ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။

Friday, August 24, 2012

ဝေးကွာနေပေမယ့်..


ငါတို့နှစ်ယောက်

ကမ္ဘာတစ်ဖက်စွန်းရောက်အောင်

ဝေးကွာနေပါစေ..။

အတိတ်တွေကိုဆေးရောင်ခြယ်

ပစ္စုပ္ပန်ကို အတိုးချ

အစိုးမရတဲ့ချစ်ခြင်းတွေနဲ့

အနာဂတ်ကမ္ဘာသစ်ဆီမှာ

ပျော်ရွှင်စွာဆုံးစည်းရအောင်

နင်အားတင်းလို့ထားပါချစ်တဲ့သူ...။



တစ်ဘ၀စာနီးစပ်ဖို့အတွက်

ခဏတာဝေးကွာနေရတာကို

နင်ငြိုငြင်ကာ စိတ်မပျက်ပဲ

ငါတို့ရောက်လေရာအရပ်ဆီမှ

နေ့စဉ်နှင့်အမျှ လွမ်းနေကြမယ်နော်..။ ♥ ♥ ♥

No comments:

Post a Comment