သင် အတ္တကြီးနေမယ်ဆိုရင် သင်ပိုင်ဆိုင်ထားတာတောင် သင်ဆုံးရှုံးနိုင်ပါတယ်..။
တစ်မိနစ်အတွင်းမှာ လူတစ်ယောက်ကို သင် သိနိုင်တယ်..။
တစ်နာရီအတွင်းမှာ လူတစ်ယောက်ကို သင် နှစ်သက်နိုင်တယ်..။
တစ်ရက်အတွင်းမှာ လူတစ်ယောက်ကို သင် ချစ်မိသွားနိုင်တယ်..။
ဒါဟာ .. ...
တစ်သက်လုံးအချိန်တွေကုန်လွန်သွားခဲ့ပေမယ့်..
သင် သူ့ကို မေ့နိုင်မှာမဟုတ်ပါဘူး..။
သင် သူ့အတွက် မျက်ရည်မကျသင့်ပါဘူး..။
သူ သင့်ကိုချစ်တာမှန်ခဲ့ရင်...
သူ့အတွက် မျက်ရည်ကျတော့မယ်ဆိုရင်...
သူက သင့်ရဲ့ မျက်ရည်ကိုကျခွင့်ပေးမှာ မဟုတ်သလို..
သင်ကျခဲ့တဲ့ မျက်ရည်စက်တွေကြောင့် သူ့မှာလည်း...
မျက်ရည်စက်တွေပေါက်ဖွားလာနိုင်တယ်ဆိုတာ..
သင် မမေ့ပါနဲ့.....။
ငါတို့ အခွင့်အရေး မရှိတော့တာ မဟုတ်ပါဘူး..။
အခွင့်အရေးက မျက်စိရှေ့မှာပါ...။
ပြန်စဖို့ သတ္တိမရှိတော့တာပါ...။
အရသာ မရှိတဲ့ ရေကို ငြီးငွေ့တယ်လို့ ဘယ်သူမှ မပြောသလို..
အေးဆေးငြိမ်းချမ်းတဲ့ ဘဝကို ဘယ်သူက ငြီးငွေ့တယ်လို့ ပြောမှာလဲ....?
No comments:
Post a Comment