နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါတွေဖြစ်ပြီဆိုရင် လာတတ်တဲ့လက္ခဏာတွေဆိုပြီးရှိပါတယ်
။ အကြမ်းဖျဉ်းတွေး ကြည့်မယ်ဆိုရင် တောင် သွေးကြောဟာ ရေပိုက်လုံးတစ်ခုလို
မြင်ယောင်ကြည့်မယ်ဆိုရင် အဲဒီရေပိုက်လုံး နံရံတွေ ထူလာလေလေ
သွေးစီးဆင်းတဲ့အပေါက်က ကျဉ်းလာလေလေမဟုတ်ပါလား ။ ဒီလိုမျိုးသွေးကြောတွေ ကို
အဆီဖတ်အဆီခဲတွေ ဖုံးပြီးသွေးကြောကျဉ်းခြင်းကိုတော့ ဆေးပညာအရ Atherosclerosis လို့ခေါ်ပါတယ်
။ သွေးကြောအဆီဖုံးခြင်းဟာ နှလုံးသွေးလွှတ်ကြောရောဂါ (Coronary heart
disease ) တွေဖြစ်တဲ့ Angina (ရင်ဘတ်အောင့်ခြင်း) ၊ Myocardial Infarction
(နှလုံးပုပ်ခြင်း ) ၊ Sudden death ( ရုတ်တရက်သေဆုံးခြင်း ) စတဲ့ အရာတွေကို
ဖြစ်ပွားစေနိုင်ပါတယ် ။ နှလုံးသွေးကြော ကျဉ်းပြီး နှလုံး ထဲကို
အောက်ဆီဂျင် သိပ်မရောက်တော့ တဲ့ရောဂါကို Ischaemic heart disease (IHD)
နှလုံးသွေးကြော ကျဉ်းရောဂါလို့ ခေါ်ကြ ပါတယ် ။ နှလုံးသွေးကြောကျဉ်းခြင်းဟာ တဖြည်းဖြည်းဆိုးလာပြီးကျဉ်း
လာတဲ့အခါ နှလုံး ရဲ့အချို့သော ဧရိယာတွေ မှာ အောက်ဆီဂျင်ပြတ်လပ်သော
လက္ခဏာများဖြစ်ပေါ်လာပါတယ် ။ ယေဘူယျကြည့်မယ်ဆိုရင် ဧရိယာတစ်ခု ဟာ
သွေးကနေတဆင့် အောက်ဆီ၈ျင် ရောက်လာမှုနည်းသွားရင် အောက်ဆီဂျင်ပြတ်လပ်ခြင်း
Ischaemia ကို စတင်ခံစားရပါတယ် ။ အဲဒီထက်တဆင့်ဆိုးပြီး
အောက်ဆီဂျင်လုံးဝမရတော့ဘူးဆိုရင်တော့
ပုပ်သွားခြင်း (Infarction) ကို ခံစားရပါတယ် ။ ဒါကြောင့် IHD ဟာ
နှလုံးပုပ်ခြင်း ( Myocardial Infarction) ရဲ့ ရှေ့ပြေး
လို့ဆိုလည်းမမှားနိုင်ပါဘူး ။
ဘယ်လိုလက္ခဏာတွေနဲ့ လာနိုင်သလဲ ?
