ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။

Friday, August 24, 2012

ဟန်ဆောင်တက်တဲ့ သူ..


တကယ့်တကယ်မှာ..
အခြားသူတွေကိုပျော်ရွှင်အောင
်အထားနိုင်ဆုံးသူတွေဟာ သူတို့ ကိုယ်တိုင်မှာတော့
အနာကျင်ဝမ်းအနည်းရဆုံးသူတွေ ဖြစ်နေတတ်တယ်..
ခံနိုင်ရည်အရှိဆုံးလို့ ထင်ရသူတွေဟာလည်း
အပင်ပန်းရဆုံးလူတွေဖြစ်နေတတ်ပြီး..
... အတည်ငြိမ်နိုင်ဆုံးလို့ ထင်ရသူတွေဟာလည်း
အကြေကွဲရဆုံးလူတွေ ဖြစ်နေတတ်ခဲ့ပြန်တယ်..

ဒီလိုလူမျိုးတွေဟာ
ဟန်ဆောင်အကောင်းဆုံး၊ သရုပ်ပြအတော်ဆုံးလူသားတွေဖြစ်ပေမယ့်
တချိန်တည်းမှာပဲ သနားစရာအကောင်းဆုံးလူသားတွေဖြစ်နေခဲ့တယ်..

ဘာလို့ လဲဆိုတော့
သူတို့ တွေဟာ အမြဲပျော်ရွှင်ရယ်မောနေတတ်တဲ့အတွက် သူတို့ ဝမ်းနည်းနေတယ်ဆိုရင်လဲ လူတွေက ပေါ့ပေါ့ပါးပါးပဲ သတ်မှတ်ထားတတ်ကြတယ်..
အမြဲဟန်ဆောင်မြိုသိပ်ထားတတ်တဲ့အတွက် နာကျင်ပါတယ်လို့ ဖွင့်လှစ်ပြသနေခဲ့လဲ ခဏတဖြုတ်ပါပဲလို့  တွေးထင်ထားတတ်ကြတယ်..
အမြဲတည်ငြိမ်အေးဆေးနေတတ်ခဲ့တဲ့အတွက် ကြေကွဲနေရတယ်ဆိုရင်လဲ
နည်းနည်းပါးပါးပါပဲလို့  လူတွေက ယူဆသတ်မှတ်ထားခဲ့ကြတယ်လေ...

ဒီတော့ သူတို့ တွေဟာ
တစ်ပါးသူရဲ့ ပျော်ရွှင်မှုတွေကို ဆောင်ကျဉ်းပေးတတ်ခဲ့သလောက်
တစ်ပါးသူရဲ့ နာကျင်မှုတွေကို ဝေမျှယူပေးတတ်ခဲ့သလောက်
သူတို့ တကယ်တမ်း ခံနိုင်ရည်မရှိတော့လောက်အောင် ပင်ပန်းဝမ်းနည်းရချိန်မှာတော့ သူတို့ အနားမှာ သူ့ တို့ ကိုစာနာပေးနိုင်သူ၊ သူ့ တို့ ကိုပျော်ရွှင်စေနိုင်သူ တစ်ဦးတစ်ယောက်မှ မရှိနိုင်တော့တာပါပဲ...

ဒါဟာ
လူတွေအမြင်မှာအပျော်ရွှင်ရဆုံးဖြစ်တဲ့ ဟန်ဆောင်အကောင်းဆုံး ဂျိုကာလိုလူသားတွေရဲ့  အခြားသူတွေမသိနိုင်တဲ့ နာကျင်အပင်ပန်းရဆုံး ခံစားချက်တစ်စုံတစ်ရာပါပဲ.... ။

No comments:

Post a Comment