ဤဘလော့ပိုင်ရှင်သည် ဆရာတစ်ဆူမဟုတ်ပါ။လိုအပ်သောသူများအတွက် ရယူနိုင်ရန် အခြားဆိုက်များမှ ပြန်၍ ရှယ်ပေးခြင်းအပြင် ကျနော့်၏ အထွေထွေ ရောက်တက်ရာရာလေးများကိုလည်းတင်ပြပေးထားပါသည်။ အားလုံးကိုအထူးကျေးဇူးတင်လျှက်ပါ.။။။

Sunday, June 30, 2013

ချစ်သူရယ်


ငါတို့ နှစ်ယောက်က ဟိုးအဝေးကြီးထိ ဘ၀တစ်ခုကို
အတူတူ လျှောက်လှမ်းသွားဖို့  ရည်ရွယ်ထားကျတာပဲ
ချစ်သူ.....

ငါတို့ နှစ်ယောက်မှာ တစ်ယောက် အပေါ်ကိုတစ်ယောက်
နားလည်မှုတွေပေးနိုင်မှ အချိန်တွေအကြာကြီး လက်တွဲသွားနိုင်မှာ
မဟုတ်လား....... ????

ငါ မှားနေတယ်လို့  နင်ထင်တဲ့ အရာတွေကို ငါ့ကို ပြောမပြပဲ
စိတ်ဆိုး...စိတ်ကောက်နေမဲ့အစား ပွင့်လင်းမှုရှိမှသာ ငါလဲ ပြုပြင်
ပေးနိုင်မှာ မဟုတ်လား..... ????

နင့် စိတ်ထဲမှာ ငါ နဲ့ ပါတ်သက်လို့ တစ်ခုခု ခံစားနေရတဲ့
အချိန်ဆို ငါ့ အပေါ်သံသယတွေ တွေးမနေပါနဲ့  ငါရဲ့ ချစ်သူဆိုတာ
နင့် အပြင်တစ်ခြားတစ်ယောက်မရှိတာ နင်သိနေတာပဲ...

ယုံကြည်နေပေးပါ..... နင်နဲ့ အတူတူလျှောက်လှမ်းရမယ်ဆိုတဲ့
ဘ၀တစ်ခုအတွက် ငါ့နေ့ ရက်တွေတိုင်းကို အကောင်းဆုံး ကြိုစားပီး ဖြတ်သန်းနေတာပါ.........ချစ်သူရယ်
==================
==============

No comments:

Post a Comment