နှလုံးသွေးကြောကျဉ်းရှိပြီဆိုရင်
လူက အမောမခံနိုင်တော့ဘူး (အောက်ဆီဂျင် ရရှိမှုနည်းလာ တဲ့အတွက် ဖြစ်ပါတယ် ။
ရင်တွေတုန်လာမယ် တလှပ်လှပ်ခံစားရမယ် နောက်ဆုံးရင်ဘတ်အောင့်ခြင်း
(Chest Pain ) ကိုခံစားရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် chest pain ရှိတိုင်း
နှလုံးမှာဖြစ်တယ် သွေးကြောကျဉ်းတာပါလို့ အတိအ ကျပြောလို့မရပါဘူး ။ Chest
Pain ဟာ စိုးရိမ်ပူပန်သောကများခြင်း (Anxiety) ဒါမှမဟုတ် အဆုတ် ၊ ကြွက်သားနဲ့အ ရိုးဆိုင်ရာ သို့မဟုတ် အစာအိမ်နဲ့အူလမ်းကြောင်းမှာ ရောဂါတစ်ခုခုရှိခြင်း စတာတွေကြောင့် လည်းဖြစ်နိုင်ပါတယ် ။ နှလုံးသွေးကြောကျဉ်းပြီးအောက်ဆီဂျင်သိပ်မရောက်လို့ဖြစ်တဲ့ Chest Pain ရဲ့ပုံစံတွေကတော့
- Chest Pain ဟာ ရင်ဘတ်ရဲ့ အလယ်ခေါင်တည့်တည့်မှာဖြစ်ပါတယ် ။
- Ischaemic Chest Pain ဟာ အထူးသဖြင့် ပြင်းထန်လာတဲ့အခါမှာ လည်ပင်းနောက် မေးရိုး နဲ့ လက် အပေါ်နဲ့လက်အောက်ပိုင်းတွေကိုတောင်ပျံနှံ့ရောက်ရှိနိုင်ပါတယ်
။ အကယ်၍ ရင်ဘတ်အောင့်တာဟာ ဘယ် ဖက် အရှေ့ ပိုင်းမှာလည်းဖြစ်တယ်
ဘယ်ဖက်တစ်ခြမ်းကိုပဲ ပျံ့နှံ့သွားတယ်ဆိုရင်တော့ ဒါဟာ အခြားအ ချက်ပေါင်း
များစွာဖြစ်တဲ့ ကြွက်သားနဲ့အရိုးဆိုင်ရာ ပြဿနာများ (သို့မဟုတ်) anxiety
စသည်တို့ ကြောင့် လည်းဖြစ်နိုင်ပါတယ် ။
- နှလုံးအောင့်မယ်ဆိုရင် မစူးရှပဲ ထူပိန်းပိန်း (dull ) ဖြစ်နေပါတယ် ။ ဆွဲဆုပ်ထား သလိုအောင့် ပြီးလေးလံတဲ့အရာကြီးနဲ့ ဖိထားသလို ခံစားရပါတယ် ။ ဓါးနဲ့ထိုးသလို စူးရှပြီးအောင့်တာမျိုးမဟုတ်ပါဘူး ။
- Anginal pain ဟာ လှုပ်ရှားမှုပြုလုပ်နေစဉ်မှာ ဖြစ်ပေါ်လေ့ရှိပြီး နားလိုက်တဲ့အခါငါးမိနစ်လောက်အတွင်း
ပြန်သက် သာ သွားလေ့ရှိပါတယ် ။ စိတ်ခံစားမှုအခြေအနေနဲ့လည်း ဆိုင်ပြီး
စိတ်လှုပ်ရှားစရာ ဒေါသထွက်စရာ ကြုံရတဲ့အ ခါ ပိုပြီးပြီးအောင့်တတ်ပါတယ် ။
ဒါ့အပြင်အစာအများကြီးစားထားတဲ့အခါ လေအေးတွေ အတိုက်ခံရ တဲ့အခါ မှာ လည်းပိုပြီးအောင့်နိုင်ပါသေးတယ် ။ ဒါက အကြမ်းဖျဉ်းနား လည်လွယ်အောင် တင်ပြထား တာဖြစ်ပါ တယ် ။ Ischaemic pain ကို ခွဲခြားတဲ့အခြားအချက်တွေလည်းရှိပါသေးတယ် ။ ။
ဘယ်လိုလူတွေမှာဖြစ်တတ်သလဲ ?
(Risk Factors များ)
- ဆေးလိပ်သောက်သူများ
- ဆီးချိုသွေးချိုရောဂါရှိသူများ
- သွေးတွင်းအဆီဓါတ်များသူများ ( Hypercholesterolaemia)
- သွေးတိုးရောဂါရှိသူများ
- မျိုးရိုးထဲတွင်နှလုံးနှင့်ပတ်သတ်သောရောဂါရှိသူများ
- စိတ်ဖိစီးမှုများသူများ (stress)
စသည်တို့ဖြစ်ပါတယ် ။
ဘယ်လိုသိရှိနိုင်သလဲ ?
