အတိတ်ကို
ပြန်ခြေချမိတဲ့အခါတိုင်း
ရင်ထဲမှာ
အလွမ်းတွေက
အဆုပ်လိုက်
အဆုပ်လိုက်ပွင့်တယ်.
ကောင်မလေးရေ~~
ငါတို့အတွက်
အချစ်ဟာ
သစ်ပင်တပင်ဖြစ်ခဲ့တယ်
ဒါပေမဲ့
ကန္တာရထဲမှာမှဘာလို့ပေါက်ခဲ့ရတာလဲ
တကယ်ဆို
အရိပ်တောင်
မခိုရသေးဘူး
မျှော်လင့်ခြင်းတွေကမြေပေါ်
ဘုတ်ခနဲ
ပြုတ်ကျသွားတယ်
အခုတော့လည်း
ငါဟာ~~~
အပွင့်မရှိ
အသီးမရှိ
အရွက်မရှိ
ရိုးတံချည်းသက်သက်
ချစ်နေလျက်နဲ့
ကျန်နေခဲ့ရတဲ့
ကန္တာရထဲက
သစ်ပင်တပင်သက်သက်ပါပဲ ။ ။
ပြန်ခြေချမိတဲ့အခါတိုင်း
ရင်ထဲမှာ
အလွမ်းတွေက
အဆုပ်လိုက်
အဆုပ်လိုက်ပွင့်တယ်.
ကောင်မလေးရေ~~
ငါတို့အတွက်
အချစ်ဟာ
သစ်ပင်တပင်ဖြစ်ခဲ့တယ်
ဒါပေမဲ့
ကန္တာရထဲမှာမှဘာလို့ပေါက်ခဲ့
တကယ်ဆို
အရိပ်တောင်
မခိုရသေးဘူး
မျှော်လင့်ခြင်းတွေကမြေပေါ်
ဘုတ်ခနဲ
ပြုတ်ကျသွားတယ်
အခုတော့လည်း
ငါဟာ~~~
အပွင့်မရှိ
အသီးမရှိ
အရွက်မရှိ
ရိုးတံချည်းသက်သက်
ချစ်နေလျက်နဲ့
ကျန်နေခဲ့ရတဲ့
ကန္တာရထဲက
သစ်ပင်တပင်သက်သက်ပါပဲ ။ ။
No comments:
Post a Comment