထောက်ကြံ့ပင်

အလောင်းတော်ဘီလူးစစ်သူကြီးသည် အနောမဒဿီမြတ်စွာဘုရား အမှူးရှိသော သံဃာတော်များကို ရတနာခုနှစ်ပါးအတိပြီးသော မဏ္ဍပ် အတွင်း၌ (၇)ရက်ပတ်လုံး ဆွမ်းစသော အလှူကြီးပေး၏။ အနောမ ဒဿီမြတ်စွာဘုရားသည် အလောင်းတော်ဘီလူးစစ်သူကြီးကို နောင်သော အခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၁။ ပဒုမမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကြောင်လျှာပင်

အလောင်းတော် ခြင်္သေ့မင်းသည် (၇)ရက်ပတ်လုံး နိရောဓသမာပတ် ၀င်စားတော်မူသော ပဒုမမြတ်စွာဘုရားကို အလွန်ကြည်ညိုပြီး ဆည်း ကပ်နေ၏။ ရဟန်းသံဃာများကိုလည်း ကြည်ညိုဆည်းကပ်၏။ ပဒုမမြတ်စွာဘုရားသည် အလောင်းတော်ခြင်္သေ့မင်းကို နောင်သော အခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၂။ နရဒမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကြောင်လျှာပင်

အလောင်းတော်ရသေ့သည် နာရဒမြတ်စွာဘုရားအမှူးပြုသော သံဃာတော်များကို ဆွမ်းအလှူကြီးပေး၏။ ဟိမ၀န္တာမှ စန္ဒကူးနံ့ သာနီကိုဆောင်ယူကာ လှူဒါန်း၏။ နာရဒမြတ်စွာဘုရားသည် အလောင်းတော်ရသေ့ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၃။ ပဒုမုတ္တရမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ထင်းရှူးပင်

အလောင်းတော် ဇဋိလသူဌေးကြီးသည် ပဒုမုတ္တရမြတ်စွာဘုရား အမှူးပြုသော သံဃာတော်များကို ဆွမ်းခဲဖွယ်ဘောဇဉ်နှင့် သင်္ကန်းလျှာ အ၀တ်အထည်ကြီးများ ပေးလှူ၏။ ပဒုမုတ္တရမြတ်စွာဘုရားသည် အလောင်းတော်ဇဋိလသူဌေးကြီးကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်
မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၄။ သုမေဓမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကမာကြီးပင်

အလောင်းတော် ဥတ္တရမည်သောလုလင်သည် မိမိစုဆောင်းထားသော ပစ္စည်းတို့ကို သုမေဓမြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကို လှူဒါန်းပြီး သာသနာတော်၌ ရဟန်းပြု၏။ သုမေဓမြတ်စွာဘုရားသည် အလောင်းတော် ဥတ္တရလုလင်ကို နောင်သော အခါ၌ ဂေါတမဘုရားဖြစ် မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၅။ သုဇာတမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကြခတ်ဝါးပင်

အလောင်းတော် စကြာမင်းသည် သုဇာတမြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကို ရတနာခုနှစ်ပါးနှင့် ထီးနန်းစည်းစိမ်တို့ကို လှူဒါန်း၍ ရဟန်းပြု၏။ သုဇာတမြတ်စွာဘုရားသည် အလောင်းတော်စကြာမင်း ရဟန်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော် မူသည်။

၁၆။ ပီယဒဿီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ရေခံတက်ပင်

အလောင်းတော် ကဿပပုဏ္ဏားလုလင်သည် အလွန်ကောင်းမြတ်သော သံဃာ့အာရာမ်ကြီး ဆောက်လုပ်လှူဒါန်း၏။ ရတနာသုံးပါးနှင့်တကွ ငါးပါးသီလ ဆောက်တည်ကျင့်သုံး၏။ ပီယဒဿီမြတ်စွာဘုရားသည် အလောင်းတော် ကဿပလုလင်ကို နောင်သော အခါ၌ ဂေါတမ ဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၇။ အတ္ထဒဿီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-စကားပင်