ပုံမှန်အားဖြင့်တော့ ရောဂါရာဇ၀င်မေးမြန်းခြင်း (history taking ) စမ်းသပ်ခြင်း ( Physical examination) ဓါတ်ခွဲစမ်း သပ်မှုများပြုလုပ်ခြင်း ( Investigation ) စသည်တို့ဖြင့်သိရှိနိုင်ပါတယ် ။ ဒီနေရာမှာ IHD အတွက် အကောင်း ဆုံးဈေးအသက်သာဆုံးနဲ့ ယေဘူယျအကျဆုံးစစ်ဆေးခြင်းဟာ
ECG ဆွဲခြင်းဖြစ်ပါတယ် ။ ECG မှာ IHD ရဲ့ pattern တွေပေါ်နေပြီဆိုရင် ဒါဟာ
IHD ဖြစ်ကြောင်း သတ်မှတ်နိုင်ပါတယ် ။ အကယ်၍ ဘယ်နေ ရာမှာ သွေးကြောပိတ်တယ်
ဘယ်လောက် ရာခိုင်နှုန်းပိတ်တယ် ဘယ်နေရာတွေမှာ ကျဉ်းနေသလဲ စတဲ့ အသေး စိတ်ကို
သိဖို့အတွက်ဆိုရင်တော့ Coronary Angiogram ရိုက်နိုင်ပါတယ် ။
ဒါဆိုရင်တော့အဖြေကို တိတိကျ ကျသိနိုင်ပါပြီ ။
ဘယ်လို ကုသမလဲ ?
အဓိကပြောချင်တာကတော့ ဒီအပိုင်းကိုပါ ။ အရင်ဆုံးစစဖြစ်ခြင်း နှလုံးမပုပ်ခင် Myocardial infarction မရခင် နှလုံးတိုက်ခိုက်ခြင်း heart attack မရခင်တော့ေ သာက်ဆေးတွေနဲ့ အရင်ကုသပြီး အထက်မှာပြောခဲ့တဲ့ risk factors တွေကို လျော့ချရပါတယ် ။ သောက်ဆေးတွေထဲမှာရေပန်းအစားဆုံးကတော့
trimetazidine လို့ခေါ်တဲ့ဆေးပါ ။ 20mg ဆေးဆိုရင်တော့တစ်နေ့ ၃
ကြိမ်သောက်ရပြီး အခုနောက်ပိုင်း ၀င်လာတဲ့ Modified release ဆေးတွေကတော့
35mg ပါတဲ့အတွက် တစ်နေ့ နှစ်ကြိမ်သောက်ရပါတယ် ။ ဒါ့အပြင် နိုတ်ထ ရိတ်
တွေကို လျှာအောက်မှာ ငုံပေးခြင်းအားဖြင့် မိနစ်ပိုင်းအတွင်းမှာ
သက်သာစေပါတယ် ။ အဲဒါကိုတော့ Sub-lingual nitrol လို့လည်းခေါ်ကြပါတယ် ။
Isosorbide Dinitrate နဲ့ Isosrobide Mononitrate တို့ဟာ နိုထ ရိတ်
မျိုးနွယ်ဝင်တွေဖြစ်ကြပါတယ်
။ ဒီဆေးတွေကလည်း ရင်ဘတ်အောင့်တာကို ကာကွယ်ဖို့ အတွက်ပေး
တဲ့ဆေးတွေဖြစ်ပါတယ် ။ ဒါ့အပြင် Aspirin တို့လို Clopidogrel တို့လို
သွေးကျဲဆေး အကိုက်အ ခဲပျောက်ဆေးတွေ ကိုလည်းတွဲပေးလေ့ရှိပါတယ် ။ Beta
blockers ဖြစ်တဲ့ Propanolol ဟာလည်း နှလုံး က အောက်ဆီဂျင်သုံးစွဲမှုကို
လျော့ချပေးခြင်းအားဖြင့် pain ကိုသက်သာစေပါတယ် ။ နှလုံးခုန်နှုန်း
ကိုလည်းလျော့ကျစေပါတယ် ။ Amlodipine တို့လို Calcium Channel Blockers တွေ
ကလည်း သွေးကြောတွေ ကို ကျယ်စေပြီး နှလုံးကြွက်သားတွေရဲ့ excitability နဲ့
