ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။

Sunday, January 26, 2014

မယားကောင်း မယားမြတ်တို့၏ ကိုယ်ကျင့်တရားများ..

  1. အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်းစင်ကြယ်စွာ စားသောက်နေထိုင်လေ့ ရှိခြင်း။
  2. လင်ရှာဖွေရသော ဥစ္စာပစ္စည်းတို့ကို  ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း။
  3. ယောက်ျားတစ်ပါးသို့ စိတ်နှလုံးမကူးခြင်း။
  4. လင်အိပ်ပြီးမှ အိပ်လေ့ရှိခြင်း။
  5. လင်၏ အလုပ်အကိုင်အကြံအစီများကို ခံယူ၍   ကူညီခြင်း။
  6. လင့်အာဏာကို မဖီဆန်ပဲ လင်၏အလိုသို့လိုက်၍   ပြုရခြင်း။
  7. လင့်အား ချစ်ဖွယ်သော စကားကိုပြောဆိုလေ့ရှိခြင်း။
  8. အပူအချမ်းတို့ လျော်စွာ လင့်အား ဝတ်ဆင်ပေးရခြင်း။ (သုတေသနသရုပ်ပြအဘိဓါန်ကျမ်း) လောကနီတိကျမ်း အလိုရမူ။
  9. စားသောက်သောအခါတို့၌ လည်းကောင်း   အဝတ်စားတန်ဆာပြုပြင်စီရင်သောအခါတို့၌   လည်းကောင်း အမိကဲ့သို့ နှစ်သက်ဖွယ်   ပြုပြင်တက်ခြင်း။
  10. လျှို့ဝှက်အပ်သော မကျစ်မလစ်သော အရာတို့၌   နှမကဲ့သို့  ရှက်တက်ခြင်း။
  11. အမှုကိစ္စဆောင်ရွက်သောအခါ၌ လည်းကောင်း    လင် အနီးအပါးသို့ သွားသောအခါ၌  လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း။
  12. ဘေးဒုက္ခကြုံသောအခါ တိုင်ပင်ဖော်ရခြင်း။
  13. အိပ်သောအခါ လင်ကိုမွေ့လျှော်စေတတ်ခြင်း။
  14. အရောင်အဆင်းပြုပြင်ခြင်း၌ တင့်တယ်စွာ   ပြုတတ်ခြင်း။
  15. အမျက်ထွက်ရန်ရှိသောအခါ  အမျက်ကို  သည်းခံထိန်းသိမ်းထားတတ်ခြင်း။             ဤမယားသည် မယားကောင်းမယားမြတ်ဖြစ်၍ သေသည့်အခါ    နတ်ပြည်သို့ သွားရသည် ။  ဗဟုသုတတိုးပွားနိုင်ကြပါစေ။  မြန်မာအမျိုးသမီးတိုင်း  ကိုယ်ကျင့်တရားစောင့်ထိန်းနိုင်ကြပါစေ..


No comments:

Post a Comment