အလောင်းတော်သုသီမပုဏ္ဏားသည် မိမိဥစ္စာတို့ကို ဆင်းရဲနွမ်းပါးသူတို့အား လှူဒါန်း၍ ရသေ့ပြုလေ၏။ သုသီမရှင်ရသေ့သည် အတ္ထဒဿီမြတ်စွာ ဘုရားကို နတ်၌ဖြစ်သော ပဒုမာကြာပန်း၊ ပင်လယ်ကသစ်ပန်းတို့ကို လှူဒါန်း၏။ အတ္ထဒဿီမြတ်စွာဘုရားသည် သုသီမရှင်ရသေ့ကို နောင်သော အခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၈။ ဓမ္မဒဿီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-သံသတ်ပင်

အလောင်းတော်သိကြားမင်းသည် နတ်အပေါင်းခြံရံလျက် နတ်၌ဖြစ်သော နံ့သာပန်း၊ တူရိယာမျိုးတို့ဖြင့် ဓမ္မဒဿီမြတ်စွာဘုရားကို ပူဇေဓာ်၏။ ဓမ္မဒဿီမြတ်စွာဘုရားသည် အလောင်းတော် သိကြားမင်းကို နောင်သော အခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၁၉။ သိဒ္ဓတ္ထမြတ်စွာဘုရားပွင့်ရာ ဗောဓိ-မဟာလှေကားပင်

အလောင်းတော် မင်္ဂလပုဏ္ဏားသည် မိမိပိုင်ဥစ္စာတို့ကို သူဆင်းရဲတို့အား စွန့်ကြဲပြီး၊ ရသေ့ပြု၍ဈာန်အဘိညာဉ်ရ၏။ သိဒ္ဓတ္ထမြတ်စွာဘုရားအမှူးပြုေ သာ သံဃာတော်များကို ဈာန်အဘိညာဉ်တန်ခိုးဖြင့် ဗဇမ္ဗုသပြေသီး ယူဆောင်လှူဒါန်း၏။ သိဒ္ဓတ္ထမြတ်စွာဘုရားသည် မင်္ဂလရသေ့ကိုေ နာင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၀။ တိဿမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ပိတောက်ပင်

အလောင်းတော်သုဇာတမင်းသည် ထီးနန်းစည်းစိမ်ကိုစွန့်၍ ရသေ့ပြု၏။ နတ်၌ဖြစ်သောပန်းတို့ကို တန်ခိုးဖြင့်ယူဆောင်ပြီး မြတ်စွာ ဘုရားကို ပူဓေဇာ်၏။ ပဒုမ္မာထီးတစ်လက်ဖြင့် မြတ်စွာဘုရားဦးခေါင်းတော် ၌ ဆောင်းမိုးပူဇော်၏။ တိဿမြတ်စွာဘုရားသည် သုဇာတရသေ့ ကို နောင်သောအခါ၌ ဂေါတမဘုရား ဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၁။ ဖုဿမြတ်စွာဘုရားပွင့်ရာ ဗောဓိ-သျှိသျှားပင်

အလောင်းတော် ၀ိဇိတာဝီမင်းကြီးသည် ကြီးစွာသောအလှူကြီး လှူဒါန်းကာ ထီးနန်းစည်းစိမ်စွန့်လျက် ရဟန်းပြု၏။ ဖုဿမြတ်စွာဘုရားသည် ၀ိဇိတာဝီရဟန်းတော်ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၂။ ၀ိပဿီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-သခွတ်ပင်

အလောင်းတော် အတုလနဂါးမင်းသည် ရတနာမဏ္ဍပ်တော်ကြီးေ ဆာက်လုပ်၍ ၀ိပဿီမြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကို သီတင်းသုံးစေပြီး (၇)ရက်ပတ်လုံး အလှူကြီးပေး၏။ ရတနာခုနှစ်ပါးဖြင့် စီခြယ်သော ရွှေဓအင်ပျဉ်ကိုလှူ၏။ ၀ိပဿီမြတ်စွာဘုရားသည် အလောင်းတော် အတုလနဂါးမင်းကို နောင်သော အခါ၌ ဂေါတမ ဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၃။ သိခီမြတ်စွာဘုရားပွင့်ရာ ဗောဓိ-သရက်ဖြူပင်