Conductivity ကို လျော့စေပြီး သွေးပေါင်ချိန်ကိုလည်းကျစေပါတယ် ။ သွေးတွင်းအဆီများ တဲ့လူနာတွေ ကတော့ သွေး တွင်းအဆီ ကျဆေးတွေပေးခြင်းဖြင့် cholesterol level ကိုထိမ်းရပါတယ် ။
အကယ်၍ Angiogram မှာ သွေးကြောတွေကို သိသာထင်ရှားတဲ့ရောဂါတွေ ပြသနေပြီဆိုရင်တော့ လက္ခဏာတွေ ကလည်း သောက်ဆေးတွေနဲ့ မသက်သာတော့ဘူးဆိုရင်တော့ ခွဲစိတ်ကုသခြင်းကို စဉ်းစား ရပါတော့မယ် ။
၁ ။ Coronary Angioplasty - ပိတ်နေတဲ့ သွေးကြောတွေ ကို သွေးကြောအတွင်း လေသွင်း တဲ့ ဘောလုံးလေး ထိပ်မှာပါတဲ့ ရှည်မျောမျော ပလပ်စတစ် tube Catheter ထည့်ပေးပြီး ကျယ်စေခြင်းဖြစ်ပါတယ် ။ အဲဒါကို Stent ထည့်တယ်လို့လည်းခေါ်ပါတယ် ။
၂ ။ Coronary Artery Bypass Grafting ( CABG ) - လူနာရဲ့ ပိတ်ဆို့နေတဲ့သွေးကြောတွေကို
ဖြတ်တောက်ပြီး ပိတ်ဆို့မှုကို သက်သာအောင် သွေးကြောတွေကို ကိုင်းဆက်ကူးခြင်း
(grafting ) လုပ်ခြင်းဖြစ် ပါတယ် ။ Bypass လုပ်ဖို့အတွက်
ဘယ်လိုအခြေအနေမျိုးတွေမှာလုပ်ရမလဲဆိုတဲ့
Indications တွေကတော့ အခုနောက်ပိုင်း မှာ limited ဖြစ်လို့လာပါပြီ ။
Bypass surgery သည် ရောဂါလက္ခဏာတွေကို သက်သာစေ ခြင်းနဲ့ quality of life
ကိုသာလျှင် တိုးတက်ကောင်းမွန်စေပါတယ် ။ သူဟာ Life expectancy လို့ခေါ်တဲ့
အသက်ရှင်မှု အာမခံချက် ဘယ်လောက်ပေးနိုင်သလဲဆိုတာတော့မရှိပါဘူး ။ သေချာကုသလိုက်ပြီဆိုရင်တော့ လူနာအများ စုဟာ ပုံမှန်ကျန်းမာတဲ့ ဘ၀ကို ပြန်လည်ပိုင်ဆိုင်ရမှာဖြစ်ပါတယ်
။ ကုသမှုတွေထဲမှာ ပုံမှန်လေ့ကျင့် ခန်းလုပ်ခြင်း ၊ ဆေးလိပ်ဖြတ်ခြင်း ၊
အစားအသောက်ထိမ်းချုပ်ခြင်း နဲ့ လူနေမှု ဘ၀ ပုံစံပြောင်းလဲခြင်း စတာတွေ
ပါဝင်ပါတယ် ။
ဘယ်လိုကာကွယ်ရမလဲ ?
Risk factors တွေဖြစ်တဲ့ အဆီများသောအစာများ ၊ ဆေးလိပ်သောက်ခြင်း ၊ လှုပ်ရှားမှု မရှိသော လူနေမှုဘ၀ပုံစံ ၊ စိတ်ဖိ စီးမှုများ စတာတွေကို ဖယ်ရှားရပါမယ် ။ သူတို့တွေဟာ ကာကွယ်ဖို့အလွန် အရေးကြီးတဲ့အချက်တွေ ဖြစ်ပါ တယ် ။ ပုံမှန်လေ့ကျင့်ခန်းလေးလုပ်ဖို့ကလည်းအလွန်အရေးကြီးပါတယ် ။ ဆီးချိုသွေးချိုနဲ့ သွေး တိုးကို လည်း ထိမ်း ချုပ်ကုသထားရမှာဖြစ်ပါတယ် ။
သက်တန့်ချို
Reference
http://chinese-school.netfirms.com/heart-disease-ischemic.html
Davidson
Oxford Clinical Hand Book
ဘယ်လိုလက္ခဏာတွေနဲ့ လာနိုင်သလဲ ?
