ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။

Sunday, June 30, 2013

မင်းကွန်းဆရာတော်ဘုရားကြီး၏ မေတ္တာသုတ်တော်လာ မေတ္တာပို့နည်း (၁၁)နည်း


(နမောတဿ ဘဂဝတော
အရဟတောသမ္မာသမ္ဗုဒ္ဓဿ) ၃ကြိမ်။

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။
ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ။
စီးပွား ဥစ္စာများနှင့် ပြည့်စုံနိုင်ကြပါစေ။
ဒါန သီလ ဝိပဿနာများပြုနိုင်ကြပါစေ။


သဗ္ဗေသတ္တာ
အလုံးစုံသောသတ္တဝါတို့သည်....




အဝေရာ ဟောန္တု
ဘေးရန် ကင်းကြပါစေ။

အဗျာပဇ္ဇာ ဟောန္တု
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။

အနီဃာ ဟောန္တု
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။

သုခီ အတ္တာနံ ပရိဟရန္တု
မိမိတို့ ခန္ဓာဝန်ကို ချမ်းသာစွာဖြင့်
ရွက်ဆောင် နိုင်ကြပါစေ။

အဝေရာဒိက မေတ္တာ၊
မေတ္တာတရားလေးပါးဖြင့် မေတ္တာပို့သအပ်ပါတယ်။


၁။လုံးစုံများစွာသတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၂။ကြောက်တတ်မကြောက်တတ်နှစ်ရပ်များစွာသတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၃။မြင်အပ် မမြင်အပ် နှစ်ရပ်များစွာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၎။ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေးငြိမ်းအေးကြပါစေ။

၅။ဘဝဇာတ်ဆုံး မဆုံးများစွာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၆။ရှည်တိုအလတ် သုံးရပ်ခန္ဓာသတ္တဝါ
ချမ်းသာက်ုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၇။ကြီးငယ်အလတ် သုံးရပ်ခန္ဓာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၈။ဆူကြုံအလတ် သုံးရပ်ခန္ဓာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၉။လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

၁၀။အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

၁၁။ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။


မင်းကွန်း တိပိဋက ဆရာတော်ဘုရားကြီး ၏ မေတ္တာသုတ်တော်လာ မေတ္တာပို့နည်း (၁၁) နည်းဖြင့်မေတ္တာပို့သအပ်ပါတယ်။

ဓမ္မမိတ်ဆွေများမေတ္တာစေတနာအကျိုးခံစားနိုင်ကြပါစေ။

No comments:

Post a Comment