အလောင်းတော် အရိန္ဒမမင်းသည် သိခီမြတ်စွာဘုရား အမှူးပြုသော သံဃာတော်မြတ်များကို တန်ဆာဆင်အပ်သော မင်္ဂလာဆင်တော်နှင့် တကွ တန်ဖိုးညီမျှသော အပ္ပိယ၀တ္ထုပစ္စည်းတို့ကို လှူ၏။ သိခီမြတ်စွာဘုရားသည် အလောင်းတော် အရိန္ဒမမင်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၄။ ဝေဿဘူမြတ်စွာဘုရားပွင့်ရာ ဗောဓိ-အင်ကြင်းပင်

အလောင်းတော် သုဒဿနမင်းသည် ဝေဿဘူမြတ်စွာဘုရား သီတင်းသုံးရန် ဂန္ဓကုဋီကျောင်းတော်ကြီးနှင့် ရဟန်းသံဃာတော်များ သီတင်းသုံးရန် ကျောင်းပေါင်းတစ်ထောင် ၀န်းရံဆောက်လုပ်လှူဒါန်း၍ ရဟန်းပြု၏။ ဝေဿဘူမြတ်စွာဘုရားသည် သုဒဿနရဟန်မြတ် ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၅။ ကကုသန္ဓမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ကုက္ကိုပင်

အလောင်းတော် ခေမမင်းသည် ကကုသန္ဓ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား သပိတ်သင်္ကန်းများနှင့် ဆေးဝါးတို့ကို လှူဒါန်း၍ ရဟန်းပြု၏။ ကကုသန္ဓမြတ်စွာဘုရားသည် ခေမမင်း ရဟန်းကို နောင်သော အခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၆။ ကောဏာဂမနမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ရေသဖန်းပင်

အလောင်းတော် ပဗ္ဗတမင်းသည် ၀ါတွင်းသုံးလပတ်လုံး ကောဏာ ဂနမမြတ်စွာဘုရားနှင့် တပည့်သံဃာတော်များကို ပြုစုလုပ်ကျွေးကာ ပိုးဖဲကမ္ဗလာစသော အဖိုးတန် အထည်များကို လှူ၏။ ကောဏာဂမ န မြတ်စွာဘုရားသည် အလောင်းတော် ပဗ္ဗတမင်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၇။ ကဿပမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ပညောင်ပင်

အလောင်းတော် ဇောတိပါလလုလင်သည် ကဿပမြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ ရဟန်းပြုလျက် ပရိယတ္တိသာသနာကို အလုံးစုံသင်ကြား၏။ ကဿပမြတ်စွာဘုရားသည် ဇောတိပါ လရဟန်း ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။

၂၈။ ဂေါတမမြတ်စွာဘုရားပွင့်ရာ ဗောဓိ-ညောင်ဗုဒ္ဓဟေပင်

အလောင်းတော် သိဒ္ဓိမင်းသားသည် ကပိလ၀တ်နေပြည်တော်၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၊ မယ်တော် သီရိမဟာမာယာဒေ၀ီ မိဖုရားကြီးတို့မှ ဖွားမြင်တော်မူပြီး ကဏ္ဍိကမြင်းယာဉ်တော်စီး ကာ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ၆နှစ်ကြာကျင့်တော်မူပြီး မဟာဗောဓိ ညောင်ဗုဒ္ဓဟေပင်ရင်း၌ ဘုရားဖြစ်တော်မူသည်။


(တောသူမလေး)
You'realways Onmymind တွင်ဖော်ပြသောအကြောင်းအရာကိ
ပြန်လည်တင်ပြခြင်းသာဖြစ်သည်

လိမ္မာယဉ်ကျေးပညာပေးသင်တန်းကျောင်း Facebook မှ ပြန်လည်ဖေါ်ပြထားပါသည်။

No comments:

Post a Comment