ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။

Friday, January 24, 2014

ဘဝ အပြုံး

စိတ်ထဲ ဝမ်းနည်းတာ များလာတော့
ဟန်ဆောင်ပြုံးတတ်လာတယ်..
ဘဝကဘဲ နာကျင်ပါ များလာတော့
ရပါတယ် အဆင်ပြေသွားမှာပါ ဆိုတဲ့စကားကို
ပြောတတ်လာတယ်.....
ရင်ထဲ အရမ်းမွန်းကြပ်တာတွေများလာတော့
လူမသိသူမသိ စကားမပြောဘဲတစ်နေရာမှာ
ငြိမ်ငြိမ်လေးထိုင်နေချင်လာတယ်...
ဒါပေမယ့်.......
ကံဆိုးပြီးရင် ကံကောင်းမှုတွေ
ကိုယ့်ဆီရောက်လာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးနဲ့
မျက်ရည်တွေကိုသုတ်ပြီး
နောက်ထပ်တစ်ခါ လောကကြီးကို ရင်ဆိုဖို့
မဲ့ပြုံးလေး ပြုံးမိလိုက်ပြန်ပြီ...။

No comments:

Post a Comment