နှလုံးသွေးကြောကျဉ်းရှိပြီဆ
- Chest Pain ဟာ ရင်ဘတ်ရဲ့ အလယ်ခေါင်တည့်တည့်မှာဖြစ်ပါ
- Ischaemic Chest Pain ဟာ အထူးသဖြင့် ပြင်းထန်လာတဲ့အခါမှာ လည်ပင်းနောက် မေးရိုး နဲ့ လက် အပေါ်နဲ့လက်အောက်ပိုင်းတွေကိ
- နှလုံးအောင့်မယ်ဆိုရင် မစူးရှပဲ ထူပိန်းပိန်း (dull ) ဖြစ်နေပါတယ် ။ ဆွဲဆုပ်ထား သလိုအောင့် ပြီးလေးလံတဲ့အရာကြီးနဲ့ ဖိထားသလို ခံစားရပါတယ် ။ ဓါးနဲ့ထိုးသလို စူးရှပြီးအောင့်တာမျိုးမဟုတ
- Anginal pain ဟာ လှုပ်ရှားမှုပြုလုပ်နေစဉ်မှာ ဖြစ်ပေါ်လေ့ရှိပြီး နားလိုက်တဲ့အခါငါးမိနစ်လောက
ဘယ်လိုလူတွေမှာဖြစ်တတ်သလဲ ?
(Risk Factors များ)
- ဆေးလိပ်သောက်သူများ
- ဆီးချိုသွေးချိုရောဂါရှိသူမ
- သွေးတွင်းအဆီဓါတ်များသူများ
- သွေးတိုးရောဂါရှိသူများ
- မျိုးရိုးထဲတွင်နှလုံးနှင့်
- စိတ်ဖိစီးမှုများသူများ (stress)
စသည်တို့ဖြစ်ပါတယ် ။
ဘယ်လိုသိရှိနိုင်သလဲ ?
ပုံမှန်အားဖြင့်တော့ ရောဂါရာဇ၀င်မေးမြန်းခြင်း (history taking ) စမ်းသပ်ခြင်း ( Physical examination) ဓါတ်ခွဲစမ်း သပ်မှုများပြုလုပ်ခြင်း ( Investigation ) စသည်တို့ဖြင့်သိရှိနိုင်ပါတ
ဘယ်လို ကုသမလဲ ?
အဓိကပြောချင်တာကတော့ ဒီအပိုင်းကိုပါ ။ အရင်ဆုံးစစဖြစ်ခြင်း နှလုံးမပုပ်ခင် Myocardial infarction မရခင် နှလုံးတိုက်ခိုက်ခြင်း heart attack မရခင်တော့ေ သာက်ဆေးတွေနဲ့ အရင်ကုသပြီး အထက်မှာပြောခဲ့တဲ့ risk factors တွေကို လျော့ချရပါတယ် ။ သောက်ဆေးတွေထဲမှာရေပန်းအစား
အကယ်၍ Angiogram မှာ သွေးကြောတွေကို သိသာထင်ရှားတဲ့ရောဂါတွေ ပြသနေပြီဆိုရင်တော့ လက္ခဏာတွေ ကလည်း သောက်ဆေးတွေနဲ့ မသက်သာတော့ဘူးဆိုရင်တော့ ခွဲစိတ်ကုသခြင်းကို စဉ်းစား ရပါတော့မယ် ။
၁ ။ Coronary Angioplasty - ပိတ်နေတဲ့ သွေးကြောတွေ ကို သွေးကြောအတွင်း လေသွင်း တဲ့ ဘောလုံးလေး ထိပ်မှာပါတဲ့ ရှည်မျောမျော ပလပ်စတစ် tube Catheter ထည့်ပေးပြီး ကျယ်စေခြင်းဖြစ်ပါတယ် ။ အဲဒါကို Stent ထည့်တယ်လို့လည်းခေါ်ပါတယ် ။
၂ ။ Coronary Artery Bypass Grafting ( CABG ) - လူနာရဲ့ ပိတ်ဆို့နေတဲ့သွေးကြောတွေကိ
ဘယ်လိုကာကွယ်ရမလဲ ?
Risk factors တွေဖြစ်တဲ့ အဆီများသောအစာများ ၊ ဆေးလိပ်သောက်ခြင်း ၊ လှုပ်ရှားမှု မရှိသော လူနေမှုဘ၀ပုံစံ ၊ စိတ်ဖိ စီးမှုများ စတာတွေကို ဖယ်ရှားရပါမယ် ။ သူတို့တွေဟာ ကာကွယ်ဖို့အလွန် အရေးကြီးတဲ့အချက်တွေ ဖြစ်ပါ တယ် ။ ပုံမှန်လေ့ကျင့်ခန်းလေးလုပ်
သက်တန့်ချို
Reference
http://
Davidson
Oxford Clinical Hand Book
သက်တန့်ချို Facebook စာမျက်နှာမှ မှုရင်းတိုင်းပြန်လည်ဖေါ်ပြထားပါသည်.
အားလုံးကိုကျေးဇူး အထူးတင်ပါတယ်..
No comments:
Post a Comment